menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲစိုက်ပျိုးသူများ ယင်ဖြူ သတိထား
🌿🐛🌿🐛🌿🐛🌿🐛🌿🐛🌿
🔘ဆောင်းရာသီပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုသည် အင်နှင့်အားနှင့်ရှိသည်။ မြန်မာနိုင်ငံ၏ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးမှုသည် မိုးရွာမှုအခြေပြုစိုက်ပျိုးရသဖြင့် မိုးရွာမှရေရရှိပြီး စိုက်ပျိုးရသေ အညာဒေသတွင် မိုးစိုက်ပဲနှင့် မိုးရာသီမှရရှိသော မြေကြီးအစိုဓာတ်မှီ၍ ဆောင်းရာသီစိုက်ကြသော ဆောင်းပဲတို့ရှိကြ သည်။ မိုးများသော မြန်မာနိုင်ငံအောက်ပိုင်းဒေသသည် မိုးကုန်မှ ပဲစိုက်ကြရသည်။ မိုးစပါးတက်သုတ် ရိုက် ရိတ်သိမ်းပြီး မြေမခြောက်ခင်၊ ပဲမျိုးစေ့မြေချစိုက်နိုင်မှအပင်ပေါက်ကောင်းသည်။ ရာသီမှီသည်။ အများဆုံးစိုက်ကြသည့် ဆောင်းပဲမှာ ဈေးကွက်ရှိသော ပဲတီစိမ်းနှင့် မတ်ပဲဖြစ်သည်။
🔘ပဲစိုက်ခင်းများတွင် အပင်ဖြစ်ချိန်ကျသော ဖျက်ပိုးနှင့် အသီးတောင့်အစေ့အဆံဖြစ်ချိန် ကျရောက်သော ဖျက်ပိုးတို့များစွာရှိသည်။ ဤသို့သော ပိုးများစွာထဲမှ ပိုးနှစ်မျိုးကို သတိထားရမည်ဖြစ်သည်။ ၎င်းတို့မှာ ယင်ဖြူနှင့် ပဲပင်စည်ထိုးယင်တို့ဖြစ်သည်။ ယင်ဖြူသည်ပူပြင်းခြောက်သွေ့သောအချိန်တွင် ပို၍တွေ့ရ တတ်သောဖျက်ပိုးဖြစ်သည်။ ဆောင်းရာသီဟုဆိုသော်လည်း နေ့ခင်းနေ့လယ်နေပူရှိန်သည် ပူပြင်းပါ သည်။ ယင်ဖြူသည် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အဓိကကျရောက်သော ဖျက်ပိုးအမျိုးအစား မဟုတ်သော်လည်း ဟင်းသီး ဟင်းရွက် စိုက်ခင်းမှန်သမျှ ကျယ်ကျယ်ပြန့်ပြန့် ကျရောက်တတ်သည်။ ဆောင်းရာသီကလည်း ဒေသအနှံ့၊ နေရာအနှံ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးကြသည်ကများသည်။
🔘ယင်မသည် အကြေးဖြူများရှိနေသည်။ အပင်ကိုလှုပ်ခါကြည့်ပါက အဖြူရောင်ယင်ဖြူများ ပျံထွက်လာ တတ်သည်။ အစာကိုစုပ်စားသည်။ ဖျက်ပိုးများတွင် ကိုက်ဖြတ်စားမှု၊ စုပ်စားမှုနှစ်မျိုးကိုပြုလုပ်သည်။ ယင်ဖြူသည်အပင်ကိုစုပ်စားဖျက်ဆီးပြီး ခန္ဓာကိုယ်ထဲရှိ သယ်ဆောင်နိုင်သော ဗိုင်းရပ်စ်ရောဂါကို အပင်သို့ရောက်ရှိစေပြီး ရောဂါထပ်မံကျစေသည်။
🔘ဥဘဝ ခုနှစ်ရက်၊ အကောင်ဘဝ ၂၈ ရက်နှင့် အကောင်ကြီးဖြစ်ရသဖြင့် ၃၅ရက်ခန့်ဖြင့်ဘဝတစ်ခုပြန်လည် စတင်ဖြစ်ပွားသည်။ ခရမ်း၊ ရုံးပတီပင်များ၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများနှင့် ပဲတီစိမ်း၊ ပဲစင်းငုံစိုက်ခင်းများ တွင်တွေ့ရသည်။ ယင်ဖြူပွားများမှုသည် မိုးနှောင်းရာသီ ဆောင်းသီးနှံများတွင် တွေ့ရှိမှုများပြားသည်။ ပဲတီစိမ်းပင်များတွင် ပန်းပွင့်ပြီးနောက်ပိုင်းတွင် တွေ့ရှိမှုပိုများသည်။
🔘ယင်ဖြူကို စိုက်ခင်းထဲရှိအပင်ကို လှုပ်ခါကြည့်မှု၊ အရွက်၏အောက်မျက်နှာပြင်ကို လှန်ပြီးကြည့်ခြင်းဖြင့် တွေ့နိုင်သည်။ ငြိမ်သက်နေထိုင်တတ်သော ဖျက်ပိုးအမျိုးအစားဖြစ်သည်။ ဥကိုလည်းအရွက်၏ အောက်ဘက်တွင် အုသည်။ ထို့ကြောင့် ဥနှင့် ပိုးကောင်ကို မြင်တွေ့မှုနည်းပါးသည်။ အရွက်လှန်ကြည့်မှ မြင်ရသည်။ အမပိုးကောင်သည် သက်တမ်းတစ်လျှောက် တစ်လခန့် အသက်ရှင်ချိန်တွင် ဥပေါင်း ၁၀၀ ကျော် အုနိုင်သည်။ ဥ အုနိုင်သော အကောင်ကြီးသည် တစ်ပတ်ခန့်ကြာကြာ အသက်ရှင်နေနိုင်သည်။
🔘ကာကွယ်မှုမှာ မီးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် ယင်ဖြူများပျံပြေးသည်။ ဖျက်ပိုးအရေအတွက်များပြားပါက ဝိစာရ ၏ “ကေလာ၊ အေမီဒါ၊ နိုးဝမ်း” ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ပက်ဖျန်း ကာကွယ် နှိမ်နင်းနိုင်ပါသည်။ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်သော ဥတုရာသီဖောက်ပြန်သည့် အချိန်ကာလ မျိုးတွင် ပိုမို ဂရုပြုရသည်။ နေ့ပူ၍ညဘက်အေးချမ်းသော ဆောင်းရာသီကာလမျိုးနှင့် နေ့နှင့်ညအပူချိန် ပြောင်းလဲမှု ကွာခြားသောဒေသမျိုးများတွင် ပိုမို၍ ဂရုပြုသင့်သော ဖျက်ပိုးအမျိုးအစားဖြစ်ပါသည်။
ကိုရဲ(စိုက်ပျိုးရေး)