menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ပြောင်းဖူး နှင့် ပဲမျိုးစုံ စိုက်ပျိုးနည်းစနစ်"
🌿🌽🌿🌽🌿🌽🌿🌽🌿🌽🌿
➡️ သီးနှံနှစ်မျိုးသုံးမျိုးကို တွဲဖက်၍ဖြစ်စေ တစ်မျိုးပြီးတစ်မျိုး စိုက်ပျိုး၍ဖြစ်စေ အကျိုးအမြတ်ဝင်ငွေရရှိရေးအတွက် လယ်မှာဖြစ်စေ ယာမှာဖြစ်စေဆောင်ရွက်သင့်ပါသည်။ ထိုသို့တွဲဖက်စိုက်ပျိုးသင့်သည့် သီးနှံနှစ်မျိုးကိုဖေါ်ပြလိုသည်။ ပြောင်းဖူးနှင့် ပဲမျိုးစုံဖြစ်ပါသည်။ ပြောင်းဖူးနှင့်ပဲမျိုးစုံကိုအောက်ပါအတိုင်း တွဲဖက်စိုက်ပျိုးနိုင်ပါသည်။
(၁) သီးညှပ်စိုက်ပျိုးနည်းစနစ် (Intercropping)
(၂) သီးဆင့်စိုက်ပျိုးနည်းစနစ်(Relay cropping) နှင့်
(၃)သီးလှည့်စိုက်ပျိုးနည်းစနစ်(Rotation) တို့ဖြစ်ပါသည်။
(၁) သီးညှပ်စိုက်ပျိုးနည်းစနစ်
ပြောင်းဖူးနှင့်ပဲမျိုးစုံကို မြေတစ်ကွက်တည်းပေါ်တွင် တစ်ပြိုင်တည်း စိုက်ပျိုးခြင်းဖြစ်သည်။ သီးနှံနှစ်မျိုးလုံးကို ကြဲပက်စိုက်တာ ဖြစ်ချင်ဖြစ်မည်။ ပြောင်းဖူးကို အတန်းလိုက်စိုက်တာ ဖြစ်ချင် ဖြစ်မည်။ သီးနှံနှစ်မျိုးလုံးကို သူ့အတန်းနှင့်သူ ဖြစ်ချင်လည်းဖြစ်မည်။ ရိတ်သိမ်းသည့်အခါ ရင့်မှည့်သည့်သီးနှံကို ရင့်မှည့်ချိန်တွင် ရိတ်သိမ်းရန်ဖြစ်သည်။ သီးနှံနှစ်မျိုးလုံး စိုက်ချိန်တူသော်လည်း ရိတ်သိမ်းချိန် တူချင်မှတူပါမည်။ ဒါက သီးညှပ်စိုက်ပျိုးနည်းစနစ်၏ သဘောသဘာဝပင်ဖြစ်သည်။ အထွက်အနေနှင့် ပြောင်းဖူးသီးနှံကို သူ့ချည်းသီးသန့်စိုက်တာနှင့်နှိုင်းယှဉ်လျှင် ပြောင်းဖူးကို ပဲမျိုးစုံနှင့် သီးညှပ် စိုက်တာက အထွက်လျော့သည်။ ပဲမျိုးစုံသီးနှံသည်လည်း ထို့အတူပင်ဖြစ်သည်။ သီးညှပ်အထွက်သည် သီးသန့်စိုက်သည်လောက် မထွက်သည်ကို တွေ့ရှိရသည်။ သို့သော် ပြောင်းဖူးတစ်တင်း ရရှိရန်နှင့် ပဲမျိုးစုံတစ်တင်းရရှိရန် သီးညှပ်စိုက်ပျိုးခြင်းက သီးသန့်စိုက်ပျိုးခြင်းထက် စိုက်ပျိုးထုတ်လုပ်ရသည့် ကုန်ကျစရိတ်နည်းသဖြင့် စိုက်ပျိုးသူအတွက် စီးပွားရေးတွက်ခြေကိုက်ကာ ဝင်ငွေပိုမိုကောင်းကြောင်း သိရပါသည်။
အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများတွင် ပြောင်းဖူးနှင့် ပဲစဉ်းငုံ သီးညှပ်စိုက်ပျိုးသည့်အခါ ပြောင်းဖူးကို(၄) တန်းနှင့် ပဲစဉ်းငုံကို ၂ တန်း ထားရှိစိုက်ပျိုးကြောင်းသိရသည်။ အဆိုပါ စိုက်ပျိုးနည်းစနစ်သည် အမြင့်ဆုံးအကျိုးအမြတ်ဝင်ငွေကို ရရှိကြောင်း လေ့လာသိရှိရပါသည်။ ပဲစဉ်းငုံသီးနှံသည် ခြောက်သွေ့မှုဒဏ်ကို ခံနိုင်သည်။ ထို့ကြောင့် အာရှ၊ အာဖရိကဒေသတို့တွင် နှံစားသီးနှံနှင့် သီးညှပ်စိုက်ပျိုးသည့် သီးနှံအဖြစ် ထင်ရှားနေခြင်းဖြစ်သည်။ ပဲစဉ်းငုံသီးနှံက အမြစ်နက်ရှိုင်းစွာထိုးဝင်သည့် သီးနှံဖြစ်သည်။ ထို့ကြောင့် ရေအစိုဓာတ်ရယူမှုတွင် ပြောင်းဖူးနှင့် ယှဉ်ပြိုင်လုယက်ခြင်း မရှိနိုင်ပါ။ ပဲစဉ်းငုံပင်သည် အစောပိုင်းကာလတွင် ကြီးထွားမှုနှေးသော သဘာ၀ရှိသဖြင့် ပြောင်းဖူးပင်ကို ကောင်းမွန်လွတ်လပ်စွာ ရှင်သန်ခွင့်ပေးထားသလိုဖြစ်သည့် သီးနှံတစ်မျိုးပင် ဖြစ်ပါသည်။
(၂) သီးဆင့်စိုက်ပျိုးနည်းစနစ်
မြေတစ်ကွက်တည်းပေါ်တွင် စိုက်ပျိုးသော်လည်း သီးနှံနှစ်မျိုးသည် တစ်မျိုးနှင့်တစ်မျိုး စိုက်ချိန် တူညီခြင်းမရှိပါ။ တစ်ခုက စိုက်ချိန်စောသည်။ တစ်ခုက နောက်ကျပြီးမှ စိုက်ပျိုးတာဖြစ်သည်။ သို့သော် သီးနှံနှစ်မျိုးလုံး သည် မြေတစ်ကွက်တည်းပေါ်တွင် ၎င်းတို့၏ကြီးထွားမှု ဘဝသက်တမ်း အစိတ်အပိုင်း ကာလတစ်ခုအကြာ အတူရှိနေချိန်ရပါသည်။ ရိတ်သိမ်းသည့်အခါ ရင့်မှည့်သည့်သီးနှံကို ရင့်မှည့်ချိန်တွင် ရိတ်သိမ်းတာဖြစ်သည်။ သီးနှံနှစ်မျိုးလုံးသည် စိုက်ချိန် မတူညီသကဲ့သို့ ရိတ်သိမ်းချိန်လည်း တူညီမှု မရှိသည်ကိုတွေ့ရှိနိုင်ပါသည်။ ဒါက သီးဆင့်စိုက်ပျိုးနည်းစနစ်၏ သဘောသဘာဝဖြစ်ပါသည်။ သီးဆင့်စိုက်ပျိုးနည်းစနစ်ကို ဘရာဇီးလ်၊ ကိုလမ်ဘီယာနှင့် အမေရိက အလယ်ပိုင်းဒေသများတွင် ဆောင်ရွက် ကြောင်းသိရသည်။
ပြောင်းဖူးသီးနှံကို မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးသည်။ ပဲမျိုးစုံသီးနှံကို ပြောင်းဖူးပင်များ အကြား၌ သြဂုတ်နှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးသည်။ ဂါနာနိုင်ငံမြောက်ပိုင်း ဒေသများတွင်မူ ပြောင်းဖူးသီးနှံမစိုက်ပျိုးမီ သုံးပတ်မှ ခြောက်ပတ်အလိုတွင် ပဲလွမ်း သီးနှံကို စိုက်ပျိုးကြောင်းသိရသည်။ ပြောင်းဖူးသီးနှံမပေါ်မီ အာဟာရပြည့်ဝသည့် ပဲလွမ်းသီးနှံကို ဦးစွာ စားသုံးရန်ဖြစ်သည်။ ထို့ပြင် ပဲလွမ်းသီးနှံက မြေဆီလွှာကို နိုက်ထရိုဂျင် ထောက်ပံ့သဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
(၃) သီးလှည့်စိုက်ပျိုးနည်းစနစ်
ပြောင်းဖူးသီးနှံက မြေဆီအာဟာရ စားသုံးမှုများသည့်သီးနှံဟုဆိုခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ပြန်လည်ဖြည့်ဆည်းဖို့လိုသည်။ ထိုအာဟာရဓာတ်ကို ပဲမျိုးစုံသီးနှံများကသာ ရနိုင်ပါသည်။ သို့ဖြစ်ရာ ပြောင်းဖူးစိုက်သည့် မြေပေါ်မှာ ပဲမျိုးစုံသီးနှံကို ရာသီတစ်ခုခုတွင် စိုက်ဖို့လိုသည်။ ပဲလွမ်း၊ ပဲပုပ် စသည့် ပဲမျိုးစုံသီးနှံတို့နှင့် ပြောင်းဖူးကို သီးလှည့်စိုက်ပျိုးခြင်းသည် ပြောင်းဖူးအထွက် အမြင့်ဆုံးကို ရရှိစေသည်ဟု ဆိုပါသည်။ လေ့လာမှုတစ်ခုက ဖေါ်ပြသည်မှာ ပြောင်းဖူးနှင့် ပဲမျိုးစုံ သီးလှည့်စိုက်ပျိုးခြင်းသည် ပြောင်းဖူးသီးနှံအတွက် အော်ဂဲနစ်ပစ္စည်း ရရှိစေသည်။ ထိုမျှမက နိုက်ထရိုဂျင်အာဟာရကိုလည်း ရရှိစေသည်။ ထို့ကြောင့် ပြောင်းဖူးအထွက် ၂၅ ရာခိုင်နှုန်း တိုးတက်စေသည်ဟု သိရသည်။
စမ်းသပ်ချက်တစ်ခုတွင် ပြောင်းဖူးမတိုင်မီ ပဲပုပ်စိုက်ပျိုးခြင်းသည် ပြောင်းဖူးသီးနှံမတိုင်မီ မည်သည့်သီးနှံကိုမျှ မစိုက်ပျိုးခြင်းထက် ပြောင်းဖူးအထွက် နှစ်ဆရရှိကြောင်း သိရသည်။ ပဲပုပ်သီးနှံ သည် ပြောင်းဖူးသီးနှံအတွက် မြေအစိုဓာတ်ကိုထိန်းသိမ်းပေးသည်။ ထိုမျှမက မြေဆီလွှာတိုက်စား ခြင်းကိုလည်း ကာကွယ်ပေးကြောင်း ဖေါ်ပြထားပါသည်။ ထို့ပြင် သီးလှည့်စိုက်ပျိုးနည်းစနစ်၏ အကျိုးကျေးဇူးမှာ မြေတစ်ကွက်တည်းမှ သီးနှံနှစ်မျိုး၏ အထွက်ကို ရရှိစေရုံမျှမက ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှုကိုလည်း လျော့ပါးစေကြောင်း လေ့လာသိရှိရပါသည်။
➡️ပြောင်းဖူးနှင့် ပဲမျိုးစုံသီးနှံတို့၏ သဘောသဘာဝ .....
ပြောင်းဖူးနှင့် ပဲမျိုးစုံတို့သည် သဘာဝအားဖြင့် မတူညီသည့် သီးနှံများဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ်အနေဖြင့်ဆိုလျှင် ပြောင်းဖူးမှာ တစ်ကျင်းကို မျိုးစေ့ နှစ်စေ့၊ သုံးစေ့ စသည်ဖြင့် စိုက်ပျိုးရသည့် သီးနှံဖြစ်သည်။ ပဲမျိုးစုံမှာ ထိုသို့မဟုတ်ပါ။ ကြဲပက်၍သော်လည်းကောင်း အတန်းလိုက်စိုက်ပါက အတန်းအတွင်း သော်လည်းကောင်း မျိုးစေ့များစွာကို ဖြူးချစိုက်ပျိုးရသည့် သီးနှံ ဖြစ်သည်။ တစ်ဧကတွင် စိုက်ပျိုးရသည့် အပင်ဦးရေဆိုလျှင် ပြောင်းဖူးက နည်းသည့်သီးနှံ၊ ပဲမျိုးစုံမှာမူ အပင်ဦးရေ များများစိုက်ပျိုးရသည့် သီးနှံမျိုးဖြစ်သည်။ နည်းခြင်းများခြင်းသတ်မှတ်မှုမှာ တစ်ဧကတွင် အပင်ဦးရေ ၄၀,၀၀၀ အောက်ဆိုလျှင် နည်းသည် ၈၀,၀၀၀ အထက်ဆိုလျှင် များသည်ဟု သီးနှံစိုက်ပျိုးရေးစနစ် အမြင်ဖြင့် ပြောခြင်းဖြစ်ပါသည်။ အပင်အရပ်အနေဖြင့် ကြည့်ဦးမည်လား။ ပြောင်းဖူးက အပင်မြင့်မားသည့် သီးနှံဖြစ်ပြီး ပဲမျိုးစုံက အပင်နိမ့်အမျိုးအစား ဖြစ်သည်။ ရင့်မှည့်ရိတ်သိမ်းရန် လိုအပ်သည့်ကာလကို ကြည့်လျှင်လည်း ပြောင်းဖူးက “အသက်လျင်” သည့် သီးနှံဖြစ်ပြီး ပဲမျိုးစုံက “အလွန်အသက်လျင်”သည့် သီးနှံ အမျိုးအစားဖြစ်သည်။သက်တမ်းရက် ၁၀၀ မှ ၁၄၀ ကို အသက်လျင်သည်၊ သက်တမ်းရက် ၁၀၀ အောက်ဆိုလျှင် အလွန်အသက်လျင် သည်ဟု သီးနှံစိုက်ပျိုးရေးစနစ်အမြင်ဖြင့်ပင် သတ်မှတ် ပြောဆိုခြင်း ဖြစ်ပါသည်။ ချွင်းချက်အားဖြင့် ပဲမျိုးစုံသီးနှံများတွင် ပဲစဉ်းငုံသီးနှံမှာ အခြားပဲမျိုးစုံသီးနှံများနှင့် မတူညီသော အသက်ရက်၊ အပင်အမြင့်၊ စိုက်ပျိုးစနစ်တို့ ရှိသည်ကို အများနားလည်မည်ဟု ယူဆပါသည်။
အာဟာရရှုထောင့်မှ ကြည့်ပါဦးမည်။ မည်သည့် ပဲမျိုးစုံသီးနှံဖြစ်စေလေထဲမှနိုက်ထရိုဂျင်ကို ဖမ်းယူပြီး မြေဆီ လွှာဖွံ့ဖြိုးမှုကို ဖြစ်စေသည်။ ပြောင်းဖူးသီးနှံမှာ ပြောင်းပြန်ဖြစ်သည်။ ပြောင်းဖူးသီးနှံက မြေဆီသြဇာ ဆုတ်ယုတ်စေသည့်သီးနှံလို့ ပြောနိုင်သည်။ ပြောင်းဖူးသီးနှံသည် အာဟာရအစားကြီးသည့် သီးနှံဖြစ်ပါသည်။ ဤသဘာဝမတူညီသော သီးနှံနှစ်မျိုးကို ကမ္ဘာ့စိုက်ပျိုးရေးနိုင်ငံ အတော်များများတွင် နည်းစနစ် အမျိုးမျိုးဖြင့် တွဲဖက်စိုက်ပျိုးကြောင်း သိရသည်။ ထိုသို့ပြောင်းဖူးနှင့်ပဲမျိုးစုံကို ကောင်းမွန်စွာ တွဲဖက်နိုင်လျှင် တောင်သူလယ်သမားများအတွက် အကျိုးရှိမှာ သေချာပါသည်။ မြေတစ်ကွက်တည်းပေါ်တွင် နှစ်စဉ် ပြောင်းဖူးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို အဓိကထား ဆောင်ရွက်သည့် ဒေသများတွင် သင့်တော်ရာ သီးညှပ်၊ သီးဆင့်၊ သီးလှည့်စနစ်ဖြင့် ပဲမျိုးစုံသီးနှံ တစ်မျိုးမျိုးကို မဖြစ်မနေပါဝင်စေလျှက် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
Sources : ဆင်းသီဟ (နည်းပညာအခြေခံ လယ်ယာဖွံ့ဖြိုးရန်)