menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နွေစပါးမှာ ဖြစ်ပွားနိုင်သော မှိုရောဂါများ
🌾🍂🌾🍂🌾🍂🌾🍂🌾🍂🌾
✔️မိုးရာသီစိုက်ပျိုးတဲ့ စပါးခင်းတွေမှာ စိုစွတ်မိုးများမှုကြောင့် စပါးပင်တွေမှာ မှိုကြောင့်ဖြစ်တဲ့ အပင် ရောဂါကျတတ်တယ်။ နွေစပါးကတော့ နွေပူပူ၊ နေပူပူမှာ စိုက်တဲ့စပါးပင်မို့ မှိုရောဂါကျတာ နည်းပါးနိုင် တယ်လို့ထင်မှတ်ကြရင် မှားပါလိမ့်မယ်။ စပါးတွေပိုမိုထွက်ဖို့ မိုးရာသီ စပါးစိုက်တာအပြင် နွေရာသီ နွေစပါးစိုက်တာကို ၁၉၉၂ ခုနှစ်မှာ ရေရရှိအောင် စီမံပြီး ၈၂၁ ဧကဖြင့် စတင်စိုက်ပျိုးခဲ့ပါတယ်။
✔️မိုးစပါးစိုက်ချိန်က မေလမှ စက်တင်ဘာလကုန်၊ နွေစပါးစိုက်ချိန်ကအောက်တိုဘာလမှ ဧပြီလကုန်ဆိုပြီး မိုးစပါး၊ နွေစပါး သတ်မှတ်ခဲ့ကြပါတယ်။ နွေစပါးက နေရောင်ခြည်ပိုရပြီး ရေလည်းပြည့်စုံအောင် ရကြ ရင် မိုးစပါးထက်ပိုထွက်တော့ စိုက်ပျိုးမှုဧကဟာနှစ်စဉ်အတိုးပဲ ရှိလာပါတော့တယ်။ နွေစပါးက မိုးစပါး ထက်လည်း အပင်အာဟာရဓာတ်စုပ်ယူစားသုံးမှု ပိုများပါတယ်။ ဒါကြောင့်စပါးပင်ရဲ့အမြစ်တွေ ပိုပြီး ဖြစ်ထွန်းတယ်။
✔️နိုက်ထရိုဂျင်နဲ့ အမိုင်နိုအက်စစ်တွေလည်းပိုရတယ်။ ဒါကြောင့် အပင်ရောဂါ ဖြစ်နိုင်မှုကလည်း ပိုများနိုင်တယ်။ ရာသီဥတုကလည်း နေ့ပိုင်းပူပေမဲ့ ညဘက်မှာ အပူချိန်နိမ့်တာ၊ စိုထိုင်းဆ များတာ၊ ဆောင်းကြွင်း ဆောင်း ကျန် နှင်းဖွဲလေးများ မနက်ပိုင်းကျန်တာတွေက အပင်ရောဂါ ဖြစ်ပွားမှု၊ ကူးစက်ပျံ့နှံ့မှုကို လွယ်ကူစေတယ်။ အားပေးနိုင်တယ်။
✔️သတိပြုရမဲ့ရောဂါက စပါးကုပ်ကျိုးရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ မှိုကြောင့် ဖြစ်တဲ့ရောဂါဖြစ်တယ်။ အပင်ငယ်စဉ်ရော အပင်ကြီး စပါးနှံထွက်တဲ့အထိရောဂါကျနိုင်တယ်။ အပင်ငယ်စဉ်ကျရင်အကုန်ပျက်စီးတယ်။ အထူးသဖြင့် အပင်ကြီး အနှံထွက်မှ ကျရောက်ရင် အဆစ်ကျိုး၊ စပါးနှံနဲ့ ဆက်ထားတဲ့ ကုပ်ကျိုး မယ်၊ ရောဂါကျစပါးနှံမှာ အဆန်မတည်တော့ဘဲ အဆန်ချောင်၊ ဖြူဖြူဖွေးဖွေး အနှံတွေဖြစ်လာမယ်။ ကုပ်ကျိုးရောဂါက မိုးစပါးထက် နွေစပါးမှာပိုဖြစ်တတ်တယ်။
✔️ရေသွင်းစိုက်ခင်းထက် ကြဲခင်းတိုက်ရိုက် မျိုးစေ့ချစပါးခင်းပိုမိုဖြစ်နိုင်တယ်။ ရာသီဥတုအေးတဲ့ဒေသ တွေနဲ့ မိုးများတဲ့ ဒေသတွေက နွေစပါးခင်းတွေ ပိုပြီးသတိပြုကာကွယ်နှိမ်နင်း ကြသင့်ပါတယ်။ ရောဂါကျတဲ့စပါးခင်းတွေမှာ ပုလဲဓာတ်မြေသြဇာကို လုံးဝမထည့်ဘဲ ပိုတက်စီယမ်ဓာတ်မြေသြဇာကို သာ တစ်ဧက တစ်အိတ်ခွဲနီးပါးလောက်ထည့်တာ။ ကောက်ရိုးကို မီးရှို့ပြာချပြီး ရတဲ့ပြာကိုတစ်တင်းလောက်ထည့်တာ ပြုလုပ်နိုင်ပါတယ်။
✔️နွေစပါးမှာ ပျိုးခင်းက စိုက်ခင်းရွှေ့စိုက်ချိန် ရောဂါပိုကျနိုင်တယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲ လေ့လာ တော့ အပင်ကိုလိုတာထက်ပိုပြီး စိပ်စိပ်စိုက်ကြလို့။ ပျိုးပင်ကိုစိုက်ရာမှာ မြေထဲနက်နက် ထိုးထည့်စိုက်လို့ဆိုတာတွေ တွေ့လာရတယ်။ နွေစပါးစိုက်ရင် ကုပ်ကျိုးရောဂါခံနိုင်တဲ့ စပါးမျိုးတွေစိုက်ပါ။ ရေသွင်း စိုက်ခင်းဆိုရင် စိုက်ခင်းထဲ ရေမပြတ်စေဘဲ လုံလောက်တဲ့ပမာဏ ထည့်ထားပါ။ ပုလဲဓာတ်မြေသြဇာတစ်မျိုးတည်းမထည့်ဘဲ ဖော့စပရပ်နဲ့ပိုတက်စီယမ် ဓာတ်မြေသြဇာများကိုလည်းအချိုးကျထည့်ပေးပါ။
✔️စပါးစေ့ကို မစိုက်ခင် မျိုးစေ့တစ်ပြည်ကို မှိုသတ်ဆေးမှုန့် ဟင်းစားဇွန်းတစ်ဇွန်းနဲ့ လူးနယ်စိုက်ပျိုးပါ။ရောဂါကျရင် မှိုသတ်ဆေးပက်ဖျန်းပါ။ ရောဂါဖြစ်စေတဲ့မှိုဟာ စပါးရိုးပြတ်နဲ့မြက်တွေမှာ ခိုအောင်း နားခိုတတ်လို့ ပေါင်းရှင်းပါ။ စပါးရိတ်ပြီးရင် ရိုးပြတ်ကိုဖယ်ရှင်းစုပုံ မီးရှို့ပါ။ ပျိုးခင်းကစပြီး ရောဂါတွေ့နိုင်ပါတယ်။ စပါးရွက်တွေမှာအစက်အပြောက်တွေ ပြလာပါတယ်။ စပါးခင်း အနှံထွက်ချိန်ကျတော့ အနှံမှာ ရောဂါဝင်ရင် စပါးနှံအောက်က ကုပ်မှာ အညိုကွက် တွေ့ပါတယ်။ နို့ရည်မတည်ခင်ရောဂါကျရင် နို့ရည်ဆက်မတည်တော့ဘဲအဆန်မတည်တဲ့အနှံ ဖြစ်တော့တာပါပဲ။
✔️သတိပြုကာကွယ်နှိမ်နင်းရမှာက အပင်မှိုရောဂါများ ဖြစ်ပါတယ်။ဒါက အများဆုံးတွေ့ရတဲ့ နွေစပါးရဲ့မှိုရောဂါဖြစ်ပါတယ်။ စပါးရွက်ဖုံးတွေပုပ်တာကလည်း မှိုရောဂါပါပဲ။ မိုးများတဲ့ဒေသတွေမှာ ဖြစ်ပွားမှု ပိုများတယ်။ ဒီဇင်ဘာလမှာ မိုးရွာရင် ပတ်ဝန်းကျင်အစိုဓာတ်တွေများ၊ ဥတုကလည်းအေးတော့ ရောဂါ ဖြစ်ရင် ပြန့်ပွားမှုများလာတယ်။ လေပြင်းကျတာပါဆိုပြီးဖြစ်ရင်တော့ ပျက်စီးပြီ။ ဒီမှာလည်း ဓာတ် မြေသြဇာအသုံးပြုရာမှာကြိုက်တဲ့ ပုလဲလို နိုက်ထရိုဂျင်ဓာတ်မြေသြဇာတွေ များများသုံးပြီး ပိုတက်စီယမ်ဓာတ်မြေသြဇာ အသုံးနည်းလို့ကတော့ ရောဂါပိုဖြစ်လာတယ်။
✔️ယှဉ်တွဲဖြစ်လာနိုင်တာက ရွက်ဖုံးပုပ်ရောဂါနဲ့ ရွက်ဖုံးခြောက်ရောဂါတွေဖြစ်တော့ ရာသီဥတုက မှိုအကြိုက်ဖြစ်လာရင် ကိုယ့်စပါးခင်းကို နေ့စဉ်စစ်ဆေးမှ လက်ဦးအောင် ကာကွယ်နှိမ်နင်းနိုင်မှာပါ။မှိုရောဂါတွေဟာ အရွက်၊ ရွက်ဖုံးနဲ့အနှံတွေမှာ အစင်းတွေ၊ အကွက်တွေ၊အပြောက်တွေ၊ ပုပ်တာတွေ၊ ခြောက်တာတွေ ဖြစ်လာတယ်။ နွေမှာ စပါးစိုက်တာမို့ မိုးရွာချိန်စိုက်တဲ့ မိုးစပါးလောက် မှိုရောဂါတွေ မကျနိုင်ဘူးလို့ ထင်မှတ်မထားကြပါနှင့်။ မိုးအကုန် ဆောင်းအကူးကာလနဲ့ ဆောင်းအကုန် နွေအကူးမှာ ရာသီတွေ ကူးပြောင်းသလို ရာသီဥတုလည်း မိုးရွာ၊နေပူ ပြောင်းလဲလာတတ်လို့ နွေစပါးမှာလည်း မှိုရောဂါတွေဟာ မိုးစပါးလိုပဲ ဖြစ်ပွားတတ်ပါသေးတယ်။
ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၈ - ၂၄) ရက်။