menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲမျိုးစုံ အဖူးအပွင့်ဝင်ချိန်တွင် ပိုးမွှားကျရောက်မှု သတိပြုပါ။
✡️
ပဲမျိုးစုံ အဖူး၊ အပွင့်ဝင်ချိန်တွင် ပိုးမွှား ကျရောက်မှု သတိပြုပါ
✡️
🌿ပဲအမျိုးမျိုးဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစဉ်းငုံ၊ ပဲလွမ်း၊ မြေထောက်ပဲတို့ကိုစိုက်ပျိုးလျှင် မျိုးကွဲအလိုက် အပင်ဖြစ်ထွန်းမှု၊ ကိုင်းဖြာထွက်မှု၊အပင်သက်တမ်း၊ ပန်းပွင့်ချိန်၊ သီးတောင့်ဖြစ်ပေါ်ချိန်၊ အပင်ရောဂါနှင့်ပိုးမွှားဒဏ်ခံနိုင်ရည်ရှိမှုစသည်တို့ကို လေ့လာပြီးမှရွေးချယ်စိုက်ပျိုးသင့်သည်။ ပဲတစ်မျိုးချင်းအလိုက် ဒေသမျိုးများရှိသကဲ့သို့ သုတေသနပြုထုတ်လုပ်ထားသည့် မျိုးကွဲပေါင်းများစွာ ရှိပါသည်။
🌿ပဲမျိုးစုံတွင် ကျရောက်သောပိုးမွှားများသည် ပေါင်းမြက်များ၊ ပဲရိုင်းပင်များမှလည်းပျံနှံ့လာနိုင်ကြသည်။ ပဲပင်များကိုသာမကအပင်မျိုးစုံကိုစားသောက်ဖျက်ဆီးကြသော အစုံစားဖျက်ပိုးများလည်းရှိကြသည်။ လှေး၊ ကျိုင်း ဖျက်ပိုးသည် မတ်ပဲ၊ ပဲလွမ်းတွင်ပိုမိုကျရောက်ပြီး မုန်ညင်း၊ မုန်လာပင်များတွင်လည်း ကျရောက်လေ့ ရှိပါသည်။ ပဲကြမ်းပိုး သည်ပြောင်း၊ အာလူး၊ ဝါ နှင့် ဆေးရွက်ကြီးပင်များမှ ပဲပင်များသို့ ကူးစက်ကျရောက်တတ်သည်။ ထို့ကြောင့်ပဲစိုက်ခင်း ပတ်လည်ရှိသီးနှံစိုက်ခင်းများကိုလည်း ဂရုပြုကြ ရမည်။ ပဲကြမ်းပိုးသည် ပဲပင် ပန်းစတင်ပွင့်ချိန် နှင့်ပဲစေ့ အဆံတည်ချိန်တွင်ဆိုးရွားစွာကျရောက်လေ့ရှိပြီး ပဲပုပ်နှင့် ပဲလွမ်းတွင်ပို၍ ကျရောက်တတ်သည်။
🌿အချို့သောဖျက်ပိုးများသည် ပဲစတင်စိုက်ပျိုးပြီး ရှေ့ပိုင်းတစ်လခန့်အတွင်း ကျရောက်တတ်သော်လည်း ဖျက်ပိုးအများစုမှာ ပန်းပွင့်ချိန်၊ အစေ့အဆံတည်ချိန်၌ ကျရောက်မှုများသည်။ ထိုအချိန်တွင်ပျပိုးသည် မတ်ပဲ နှင့် ပဲလွမ်းတွင်ကျရောက်သည်။ ပဲစဉ်းငုံတွင်လည်း ပန်းပွင့်ချိန်ဖျက်ပိုးကျရောက်မှု များပြားသည်။ ပဲစဉ်းငုံပင်၏အရွက်နုများနှင့် သီးတောင့်နုများတွင်ကျလေ့ရှိသည်။ လှေးပိုးသည်ပဲလွမ်းတွင်ကျရောက်မှု များပြီး အပင်ငယ်မှ အသီးစတင်ဖြစ်ချိန်အထိ ကျရောက်သည်။ ပဲမျိုးစုံတွင်ပဲလွမ်းသည်ဖျက်ပိုးကျရောက်မှု ပိုများသည်။ ရာသီဥတု ပူပြင်းလျှင်ပိုးမွှားများ ပိုမိုပေါက်ပွားသည်။
🌿ပဲသီးစားပိုး၊ ပဲတောင့်ထိုးပိုးသည် ဝါ၊ ခရမ်း၊ ခရမ်းချဉ်၊ အာလူး၊ ဆေးရွက်ကြီး၊ နှမ်း၊ ငရုတ်၊ ပြောင်းပင်များ တွင်ကျရောက်သကဲ့သို့ ပဲမျိုးစုံတွင်လည်းကျရောက်သည်။ ကုလားပဲတွင်သီးလုံးဖြစ်ချိန်တွင်ကျရောက်မှု များပြားသည်။ သီးလုံးဖောက်ပိုးအများစုသည်ပန်းစပွင့်ချိန်တွင် ဖလံအမမှ ပန်းပွင့်ပေါ်သို့ ဥအုချသည်။ ဥမှပေါက်ဖွားလာသော လောက်ကောင်ကြီးထွားချိန်နှင့် သီးတောင့်ဖြစ်ချိန်၊ အစေ့အဆံဖြစ်ချိန်သည် ချိန်ကိုက်၍ ဖြစ်တည်စေသဖြင့် ပဲမျိုးစုံပင်များတွင်ပန်းပွင့်ချိန်၌ ပိုးသတ်ဆေးဖျန်းရန်၊ ဖျက်ပိုးကာကွယ်ရန် ပိုမိုဂရုစိုက်သင့်သည်။ ပဲသီးတောင့်ဖြစ်ပေါ်ချိန်မှပိုးကျရောက်ခြင်း မဟုတ်ပဲ ပန်းပွင့်ချိန်တွင်ဖျက်ပိုးစတင်ကျရောက်ခြင်းကို သတိပြုကြရန်လိုပါသည်။
🌿အရွက်၊ အဖူး၊ အပွင့်၊ သီးကင်းတွင် ပိုးသည် ကိုက်ဖြတ်စားသောက် သည်။ ပိုးလောက်ကောင်၏ ဦးခေါင်း နှင့် ခန္ဓာကိုယ်တစ်ဝက်သည် အသီးအတွင်းသို့ဝင်ရောက်စားသည်။ ခန္ဓာကိုယ်အောက်ပိုင်းသည် သီးလုံးအပြင်တွင်ရှိနေတတ်သည်။ ကုလားပဲတွင်သီးလုံးကိုကိုက်ဖောက်ဝင်ရောက်ပြီး ကုလားပဲသီးလုံးထဲ၌ ခွေခေါက်ပြီး အသီးတောင့်ထဲ၌ နေထိုင်စားသောက် သည်။ ပြောင်းဖူးတွင် ဖျက်ပိုးသည် ပြောင်းဖူးဖက်များအားထိုးဖောက်ကိုက်ဖြတ်၍ ပြောင်းဖူးအတွင်းနေထိုင်ကာ ပြောင်းဖူးစေ့များကိုစားသောက် သည်။ ဖျက်ပိုးများသည် လူမမြင်ရသောလုံခြုံသည့်အတွင်းပိုင်းနေရာများ တွင်ခိုအောင်းနေထိုင် စားသောက်တတ်သောအလေ့အထရှိကြသည်။ ပြောင်းဖူးတွင်ဖက်ကိုခွာကြည့်မှ ပိုးကောင်ကိုမြင်ရတတ်သည်။ ထို့ကြောင့် အဖူး၊ အပွင့်၊ အသီးထဲဝင်ရောက်ဖျက်စီးတတ်သော ဖျက်ပိုး များကျရောက်မှုကို အပင်၏ အနီးတစ်ဝိုက်တွင် အစိမ်းမဲရောင်ပိုးချေးများကိုရှာဖွေကြည့်ပြီး သိနိုင်ပါသည်။
🌿ပဲတောင့်ထိုးပိုးသည်ကုလားပဲသီးလုံးမှလွဲ၍ ပဲတောင့်ရှိသောပဲပင်မှန်သမျှတွင် ကျရောက်ဖျက်စီး တတ် သည်။ ကုလားပဲတွင် သီးလုံးဖောက်ပိုးကျရောက်တတ်ပါသည်။ ပဲပင်မှန်သမျှတွင် အဖူး၊ အပွင့်၊ အသီး စတင်ဖြစ်ချိန်တွင် အစက်အပြောက်ပဲတောင့်ထိုးပိုး၊ ပျ၊ သီးလုံးဖောက်ပိုး၊ ပဲကြမ်းပိုးစိမ်းတို့ကိုသတိပြုရမည်။ ပန်းပွင့်ပြီးနောက်ပိုင်း၌ ပဲတီစိမ်းတွင်ယင်ဖြူ ကျရောက် တတ်သည်။ ကုလားပဲရင့်မှည့်ပြီးနောက်ပိုင်း နောက်ကျရိတ်သိမ်းရသော စိုက်ခင်းများ၌ ပဲစေ့ထိုးပိုးကျရောက်မှု ကိုဂရုပြု ကာကွယ်ကြရန်လိုအပ်ပါသည်။
Source-
စိုက်ပျိုးရေးရာအကြံပြုချက်များ ။
မြန်မာတောင်သူကြီးများဂျာနယ်။