menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲမျိုးစုံတွင် ကျရောက်သည့် ဖားဥမှိုရောဂါ ကာကွယ်နှိမ်နင်းနည်း
✅ပဲမျိုးစုံတွင် ကျရောက်သည့် ဖားဥမှိုရောဂါ ကာကွယ်နှိမ်နင်းနည်း✅ ➖🔹➖🔹➖🔹➖🔹➖🔹➖
🔹ဒီတစ်ပတ် တောင်သူလယ်သမားကြီးများကို ဆွေးနွေးပေးချင်တဲ့ အချက်ကတော့ ပဲမျိုးစုံမှာကျရောက်တဲ့ ဖားဥမှိုရောဂါကိုဘယ်လိုကာကွယ်နှိမ်နင်းရမလဲဆိုတဲ့ နည်းပညာပါပဲ။မတ်ပဲခင်းတော်တော်များများဟာ အရွက်တွေစိမ်းမနေဘဲ ဖြူဖွေးဖွေးအရောင်လို ဖြစ်နေတာတွေ့ရပါက ပဲပင်ကို သေချာကြည့်မိရင် ပဲပင်ဟာဖားဥမှိုရောဂါ (Powdery Mildew) ခံစားနေရတာကို သိလိုက်ရပါတယ်။
🔹ဖားဥမှိုရောဂါဟာ ပဲမျိုးစုံအားလုံးမှာကျရောက်နိုင်တဲ့အပြင် တချို့ပန်းပင်နွယ်ဝင် အပင်တွေမှာလည်း ကျရောက်နိုင်ပါတယ်။ ရာသီဥတုအေးပြီး ခြောက်သွေ့နေရင် ဖားဥမှို ပိုပြီးကျရောက်နိုင်ပါတယ်။ သီးနှံပင်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ အရွက်၊ပင်စည်၊ အညွှန့်အဖူး၊ ပန်းပွင့်၊ အသီးအတောင့်တွေမှာ ကျရောက်နိုင်ပါတယ်။ မှိုရောဂါရဲ့ စပိုးများဟာ လေနဲ့ပျံ့လွင့်ကူးစက်ပြီး အပင်ကြီးထွားမှုအဆင့်တိုင်းမှာ ကျရောက်နိုင်ပါတယ်။ ရောဂါမှိုဟာ ရောဂါဖြစ်နေတဲ့ အသီး၊ အတောင့်၊ အစေ့၊ အရွက်၊ အပင်အကြွင်းအကျန်တွေနဲ့ မြေဆီလွှာအတွင်းမှာ ခိုအောင်းနေပြီး လေ၊ ရေ၊ အင်းဆက်များမှတစ်ဆင့် တစ်ပင်မှတစ်ပင်၊ တစ်ခင်းမှတစ်ခင်း လျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်ပါတယ်။
🔹ဖားဥမှိုရောဂါ ကျရောက်ပြီဆိုရင် အရွက်များပေါ်မှာ အရောင်မညီညာတဲ့အကွက်များ စတင်တွေ့ရပါတယ်။ နောက်ပိုင်းမှာ သေးငယ်တဲ့ အဖြူရောင်ကွက်များဖြစ်လာကာ အဖြူရောင်အကွက်ငယ်များ ပေါင်းစပ်သွားပြီး တစ်ရွက်လုံး အဖြူရောင်များ ဖုံးလွှမ်းသွားပါတယ်။ အဝေးကကြည့် ရင် ပေါင်ဒါမှုန့် ဖြူးထားသလို မြင်တွေ့ရပါတယ်။ အနီးကပ်ကြည့်ရင်တော့ ဖားဥကလေးများ ဆက်ထားပြီး အပျဉ်လိုက် ဥထားသလို တွေ့ရတဲ့အတွက် ဖားဥမှိုလို့ ခေါ်ကြတာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အရွက်များဝါလာပြီး ခြောက်သွားပါတယ်။
🔹အပွင့်၊ အသီးများလည်း မဖွံ့ဖြိုးလာတော့ဘဲ သေးကွေးကြုံလှီလာပြီး ပုံပျက်ကာ ခြောက်သေသွားစေပါတယ်။ သီးနှံအထွက်လည်း သိသိသာသာ ကျဆင်းသွားပါတယ်။ဖားဥမှိုရောဂါဟာ လေ၊ ရေ၊ အင်းဆက်တွေနဲ့ လွယ်လွယ်ပျံ့နှံ့ကူးစက်နိုင်တဲ့အတွက် ရောဂါကျပြီဆိုတာနဲ့ အချိန်တိုအတွင်းမှာ တစ်ခင်းလုံး၊ တစ်ကွင်းလုံး ကူးစက်ပျံ့နှံ့သွားစေတဲ့အတွက် အထူးသတိပြု သင့်ပါတယ်။ ဒီရောဂါကို ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းမှု မပြုလုပ်မိလို့ဆိုးဆိုးရွားရွား အခြေအနေအထိဖြစ်သွားရင်သီးနှံအထွက် ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်ပါတယ်။
🔹ဖားဥမှိုရောဂါကို ကာကွယ်နှိမ်နင်းဖို့ဆိုရင်တော့ - -
ဒေသအလိုက် ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့မျိုးကို ရွေးချယ်စိုက်ပါ။ - ဖားဥမှိုရောဂါကျပြီးတဲ့ အခင်းရဲ့ ပင်ကြွင်းပင်ကျန်များကို မီးရှို့ပစ်ပါ။ - ကန်သင်းပေါ်နဲ့ ပတ်ဝန်းကျင်ရှိ ပဲမျိုးရင်းဝင် အပင်များကို ခုတ်ထွင် ရှင်းလင်း မီးရှို့ပစ်ပါ။ - ပဲစိုက်ပျိုးပြီးပါက သုံးပတ်သားမှစ၍ မှိုသတ်ဆေးတစ်မျိုးမျိုး နဲ့ သုံးကြိမ်ဖျန်းပေးပါ။ - ရာသီဥတုအခြေအနေကိုကြည့်၍ ဖားဥမှိုကျနိုင်တဲ့ရာသီဥတုဖြစ်ပေါ် နေပါက မှိုသတ်ဆေးကိုကြိုတင်ဖျန်းဖို့ သတိပြုဆောင်ရွက်ပါရန် ဖြစ်ပါတယ်။
- အောင်ဆန်း(စိုက်ပျိုးရေး)
- မြန်မာတောင်သူကြီးများဂျာနယ်