menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပေါင်းမြက်အန္တရာယ် ဂရုတစိုက်နှိမ်နင်းကာကွယ်
🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾
စိုက်ပျိုးပြီး သီးနှံစိုက်ခင်းများတွင် ပေါင်းမြက်များဘာကြောင့်ဆိုးရွားသွားရပါသလဲ ? စနစ်တကျကာကွယ်နှိမ်နင်းမှုမပြုလုပ်ခဲ့၍ဖြစ်ပါသည်။ ပေါင်းမြက်သည်အစေ့ကလည်းပွားနိုင်သည်။ တစ်ချို့မြက်၊ ပေါင်းပင်များသည် တစ်ပင်ကနေ တစ်ကြိမ်လျှင်ပေါင်းပင်သိန်းနှင့်ချီပေါက်ပွားနိုင်ပါသည်။ ပေါင်းမြက်ပင်များသည်အခွင့်အလမ်းသာပါက အချိန်တိုအတွင်း လွယ်လွယ်နှင့် အပင်ပေါင်းအမြောက် အများ ပွားများနိုင်ပါသည်။ ထို့ကြောင့်မနိုင်၍ဟု ဆိုကာတစ်ရာသီလောက်ပစ်ထားလိုက်သည်နှင့် ပေါင်းမြက်သံသရာမပြတ်တော့ဘဲ မြက်တောကြီးဖြစ်သွားသည့်အခြေအနေရောက်သွားနိုင်ပါသည်။
ပေါင်းမြက်အန္တရာယ်ကိုယခုကဲ့သို့ပြောနေရခြင်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပေါင်းမြက်ကြောင့် သီးနှံအထွက် ၅ ရာခိုင်နှုန်း၊ အလယ်အဆင့်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ (၁၀-၁၅)ရာခိုင်နှုန်း၊ ဖွံ့ဖြိုးစနိုင်ငံ တွေမှာတော့ သီးနှံအထွက် ၂၆ ရာခိုင်နှုန်းအထိဆုံးရှုံးနေရပြီး ၊ အထူးသဖြင့်ပေါင်းမြက်ကို ထိထိရောက်ရောက် မကာကွယ်၊ မနှိမ်နင်းနိုင်ပါက သီးနှံအထွက် ၆၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ကြောင်း သုတေသန ပြုလုပ်ချက်များအရ သိရှိရပါသည်။
ပေါင်းမြက်များ သံသရာပြတ်အောင်နှိမ်နင်းနိုင်ရန်အတွက် ကာကွယ်ရန်နည်းလမ်းများမှာ .....
(၁) ထွန်ရေးညက်ညက်ထွန်ပါ။
(၂) တမန်းပုတ်အောင်ထားပါ။
(၃) မြက်ခေါင်းလုံးဝမကျန်အောင် ပြောင်စင်အောင်ကောက်ပါ။
(၄) စိုက်ခင်းထဲ ပေါင်းစတင်ပေါက်ချိန်မှာပင် ပေါင်းကိုနိုင်အောင်နှိမ်နင်းပေးပါ။
(၅) မသန့်တဲ့မျိုး(ပေါင်းစေ့ပါနေတဲ့မျိုး) ကိုမစိုက်ပါနှင့်။
(၆) သန့်စင်ပြီး မျိုးစပါးကိုသာမျိုးအဖြစ်စိုက်ပျိုးပါ။
(၇) ပေါင်းမြက်မရှိသောလယ်ကွက်ကိုဖြတ်သန်း၍ ပေါင်းမြက်ရှိသောလယ်ကွက်မှစပါးများကို မသယ်ယူရပါ။
(၈) ပေါက်ရောက်သောပေါင်းအမျိုးအစားအလိုက် ပေါင်းသတ်ဆေးကိုစနစ်တကျသုံးစွဲပေးပါ။
(၉) စိုက်ခင်းအတွင်းပေါင်းမြက်သိပ်ထူထပ်လာလျှင် တစ်ရာသီ၊နှစ်ရာသီ မစိုက်ဘဲလှပ်ထားခြင်း (သို့) စပါး မစိုက်ဘဲ အခြားပဲမျိုးစုံ၊ ဆီထွက်သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း တို့ပြုလုပ်ပေးနိုင်ပါရန် ရေးသားတင်ပြအပ်ပါသည်။
🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃
Sources : အောင်ဆန်း(စိုက်ပျိုးရေး)