menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ပြောင်းအထွက် နှင့် ပေါင်းမြက်အန္တရာယ်”
🌽🌱🌽🌱🌽🌱🌽🌱🌽🌱🌽
▶️မြန်မာနိုင်ငံတွင် ပြောင်းသီးနှံသည် ဆန်၊ စပါးပြီးလျှင် ဒုတိယအရေးပါသော သီးနှံများမှတစ်ခုဖြစ်သည်။ ပြောင်းသီးနှံကို မြန်မာနိုင်ငံတွင် စိုက်ဧကစုစုပေါင်း (၁)သန်း မှ (၁.၂)သန်းကျော်ခန့် စိုက်ပျိုးကြသည်။ စိုက်ဧကစုစုပေါင်း၏ ၅၅ရာခိုင်နှုန်းခန့်ကို ရှမ်းပြည်နယ်တွင်စိုက်ပျိုးကြပြီး အခြားအဓိကစိုက်ပျိုးသော ဒေသများမှာ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်တို့ဖြစ်သည်။
▶️ပြောင်းစိုက်ဧရိယာစုစုပေါင်း၏ ၈၅ရာခိုင်နှုန်းဝန်းကျင်ကို မိုးသီးနှံအဖြစ် မေလ နှင့် ဇွန်လတွင် စိုက်ပျိုးကြပြီး အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ရိတ်သိမ်းကြပါသည်။ စိုက်ဧရိယာ၏ ကျန် ၁၅ရာခိုင်နှုန်းကို နိုဝင်ဘာလ မှ ဒီဇင်ဘာလအတွင်း ဆောင်းယာသီးနှံအဖြစ်စိုက်ပျိုး၍ မတ်လ နှင့် ဧပြီလတွင် ရိတ်သိမ်းကြပါသည်။
▶️ထိုသို့ပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်ကြရာတွင် ပေါင်းမြက် ကာကွယ်နှိမ်နင်းခြင်းကို မဖြစ်မနေ ဆောင်ရွက်ရပါမည်။ ပြောင်းဖူးပင်များ တစ်လသားမပြည့်မီ ပေါင်းမြက်ကို နိုင်နင်းစွာမနှိမ်နင်းပါက ထည့်သွင်းသောအာဟာရဓာတ်များဆုံးရှုံးပြီး အပင်များမကြီးထွားနိုင်တော့ဘဲ ဝါလာတတ်သည်။ ထို့အပြင် ပေါင်းပင်များတွင်အမှီပြု၍ ခိုအောင်းနေထိုင်သော ရွက်ဖြတ်ပိုးများလည်း ကျရောက်လာတတ်ပါသည်။
▶️ပေါင်းပင်များ၏ဖျက်ဆီးမှုကြောင့် ပြောင်းဖူးအစေ့အထွက်ကို (၃၆ မှ ၆၀) ရာခိုင်နှုန်းထိ လျော့နည်း စေနိုင်သည်။ လျော့နည်းမှုရာခိုင်နှုန်းသည် ပြောင်းဖူးစိုက်ခင်းထဲ၌ပေါက်ရောက်သော ပေါင်းပင် အမျိုးအစားနှင့် အနည်းအများပေါ်တွင်မူတည်သည်။ ထို့အတူ မိုးရာသီ၊ ဆောင်းရာသီ နှင့် မိုးကြိုရာသီဟူ၍ စိုက်ပျိုးရာသီအလိုက်လည်း ကွာခြားနိုင်သည်။ ပေါင်းထူထပ်စွာပေါက်ပါက ပေါင်းပင်ကြောင့် အထွက်နှုန်း လျော့နည်းသည့်အပြင် ပေါင်းပင်ကတစ်ဆင့် ရောဂါပိုးမွှားများ ကူးစက်ပြန့်ပွားကာ ပြောင်းဖူးအထွက်ကို ထိခိုက်နိုင်ကြောင်းသုတေသနပြုချက်များမှတွေ့ရှိရသည်။
▶️ပြောင်းစိုက်ခင်းများတွင် ပေါင်းမြက်မျိုးစုံပေါက်ရောက်နိုင်သည်။ မြက်မုန်ညင်း၊ ဝက်ကျွတ်၊ ဆူးလေး၊ ကြက်မောက်ရိုင်း၊ ဟင်းနုနယ်ဆူးပေါက်၊ ဆင်ငိုမြက်၊ ဘဲစာမြက်၊ မြက်ယား၊ မြေစာ၊ ဆေးပုလဲ၊ မှိုချဉ်၊ ဆင်ပေါင်း၊ စိန်နားပန်၊ ယုန်မတိုး၊ ကရင်မပန်းဖူး၊ ထိကရုန်းကြီး၊ ဗောက်ပင်၊ ကပ်စေးနှဲ၊ နေကြာကလေး၊ ပန်းတော်(ဘတော်)၊ ဒူးကျိုး စသည့် ပေါင်းမြက်တို့ကို ပြောင်းစိုက်ခင်းများတွင် တွေ့မြင်နိုင်ပါသည်။ မြက်မုန်ညင်း၊ မြက်ယား၊ မြေစာ၊ ဝက်ကျွတ်နှင့် ဆူးလေး စသည့်ပေါင်းပင်တို့သည် မြေမျက်နှာပြင်ပေါ် ၌ ကပ်၍ တစ်ပြင်တစ်စပ်တည်း ပေါက်ရောက်ပြီး ပြောင်းဖူးပင်ငယ်တို့၏ အစာအာဟာရနှင့် ရေတို့ကို ရယူစားသုံးကြသည်။ သို့ဖြစ်သောကြောင့် အပင်ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်ပါသည်။ ကြက်မောက် နှင့် ဟင်းနုနယ်ရိုင်း နှင့် အခြားရွက်ပြန့်ပေါင်းအုပ်စုဝင်များသည် ပြောင်းဖူးပင်နှင့်အတူ အပင် အရပ်မြင့်တက်ကြီးထွားကြကာ ပြောင်းဖူးပင်ကြီးထွားလာသည်အထိ သီးနှံပင်နှင့်အပြိုင် အစာအာဟာရ နှင့် ရေတို့ကို ရယူစားသုံးကြပါသည်။
▶️ပြောင်းစိုက်ပျိုးသည့်အရပ်ဒေသများအလိုက်ပေါက်ရောက်သည့်ပေါင်းမြက်များမှာ ပြောင်းသီးနှံ အဓိကစိုက်ပျိုးသည့် ရှမ်းပြည်နယ် တောင်တန်းဒေသများတွင် မြက်ယား၊ မြေစာ၊ ဆင်ငိုမြက်၊ ယုန်မတိုး၊ မှိုချဉ်၊ ဆေးပုလဲ၊ ကြက်မောက်ရိုင်း၊ နွယ်ပင် တို့ဖြစ်သည်။ မန္တလေးတိုင်းနှင့် ကျန်ဒေသများတွင် မြက်ယား၊ ဝမ်းဘဲစာ၊ မြေစာ၊ ပန်းတော်(ဘတော်)၊ ဒူးကျိုး စသည့်မြက်အုပ်စုများနှင့် ဆေးပုလဲ၊ ဝက်ကျွတ်၊ နေကြာကလေး၊ ဗောက်သီးပင်၊ မှိုချဉ်၊ ဆင်ပေါင်း စသည့် ရွက်ပြန့်ပေါင်းအုပ်စုများပေါက်ရောက်ကြသည်။
▶️ပြောင်းစိုက်ခင်းများအတွင်း ပေါင်းနှိမ်နင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် လက်တွေ့ဆောင်ရွက်ချက်များအရ ဓာတုပေါင်းသတ်ဆေးအသုံးပြုခြင်းသည်ပြောင်းဖူးသီးနှံ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး အတွက်အထိရောက်ဆုံးဖြစ်သည်။ သို့သော် ပေါင်းမြက်ကာကွယ်နှိမ်နင်းရန် ဓာတုပေါင်းသတ်ဆေး ပက်ဖျန်းခြင်းနှင့်အတူ လယ်ယာလုပ်ကိုင်နည်းစနစ်များကိုလည်း အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်သင့်သည်။ နည်းလမ်းပေါင်းစုံ ပေါင်းစပ်သုံးစွဲလျှင်တော့ အကောင်းဆုံးဖြစ်ပါသည်။
▶️လယ်ယာလုပ်ကိုင်မှု နည်းစနစ်၏ ဆောင်ရွက်ရမည့်နည်းလမ်းများမှာ .....
☑️ စိုက်ပျိုးသည့်ဒေသအခြေအနေနှင့် သင့်တော်ကိုက်ညီသော ပြောင်းဖူးမျိုးကို အသုံးပြုစိုက်ပျိုးရန်။
☑️ ထယ်ရေး၊ ထွန်ရေး ကိုကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်ကင်းစင်သောစိုက်ခင်းဖြစ်အောင် ဆောင်ရွက်ရန်။
☑️ စိုက်ပျိုးရာသီအလိုက် စိုက်ချိန်မှန်ကန်စွာ စိုက်ပျိုးရန်။
☑️ ထောက်ခံထားသည့် အပင်အတန်းအကွာအဝေးဖြင့် စိုက်နည်းစနစ်မှန်မှန် စိုက်ပျိုးရန်။
☑️ သတ်မှတ်အပင်ရေ ပြည့်မီအောင်စိုက်ပျိုးရန်။
☑️ ထို့အပြင် အတန်းလိုက်စိုက်ပျိုးခြင်းသည် အတန်းကြားအတွင်း ကြားထွန်တိုက်ခြင်း၊ ပေါက်ပေါင်းပေါက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းတို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။
▶️ယခုအခါ ပြောင်းခင်းအတွင်းပက်ဖျန်းရန် ပြောင်းရွေးချယ်ပေါင်းသတ်ဆေးအမျိုးမျိုးကို အလွယ်တကူဝယ်ယူရရှိနိုင်သည်။ ပြောင်းဖူးသီးနှံစိုက်ပျိုးခြင်းမပြုမီ (Preplant) အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေး၊ ပြောင်းဖူးသီးနှံ စိုက်ပျိုးပြီးသော်လည်း ပေါင်းမြက်အပင်မပေါက်မီ (Preemergence) အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေး၊ ပြောင်းဖူးသီးနှံစိုက်ပျိုးပြီး အပင်ပေါက်ချိန်တွင် ပေါင်းမြက်အပင် ပေါက်ပြီးခါစ (Postemergence) အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေးဟူ၍ ခွဲခြားထားရာ မိမိတို့ပြောင်းခင်း အနေအထားများအလိုက် အသုံးပြုလိုသည့် ဓာတုပေါင်းသတ်ဆေးကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
▶️ပြောင်းဖူးသီးနှံစိုက်ပျိုးသူများသည် မိမိတို့ပြောင်းဖူးသီးနှံစိုက်ခင်းများတွင် ပေါက်ရောက်လေ့ရှိသော ပေါင်းမြက်အမျိုးအစားများကို အပင်ပေါက်ခြင်း၊ ကြီးထွားခြင်း၊ ပန်းပွင့်ခြင်း၊ မျိုးစေ့ပျံ့နှံ့ခြင်း စသည့် ပေါင်းမြက်ဆိုင်ရာ ဗဟုသုတရှိဖို့လိုသည်။ ဓာတုပေါင်းသတ်ဆေးဆိုင်ရာ သုံးစွဲသင့်သည့်ဆေး၊ သုံးစွဲသင့် သည့်အချိန်၊ သုံးစွဲနည်း စသည်တို့ကိုလည်း သိထားရပါမည်။ ထို့အပြင် နှစ်စဉ်ပေါင်းမြက်ပေါက်ရောက်မှု အဆက်ပြတ်ရေးအတွက် သီးလှည့်စိုက်ပျိုးခြင်း (Crop Rotation) နည်းစနစ်ကိုလည်း နားလည်ထားဖို့ လိုပါသည်။
▶️သို့သော် အထူးတင်ပြလိုသည်မှာ ပြောင်းခင်းများအတွင် ရှင်သန်ပေါက်ရောက်တတ်ကြသော ပေါင်းမြက်များအားလုံး၏ ကြီးထွားရှင်သန်မှုအလေ့အထများ (Growth Habit) အရ ပြောင်းသီးနှံ စိုက်ပျိုးပြီး (၁၅ - ၂၅)ရက်အတွင်း (သို့မဟုတ်) ပေါင်းပင်များအရွက် (၃ - ၅) ရွက် ထွက်ချိန်တွင် ပေါင်းသတ်ဆေးပက်ဖျန်းနှိမ်နင်းခြင်းသည် အထိရောက်ဆုံး ပေါင်းနှိမ်နင်းချိန်ဖြစ်ကြောင်း သုတေသနပြုချက်များမှ တွေ့ရှိရပါသည်။
▶️ထို့ကြောင့် အထက်ပါအကြောင်းအချင်းရာများကိုသိရှိပြီး ပြောင်းခင်းများအတွင်း ထိရောက်သော ပေါင်းနှိမ်နင်းမှုဖြစ်စေရန် မှန်ကန်သော ပြောင်းသီးနှံသုံးပေါင်းသတ်ဆေးများကို ရွေးချယ်အသုံးပြု၍ အချိန်မှန်ပက်ဖျန်းပေးနိုင်ရေးအတွက် ဂရုပြုဆောင်ရွက်ပေးသင့်ပါသည်။ ထိုသို့ ဆေးမှန်၊ အချိန်မှန်၊ နည်းစနစ်မှန် သုံးစွဲခြင်းဖြင့် ပြောင်းခင်းများအတွင်း ပေါင်းမြက်များကင်စင်၍ ပြောင်းပင်များ လွတ်လပ်စွာ ရှင်သန်ကြီးထွားနိုင်ခြင်း၊ ပိုးမွှား ရောဂါ ကင်းစင်ခြင်းတို့နှင့်အတူ အရည်အသွေးကောင်း၊ အထွက်မြင့်မားသည့် ပြောင်းဖူးခင်းများကို ဦးကြီးတို့ရရှိနိုင်ကြမည် မလွဲပင်ဖြစ်ပါတော့သည်။
🌽စစ်မှန် ပြည့်ဝ ဝိစာရ🌽