menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နွေစပါး နှင့် အပင်ရောဂါ
☑️နွေစပါးသည်မိုးစပါးထက်ပို၍ ရည်မှန်းအထွက်နှုန်း ရရှိနိုင်သောသီးနှံဖြစ်သည်။ သို့သော် ကျရောက်နိုင်မည့်အပင်ရောဂါများနှင့် ဖျက်ဆီး၍ပျက်စီးနိုင်သော ပိုးမွှားများကို ဂရုပြုကာကွယ်နှိမ်နင်း ကြရမည်။ ထို့ကြောင့်နွေစပါးနှင့်အပင်ရောဂါ အကြောင်းကိုတင်ပြလိုပါသည်။ ရောဂါကျရောက်မှုသည် စိုက်ပျိုးသောစပါးမျိုး၊ စိုက်ပျိုးရာဒေသ၊ ရေမြေ ရာသီဥတုကိုမူတည်၍ ကွာခြားကြပါသည်။ စပါးတွင်ကျရောက်နိုင်သောအပင်ရောဂါများစွာရှိသော်လည်း နွေစပါးရေသွင်းစိုက်ပျိုးသောဒေသများနှင့် ဆက်စပ်နေသည့် စပါးဂုတ်ကျိုးရောဂါ နှင့် စပါးမြစ်ဖုရောဂါတို့ ကိုပို၍ဂရုပြုကာကွယ်နှိမ်နင်း ကြရပါမည်။
☑️ဂုတ်ကျိုးရောဂါသည်စပါးနှံထွက်ချိန်ရောဂါဖြစ်ပါက စပါးနှံပါဂုတ်ကျိုးကျနိုင်သည်။ အနှံရှိပါကလည်း အနှံရှိစပါးစေ့များနို့ရည်မထည့်တော့ဘဲ အဆန်ချောင်ဖြစ်၍ ဖြူဖွေးထောင်မတ်နေမည်။ စပါးပျိုးခင်း ကတည်းက မှိုရောဂါဝင်နိုင်ပြီး နို့ရည်မတည်ခင်လည်းရောဂါကျရောက်နိုင်သည်။ ရေသွင်းစိုက်ပျိုးသည့် နွေစပါးခင်းထက် အစေ့ချစိုက်ခင်း၊ ကြဲခင်း၊ အခြောက်စိုက်ခင်း တို့တွင်ပိုမိုရောဂါကျရောက်သည်။
☑️မြစ်ဖုရောဂါသည်ရေသွင်းစိုက်ပျိုးသောနွေစပါးတွင်ပိုမိုကျရောက်ဖျက်ဆီးသည်။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ နွေစပါးစိုက်ခင်းများ၌နှစ်စဉ်အနည်းနှင့်အများကျရောက် လေ့ရှိသဖြင့် ပို၍ ဂရုပြုရပါမည်။ ရောဂါဖြစ်စေသောသက်ရှိသည် နီမတုတ်ဖြစ်သည်။ ရောဂါကျလျှင်စပါးပင်၏အမြစ်တွင် အဖုများဖြစ်လာမည်။ စပါးပင်ပုသွားခြင်း၊ အပင်ပွားနည်းခြင်း၊ စပါးရွက်များဝါခြင်း၊ အစေ့အဆန်မပါသော စပါးနှံများထွက်ခြင်း၊ စပါးခင်းအကွက်လိုက်ဝါခြင်း လက္ခဏာများပြသသည်။
☑️ယခင်နှစ်ရောဂါကျခဲ့သောအခင်းတွင် ထပ်မံစိုက်ပျိုးပါက ရောဂါဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားသော စပါးခင်းမှရေကို ကွက်ဆင့်သောက် ရေသွင်းမိလျှင် ရောဂါဖြစ်နိုင်သည်။ ရောဂါဖြစ်စေသော သက်ရှိ နီမတုတ် သည် မြေကြီးထဲတွင် နေထိုင် ကြီးထွား ပွားများကြသည်။ သို့သော် နီမတုတ်မျိုးအများစုသည် ရေဝပ်ဒဏ် မခံနိုင်ကြပါ။ ရောဂါကျရောက်မှု ကာကွယ်နိုင်ရန် ပိုတက်စီယမ်ဓာတ်မြေဩဇာကို အချိုးကျ မဖြစ်မနေ သုံးစွဲပါ။ စပါးပြီးစပါး ဆက်တိုက်မစိုက်ပဲ သီးလှည့်စိုက်စနစ်ကျင့်သုံးရပါမည်။ ရောဂါဒဏ်ခံနိုင်ရည်ရှိသောစပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြရပါသည်။
- ကိုရဲ (စိုက်ပျိုးရေး)
- စိုက်ပျိုးရေးရာအကြံပြုချက်များ။