menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ပေါင်းမြက် ကာကွယ်နှိမ်နင်းခြင်း"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
✅သီးနှံစိုက်ခင်းများတွင် အမြဲကြုံတွေ့နေရတဲ့ပေါင်းမြက်ပြဿနာအတွက် ပေါင်းများကို စနစ်တကျ ကာကွယ်နှိမ်နင်းဖို့နှင့် ပေါင်းပင်များကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ဂရုစိုက်သင့်သည်များကို ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။
✅သီးနှံစိုက်ခင်းများတွင် ပေါင်းပင်များကြောင့်သီးနှံအထွက်နှုန်း (၂၀% မှ ၁၀၀%)အထိ ဆုံးရှုံးနိုင်ပါသည်။
✅ပေါင်းပင်မှ လုယူသော အရာများမှာ .....
(၁) အလင်းရောင် (၂) ရေ (၃) အာဟာရ(ဓာတ်မြေသြဇာများ)တို့ဖြစ်သည်။
✅ပေါင်းနှိမ်နင်းချိန် - သီးနှံပင် သက်တမ်း၏ ပထမပိုင်း သုံးပုံတစ်ပုံကာလအတွင်း ပေါင်းနှိမ်နင်းပါ။
ပေါင်းအမျိုးအစားများမှာ
----------------------
(၁) မြက် (ဥပမာ- ဆင်ငိုမြက်၊ လက်သဲခွမြက်၊ မြေဇာမြက်)
(၂) မြက်မုံညှင်း (မြက်မုံညှင်းစိမ်း၊ မြက်မုံညှင်း၊ မြက်မုံညှင်းအနက်)
(၃) ရွက်ပြန့်ပေါင်း (လယ်ပဒူ၊ ဗေဒါ၊ ကနဖော့၊ ဟင်းနုနွယ်ဆူးပေါက်)
ပေါင်းနှိမ်နင်းနည်း
----------------
(၁) မျိုးသန့်စင်ခြင်း
(၂)ထယ်ထိုးမြေလှန်ခြင်း
(၃) ရေနက်နက်သွင်း၍ ရေနှစ်သတ်ခြင်း
(၄) မျိုးစေ့နှုန်းတိုးမြှင့်သုံးစွဲခြင်း
(၅) လက်ပေါင်းလိုက်ခြင်း၊ ကိရိယာဖြင့် ပေါင်းလိုက်ခြင်း
(၆) ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းခြင်း
ပေါင်းသတ်ဆေးသုံးစွဲရာတွင် ဂရုပြုရမည့် အချက်များ
-----------------------------------------------
(၁) ဆေးနှုန်းထား
(၂) ပတ်ဝန်းကျင်အခြေအနေ
(၃) ပေါင်းပင်နှင့် သီးနှံပင်တို့၏ သက်တမ်းပေါ်မူတည်၍ ပေါင်းသတ်ဆေးကို သုံးစွဲရပါမည်။
ပေါင်းပင်၏ ကောင်းကျိုး၊ ဆိုးကျိုးများ
----------------------------------
ဆိုးကျိုးများ …..
(၁) သီးနှံအထွက်နှုန်း ကျဆင်းစေသည်။
(၂) သီးနှံအရည်အသွေးကျဆင်းစေသည်။
(၃) ရောဂါပိုးမွှားနှင့် ကြွက်တို့အတွက် ကြားပင်၊လက်ခံပင်ဖြစ်စေသည်။
(၄) သီးနှံပင် စိုက်ပျိုးပြုစုခြင်းနှင့် ရိတ်သိမ်းခြင်းတို့တွင် အနှောက်အယှက်ပေးသည်။
(၅) ရေသွင်းရေထုတ်လုပ်ငန်းကို နှောက်ယှက်သည်။
(၆) လူနှင့်တိရစ္ဆာန်တို့၏ ကျန်းမာရေးကို ဒုက္ခပေးသည်။
(၇) မြေယာတန်ဖိုးကျဆင်းစေသည်။
(၈) သီးနှံဝတ်မှုန်ကူးပေးသည့် ပိုးမွှားများကို ဆွဲဆောင်သည်။
ကောင်းကျိုးများ .....
(၁) မြေတိုက်စားမှုကို ကာကွယ်ပေးသည်။
(၂) သားရဲကောင်နှင့် ကပ်ပါးကောင်များအတွက် တည်းခိုရာ နှင့် အစားအစာဖြစ်သည်။
(၃) သီးနှံမွေးမြူရေးလုပ်ငန်းအတွက် ဗီဇမျိုးသန့်များ ရရှိရာ အခြေခံဖြစ်သည်။
(၄) လူသားနှင့် တိရစ္ဆာန်အတွက် အစားအစာဖြစ်နိုင်သည်။
(၅) မြေဆီလွှာအတွက် မြေဆွေးဓာတ်ဖြည့်စွက်ပေးသည်။
✅ပေါင်းအများစုသည် တစ်ပင်လျှင် မျိုးစေ့သန်းနှင့်ချီ ထုတ်လုပ်နိုင်ပြီး အစေ့မှ မျိုးပွားသောကြောင့် သီးနှံခင်းထဲသို့ ပေါင်းစေ့များ လုံးဝမကျန်ရန် ကာကွယ်သင့်ပါသည်။
✅သီးနှံအလိုက် အကောင်ဆုံးပေါင်းလိုက်ချိန် နှင့် ဆောင်ရွက်ရမည့်အကြိမ်ရေ
၁။ ပျိုးထောင်စပါး - ရွှေ့ပြောင်းစိုက်ပြီး (၁၅ - ၃၀)ရက်အတွင်း (၂)ကြိမ်။
၂။ ယာစပါး - စိုက်ပြီး (၄၀)ရက်သားအတွင်း (၂-၃)ကြိမ်။
၃။ ပဲပုပ်၊ ပဲမျိုးစုံ - စိုက်ပြီး (၂၁)ရက် နှင့် (၄၂) ရက် အတွင်း (၂)ကြိမ်။
၄။ ကြက်သွန်နီ - ပန်းပွင့်ချိန်၊ ဥ အုချိန်အတွင်း (၂-၃)ကြိမ်။
၅။ မြေပဲ - ပင်ထောင်မြေပဲ (၁၅-၂၀)ရက်သား (၂)ကြိမ်၊ ပန်းမပွင့်မီ (၁)ကြိမ်။
၆။ နှမ်း - (၁၀-၁၅)ရက်သားအတွင်း (၁-၂)ကြိမ်။
၇။ နေကြာ - (၁၅-၂၀)ရက်သား အတွင်း (၁-၂)ကြိမ်။
Sources : သီးနှံစိုက်ပျိုးခြင်း၏အခြေခံနည်းစနစ်များ