menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နှမ်းရိုးမှရသော မြေဩဇာ
🌿🍂🌿🍂🌿🍂🌿🍂🌿🍂🌿
🔸ယခုကာလတွင် မိုးနှမ်းများရိတ်သိမ်းနေပြီဖြစ်၍ နှမ်းထောင်၊ နှမ်းခါအပြီး ရရှိသောကျန်ရစ်သည့် နှမ်းရိုးများကို အကျိုးရှိရှိအသုံးပြုကြရန်လိုအပ်ပါသည်။ နှမ်းစိုက်ခင်းတစ်ဧကမှ နှမ်းထောင်၊ နှမ်းခါပြီး နောက်တွင် နှမ်းရိုးတစ်တန်မှတစ်တန်ခွဲရနိုင်ပါသည်။ ရရှိသောနှမ်းရိုးများသည်မြေဩဇာအဖြစ် သုံးလျှင် စပါးတစ်ဧကစိုက်ခင်း၌ထည့်ပေးနိုင်သည်။
🔸ရေရှိသောစပါးပင်စိုက်တန်းကြားတွင် နှမ်းရိုးများကိုလက်တစ်ဆုပ်စီ စည်းနှောင်ပြီးခြေဖြင့်နင်း၍ မြှုပ်ထားပါ။ ရေပေါ်မပေါ်ဘဲ ရေထဲ၌မြုပ်နေသောနှမ်းရိုးတွင်ရှိသည့် ပိုတက်စီယမ်ဓာတ်သည် စပါးခင်းထဲသို့ရောက်ရှိသွားမည်။ နှမ်းရိုးတွင်ပိုတက်စီယမ်ဓာတ်များစွာပါရှိသည်။ နှမ်းရိုးမဆွေးခင် မြေထဲမြှုပ်နှံထည့်ထားသော်လည်းရေမြုပ်နေပါက သုံးရက်ကြာလျှင် နှမ်းရိုးမှပိုတက်စီယမ်ဓာတ် ထုတ်ပေးသဖြင့် စပါးပင်မှရနိုင်ပါသည်။
🔸ပိုတက်စီယမ်သာမက နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်ဓာတ်များလည်းရရှိပြီး သစ်ဆွေးဓာတ်ဖြစ်လာကာ မြေဆီဩဇာကောင်းစေပါသည်။ ဆွေးမြေ့လျှင် နှမ်းရိုးတစ်တန်မှ ယူရီးယားဓာတ်မြေဩဇာ ၂၅ပေါင်၊ တီစူပါဓာတ်မြေဩဇာ ၅ပေါင်၊ ပိုတက်စီယမ်ဓာတ်မြေဩဇာ ၃၅ပေါင်နှင့် ညီမျှသောအပင်အာဟာရ ရရှိနိုင်သည်ဟု စိုက်ပျိုးရေးသုတေသနတွေ့ရှိချက်မှ ဖော်ပြထားပါသည်။ နှမ်းရိုးတွင် နိုက်ထရိုဂျင် ၁.၅ ရာခိုင်နှုန်း၊ ဖော့စ်ဖိတ် ၀.၂၄ ရာခိုင်နှုန်း၊ ပိုတက်ရှ် ၂.၄၀ ရာခိုင်နှုန်း၊ သစ်ဆွေးဓာတ် ၉၆ ရာခိုင်နှုန်းနှင့် ကာဗွန် နိုက်ထရိုဂျင်အချိုး (၃၇ : ၁) ရှိသည်ဟုညွှန်ပြထားသည်။
🔸တောင်သူလယ်သမားများစပါးပြီးစပါးနှစ်စဉ်ဆက်တိုက်စိုက်ပျိုးလျှင် စိမ့်ကိုင်သောမြေ၊ နွားများကျွံကျ သည့် ဒုံပေါက်သောမြေများအဖြစ်တချို့ဒေသများတွင်ကြုံတွေ့ကြရသည်။ ဤသို့ဖြစ်သောလယ်မြေများ တွင် သီးနှံတစ်ရာသီလှပ်ထားပြီး နှမ်းရိုးများကိုစိုက်ခင်းထဲသို့ ညီညီညာညာဖြန့်ချပြီး သဘာဝမြေဩဇာ ကျွေးမှု ကို သီးနှံစိုက်ချိန်နှစ်နှစ်ခန့်ဆက်တိုက်သုံးလိုက်သည်နှင့် ပြန်လည်စိုက်ပျိုးနိုင်သောမြေဖြစ်လာနိုင်သည်။
🔸ဤသို့သဘာဝမြေဩဇာအဖြစ် မြေကြီးကိုကောင်းလာအောင်ပြုပြင်ပေးနိုင်သောနှမ်းရိုးများကို စုပုံ၍ ပစ်မထားပါနှင့် လယ်ယာကွက်ထဲတွင်နှမ်းရိုးများမီးမရှို့ပါနှင့်။ လူတို့စွန့်ပစ်နေကြသော နှမ်းရိုးသည် အပင်စားသုံးမည့် တန်ဖိုးရှိသောအာဟာရဓာတ်များပါရှိနေသဖြင့် သဘာဝမြေဩဇာပြုလုပ်အသုံးပြုကြသင့်ပါသည်။
🔸သီးနှံရိတ်သိမ်းရာမှထွက်ရှိလာသောပင်စည်ရိုး၊ အကိုင်းအခက် အရွက်များသည်မြေဆွေးပြုလုပ်နိုင်ပါသည်။ ရင့်မာလျှင်ဆွေးမြေ့မှုကြာ၍ထယ်ထိုးမြေမြှုပ်ရာတွင် ဆွေးမြေ့ရန်အချိန်ကြာနိုင်သည်။ သီးနှံပင်သက်တမ်းရက်(၄၀ - ၄၅) ရက်တွင် ညံပင်၊ ပိုက်ဆံလျှော်၊ ပဲရိုင်းပင်များထယ်ထိုးမြေမြှုပ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ထယ်ထိုးမြေမြှုပ်ပြီး (၁၀-၁၄)ရက်ကြာလျှင် ဆွေးမြေ့ပြီဖြစ်၍သီးနှံစိုက်နိုင်သည်။
🔸ထို့ကြောင့်အာဟာရတန်ဖိုးမြင့်မားသောနှမ်းရိုးကို သဘာဝသစ်ဆွေးမြေဩဇာအဖြစ်အကျိုးရှိရှိ အသုံးချနိုင်ပါရန် ရေးသားဖော်ပြလိုက်ရပါသည်။
🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸
Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ