menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲမျိုးစုံ နှင့် သံချေးရောဂါ
🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃
Rust (Uromyces appendiculatus)
ရောဂါကျရောက်မှု လက္ခဏာ
--------------------------
သံချေးရောဂါ၏ယေဘူယျလက္ခဏာမှာ အရွက်နှင့်အသီးတောင့်များပေါ်တွင် နီညိုရောင် အဝိုင်းပုံ အဖုငယ်များဖြစ်ပေါ်ခြင်းဖြစ်သည်။ ၎င်းအဖုငယ်များသည်ပင်အပ်ခေါင်းအရွယ် (သို့) အနည်းငယ်ပို၍ကြီး နိုင်သည်။ ရောဂါဝင်ရောက်ပြီး (၅-၆)ရက်အကြာတွင် တွေ့ရသောကနဦးလက္ခဏာမှာ အနည်းငယ် မို့မောက်သော အဖြူရောင်အဖုငယ်များဖြစ်သည်။ (၇-၉)ရက်ခန့်အကြာတွင်မူ ၎င်းအဖုငယ်များ ပေါက်ထွက်လာပြီး နီညိုရောင် ယူရီဒီယိုစပိုးများ စတင်ထုတ်သည်။ ရက်သတ္တပတ်အနည်းငယ် အကြာတွင် ယူရီဒီယိုစပိုး ထုတ်လုပ်မှုရပ်သွားပြီး အနက်ရောင်တီလီယိုစပိုးများထွက်သည်။ ရောဂါပြင်းထန်လွန်းပါက ရောဂါရအရွက်တစ်သျှူးများသေကုန်ပြီး စိမ်းဝါဖျော့ရောင်မှ အဝါရောင်သို့ပြောင်းကာ တစ်ရွက်လုံးခြောက်သေသွားသည်။
ရောဂါသံသရာ
------------
ပဲမျိုးစုံသံချေးရောဂါဖြစ်စေသောမှိုမျိုးကွဲပေါင်းမှာ (၂၅၀)ခန့်ရှိသည်။ ၎င်းသည်မျိုးစေ့ဆောင်ရောဂါ မဟုတ်ပါ။ မှို၏စပိုးများသည်လယ်ယာသုံးကရိယာများ၊ အင်းဆက်နှင့်တိရိစ္ဆာန်များတွင် တွယ်ကပ် ပါသွားခြင်းဖြင့်တစ်ခင်းမှတစ်ခင်းသို့ကူးစက်နိုင်သည်။ အရပ်ဒေသတစ်ခုမှ အခြားအရပ်ဒေသတစ်ခုသို့ လေမှတစ်ဆင့်ကူးစက်သည်။ ရောဂါတိုးတက်မှုသည်ပတ်ဝန်းကျင်အပူချိန်နှင့် အပင်၏မျက်နှာပြင် အစိုဓာတ်တို့ပေါ်တွင်မူတည်သည်။ အပူချိန်(၂၈)ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါက စပိုးမျိုးညှောင့် မပေါက်နိုင်ပါ။ အပူချိန်(၃၂)ဒီဂရီစင်တီဂရိတ် အထက်တွင်ကြာရှည်စွာတည်ရှိနေပါက ရောဂါဖြစ်စေမှိုကိုသေစေနိုင်သည်။
ကာကွယ်နှိမ်နင်းနည်းများ
-----------------------
▪️ ဒေသအလိုက်ခံနိုင်ရည်ရှိသောမျိုးများကိုစိုက်ပျိုးပါ။
▪️ ရောဂါလက္ခဏာစတွေ့သည်နှင့် “ဟက်ဇာဂွန်၊ ဆာဗိတ်၊ ဇိုလာ” မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် (၇-၁၀)ရက်ခြားတစ်ကြိမ်ပက်ဖျန်းပေးပါ။
▪️ ပဲမျိုးရင်းဝင်မဟုတ်သောသီးနှံများနှင့် အလှည့်ကျစိုက်ပျိုးပါ။
▪️ ရောဂါရပင်ကြွင်းပင်ကျန်များကို စုပုံမီးရှို့ပါ။
▪️ ရောဂါဖြစ်စေမှိုကြီးထွားတိုးတက်မှုကို ဖြစ်စေသောပတ်ဝန်းကျင်အခြေအနေ (အထူးသဖြင့် အပူချိန် နှင့် အစိုဓာတ်ရရှိသည့်ကာလ)ကိုရှောင်ကြဉ်နိုင်ရန် မိမိတို့ဒေသအလိုက်စိုက်ချိန်ကို ချိန်ဆစိုက်ပျိုးပါ။
Sources : သီးနှံကာကွယ်ရေးဌာနခွဲ