menu

“နှမ်းရိုးမည်းရောဂါ” ဂရုပြုကာကွယ်ပါ


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

ကျရောက်သည့်အချိန်
-------------------
 ရေဝပ်သောမိုးနှမ်းစိုက်ခင်းများတွင် ကျရောက်တတ်ပြီး ဇွန်၊ ဇူလိုင်၊ သြဂုတ်လများမှာ ကျရောက်မှု များလေ့ရှိပါသည်။

ရောဂါလက္ခဏာ
---------------
 နှမ်းပင်၏ပင်ခြေပိုင်း၌ အညိုရောင်အနာကွက်ငယ်စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်ရှူးသားများညိုမည်းလာပြီး အချို့မှာအနာချိုင့်ဖြစ်လာသည်။ အခေါက်များလည်း ဖွာလန်၍လာသည်။ ထို့ပြင်ယင်းတစ်ရှူးများပေါ်တွင် ခပ်မည်းမည်းအဖုကလေးများဖြစ်ပေါ်လျက် ရှိသည်။ ထိုအချိန်တွင်နှမ်းပင်ခြေရင်းပိုင်းမှာ လုံးဝမဲနက်ပြီးပင်ပေါ်ပိုင်းလည်းအဝါရောင်ပြောင်းကာ ညှိုးစပြုလာသည်။ နောက်ဆုံး၌တစ်ပင်လုံးမဲခြောက်၍သေသွားသည်။ ရောဂါရနှမ်းရိုးကိုထက်ခြမ်း ခွဲကြည့်ပါက မှိုမျှင်စုများတွေ့နိုင်သည်။

ကူးစက်ပျံ့နှံ့ခြင်း
--------------
 ရောဂါဖြစ်စေသောမှိုသည် မြေတွင်း၌ကျန်ခဲ့သောအပင်ကြွင်းများပေါ်တွင် ခိုအောင်းနေလေ့ရှိသည်။ နှမ်းပင်ဖြစ်လာချိန်တွင် မြေကြီးအစိုဓာတ်လွန်ကဲချိန်နှင့်ကြုံပါက ပင်ကျန်များပေါ်၌ခိုနေသော မှို၏ တိုက်ခိုက်မှုကိုခံရသည်။ ထို့ပြင်ရောဂါရစိုက်ခင်းများမှ အခြားလယ်ယာသုံးပစ္စည်းကိရိယာများနှင့် ကျွဲ၊နွား၊တိရစ္ဆာန်များ၏ ခြေထောက်များတွင် ကပ်ပါသောမြေကြီးမြေမှုန့်တို့မှတဆင့် တစ်ကွက်မှ တစ်ကွက်သို့ ကူးစက်နိုင်သည်။ ဤရောဂါသည်အပူချိန်(၃၅ - ၃၉)ဒီဂရီစင်တီဂရိတ်အတွင်း ရှိချိန်တွင် ရောဂါပြင်းထန်လေ့ရှိသည်။

ကာကွယ်နှိမ်နင်းနည်း
-------------------
 (၁) မိုးနှမ်းစိုက်ခင်းများ အစိုဓာတ်မများစေရန်၊ ရေမဝပ်စေရန်ဆောင်ရွက်ပါ။

 (၂) ကြားပေါင်းလိုက်ရာတွင် အပင်များထိခိုက်မှုမရှိစေရပါ။

 (၃) သီးလှည့်စနစ်ဖြင့် စိုက်ပါ။

 (၄) ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့၍လည်းကောင်း (သို့မဟုတ်) မြေမြှုပ်၍ဆွေးမြေ့စေရန် ဆောင်ရွက်ပါ။

 (၅) ရောဂါကျရောက်လေ့ရှိသော ရာသီဥတုအခြေအနေရှိသည်နှင့် ဝိစာရ ၏ “ဒိုင်ကိုဇက်၊ ကျူပရိုမက်စ်၊ကာစင်၊ ထီး၊ ဒိုင်ဇီ” စသည့်မှိုရောဂါကာကွယ်နှိမ်နင်းဆေးများကိုရွေးချယ်၍ ကြိုတင်ပက်ဖျန်းကာကွယ်ပေးရပါမည်။

🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿

Sources : သီးနှံကာကွယ်ရေးဌာနခွဲ