menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
Osmosis action. တစ်ဖက်သတ်ချဉ်းစိမ့်ပျံ့ခြင်း ။
ပြင်းအားမတူတဲ့ ပျော်ရည်(၂)ခုကို ဖြတ်သန်း စိမ့်ဝင်နိုင်တဲ့ အလွှာတခုနဲ့ ခြားထားလိုက်မယ် ဆိုရင် ပြင်းအားနည်းတဲ့ပျော်ရည်ဟာ ပြင်းအား များတဲ့ပျော်ရည်ထံသို့ ခြားထားတဲ့အလွှာကို တဖက်သတ်ဖြတ်သန်း စိမ့်ဝင်သွားပါတယ်… ဒီဖြစ်စဉ်ကို တဖက်သတ်ချဉ်းစိမ့်ပျံ့ခြင်း ( Osmosis Action ) လို့ခေါ်ပါတယ်…
အပင်ရဲ့အမြစ်မွှေးလေးတွေဟာ မြေကြီးထဲက ရေနဲ့အာဟာရကို ဒီ osmosis action နဲ့စုပ်ယူ ရရှိကြတာဖြစ်ပါတယ်.. (အာဟာရဓာတ်တွေကို အိုင်းယွန်းဖလှယ်နည်းနဲ့လဲ စုပ်ယူပါတယ်) အမြစ်ထဲမှာရှိတဲ့ သစ်ရည်ရဲ့ပြင်းအားဟာ အာဟာရတွေပျော်ဝင်နေတဲ့ မြေကိန်းရေရဲ့ ပြင်းအားထက်များမှသာ အမြစ်ကရေနဲ့ အာဟာရကို စုပ်ယူနိုင်မှာဖြစ်ပါတယ်… တကယ်လို့ မြေကိန်းရေရဲ့ပြင်းအားက အမြစ်ထဲ ရှိသစ်ရည်ရဲ့ ပြင်းအားထက်များနေခဲ့မယ် ဆိုရင် တော့ အမြစ်ထဲကသစ်ရည်တွေ မြေကိန်းရေဆီ တဖက်သတ်စိမ့်ထွက်ပြီး အပင်သေသွားမှာ ဖြစ်ပါတယ်…
ဒါကြောင့်လဲ အပင်ကို ဓာတ်မြေသြဇာကျွေးတဲ့ အချိန်မှာ ရေများများလောင်းပေးရန်(သို့မဟုတ်) ရေများများသွင်းပေးရန် လိုအပ်တာဖြစ်ပါတယ်… တကယ်လို့ မြေသြဇာကျွေးပြီး ရေလုံလောက် အောင်မပေးခဲ့ရင် မြေသြဇာတွေဟာ ရှိသမျှ မြေကိန်းရေလေးထဲမှာ ပျော်ဝင်ရတဲ့အတွက် အမြစ်ထဲရှိသစ်ရည်ရဲ့ ပြင်းအားထက်များနေမှာ ဖြစ်ပါတယ်…ဒါဆိုရင် သစ်ရည်(သို့မဟုတ်) အမြစ်ထဲကရေတွေ အပြင်ဖက်ကိုစိမ့်ထွက်ပြီး အပင်သေသွားပါလိမ့်မယ်… ဒါကိုပဲ မြေသြဇာလောင်တယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်…
ဒီလိုပါပဲ.. ဆေးဖျန်းတဲ့အခါမှာ ဆေးပျော်ရည် ရဲ့ပြင်းအားဟာ အရွက်နဲ့အညွန့်ထဲမှာရှိတဲ့ သစ်ရည်ရဲ့ပြင်းအားထက် နည်းနေမှသာ ဖျန်းတဲ့ ဆေးဟာ အရွက်၊ အညွန့်၊ အသီးအပွင့်ထဲကို ထိုးဖေါက်စိမ့်ဝင်နိုင်မှာ ဖြစ်ပါတယ်… ဖျန်းတဲ့ဆေးပျော်ရည်ပြင်းအားက များနေမယ် ဆိုရင်တော့ အရွက်အညွန့်ထဲကရေတွေ အပြင် ဖက်ကိုစိမ့်ထွက်ပြီး ညှိုးခြောက်သွားစေမှာ ဖြစ်ပါတယ်…ဒါကိုပဲ ဆေးလောင်တယ်လို့ ခေါ်ကြတာဖြစ်ပါတယ်…
အခုတလော.. တောင်သူအများစုဟာ ဆေးဖျန်း တဲ့အခါ ဆေးတွေသုံးလေးငါးမျိုးကို မလိုအပ်ဘဲ အဓိပ္ပါယ်မဲ့ ရောတိုင်းကောင်းမယ်ထင်ပြီး ရော စပ်ဖျန်းနေကြတာကို ကြားနေ၊ သိနေရပါတယ်… ဆေးတချို့ဟာ ရောစပ်ဖျန်းရင် ဆတိုးစွမ်းအား ( synergy )ရှိပေမဲ့ ဆေးတိုင်းရှိနေတာတော့ မဟုတ်ပါဘူး…အခုအခါမှာ ရောစပ်ရင်ကောင်း မဲ့ဆေးတွေကို ဆေးကုမ္ပဏီတွေက သိပ္ပံနည်းကျ ရောစပ်ထုတ်လုပ် ဖြန့်ဖြူးပေးနေတာမို့ သီးနှံ ပြဿနာနဲ့ လျော်ကန်သင့်မြတ်မဲ့ဆေးကို လေ့လာ ပြီး အရံသင့် ready made ဝယ်သုံးရုံပါဘဲ…
ဆေးတမျိုးချင်းစီရဲ့ ထောက်ခံနှုန်းထားတွေဟာ ဆေးတမျိုးထဲအနေနဲ့ အပင်ကိုမလောင်စေ နိုင်ပေမဲ့ ဆေးသုံးလေးငါးမျိုးပေါင်းရဲ့နှုန်းထား ကျတော့ ဆေးပျော်ရည်ပြင်းအားကို များပြား စေပြီး osmosis action နဲ့အပင်ကို လောင်စေ နိုင်တာ သတိပြုရမှာဖြစ်ပါတယ်……
တကယ်လို့ ဖျန်းရမဲ့ဆေးတွေ များနေခဲ့မယ် ဆိုရင် အများဆုံး နှစ်မျိုးသုံးမျိုးလောက်သာ ရောစပ်ဖျန်းပြီး နံက်/ညနေ ခွဲခြားပြီးဖျန်းသင့် ကြပါတယ်… သီးနှံပြဿနာကို တကယ်တိတိကျကျသိခဲ့ မယ်ဆိုရင် ဆေးတွေအများကြီး ရောစပ်ဖျန်း နေစရာမလိုအပ်ပါဘူး… ကိုက်ညီထိရောက်တဲ့ ဆေးတစ်မျိုးတည်းသာ ပက်ဖျန်းဖို့ လိုအပ်ပါတယ်.. တိတိကျကျသိဖို့ ဆိုတာကတော့ မေးမြန်းလေ့လာ ဆည်းပူးကြရမှာ ဖြစ်ပါတယ်…
တကယ်တော့.. ယနေ့တောင်သူတွေ အလဟဿ အချည်းနှီး ငွေကုန်ကြေးကျဖြစ်မှုတွေနဲ့ မသိတဲ့ အမှားတွေကြောင့် အကျိုးမဲ့ပျက်စီး ဆုံးရှုံးရမှုတွေ မဖြစ်ကြစေဖို့… အနာနဲ့ဆေး တိတိကျကျပေးနိုင်ဖို့ အသိပညာ တွေ လိုအပ်နေဆဲပဲဆိုတာ လက်ခံပြီး ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်…
Than Win Agri