menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲစင်းငုံ ပင်ဖိုမိုစေ့ရောဂါမဖြစ်ရအောင် “မွှားပင့်ကူ” ကို ကာကွယ်နှိမ်နင်းပါ
🌿🕷🌿🕷🌿🕷🌿🕷🌿🕷🌿
➡️မြန်မာနိုင်ငံမှာ ပဲစင်းငုံသီးနှံကို ဟက်တာ ၆ ဒသမ ၅ သိန်းကျော် စိုက်ပျိုးလျက်ရှိပါတယ်။ လယ်ယာ ထွက်ကုန် ပြည်ပပို့ကုန်ထဲမှာ မတ်ပဲ၊ ပဲတီစိမ်းပြီးရင် ပဲစင်းငုံဟာတတိယနေရာမှာ နေရာယူထား ပါတယ်။ ပဲစင်းငုံဟာ ပြည်ပတင်ပို့မှုမှာရော၊ ပြည်တွင်းစားသုံးမှုမှာပါ အရေးပါတဲ့ အဓိကသီးနှံ ဖြစ်ပါတယ်။ ပဲစင်းငုံသီးနှံကို အထွက်တိုးအောင်ဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်ပပို့ကုန်အတွက် အလားအလာကောင်းများ ရှိနေပါတယ်။
➡️လက်ရှိအခြေအနေမှာ ပဲစင်းငုံအထွက်ကို ဒုက္ခပေးနေတာကတော့ “ပင်ဖိုမိုစေ့ရောဂါ” (Sterile Mosaie)ပဲ ဖြစ်ပါတယ်။ ပင်ဖိုမိုစေ့ရောဂါကို ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းမှု မပြုလုပ်နိုင်ဘူးဆိုရင် အထွက် (၂၅-၃၅) ရာခိုင်နှုန်းအထိ လျော့ကျမှာဖြစ်ပါတယ်။
➡️ဒီရောဂါဟာ အလွန့်အလွန်သေးငယ်တဲ့ မွှားပင့်ကူဆိုတဲ့ အကောင်လေးတွေကြောင့် ဖြစ်တာပါ။ မွှားပင့်ကူမှာ ခြေထောက်ရှစ်ချောင်းပါရှိတယ်။ အမြီးပိုင်းမှာ ထိကပ်ထားနိုင်တဲ့ထူးခြားတဲ့ အင်္ဂါ အစိတ် အပိုင်းလေး ပါရှိပါတယ်။ ဒီပင့်ကူပိုးလေးဟာ အလွန်သေးငယ်လွန်းတဲ့အတွက် သာမန်မျက်စိနဲ့ မြင်ရဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့်လည်း မွှားပင့်ကူကိုတောင်သူလယ်သမားကြီးတွေအလွယ်တကူ မမြင်တွေ့ရဘဲ တိတ်တိတ်ပုန်း ဒုက္ခပေးတဲ့ပိုး ဖြစ်နေတာပါ။ မမြင်တွေ့လိုက်ရဘဲ ဝင်ပြီးဒုက္ခပေးသွားတာပါ။
➡️ဒီပင့်ကူပိုးရဲ့ ဘဝသက်တမ်းဟာ နှစ်ပတ်ပဲကြာတဲ့အတွက် အပင်သက်တမ်းတစ်လျှောက်မှာ ၅-၆ ကြိမ် လောက်အထိအဖန်တလဲလဲ ကျရောက်ဖျက်ဆီးနိုင်ပါတယ်။ မွှားပင့်ကူပိုးက ပင်ဖိုမိုစေ့ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကိုသယ်ဆောင်လာတာဖြစ်ပါတယ်။ မွှားပင့်ကူပိုး အပင်၊ အရွက်ပေါ်မှာ လာကျပြီဆိုရင် အလင်းရောင်ကြောက်တတ်တဲ့အတွက် အရွက်အောက်မျက်နှာပြင်မှာပဲနေပြီး အရွက်ရဲ့ပင်ရည်ကို စုပ်စားတယ်။ အရွက်အောက် ခိုအောင်းနေတော့ နဂိုကမှအကောင်က အလွန့်အလွန်သေးဆိုတော့မြင်တွေ့ဖို့ခက်သွားပါတယ်။
➡️အရွက်ရဲ့ ပင်ရည်ကို စုပ်စားရင်း သူ့ခန္ဓာကိုယ်ထဲမှာ သယ်လာတဲ့ ဗိုင်းရပ်စ်ပိုးတွေကို သစ်ရွက်ထဲ ပြန့်ပွား သွားစေတယ်။ ဒီပြန့်ပွားသွားတဲ့ ဗိုင်းရပ်စ်ပိုးတွေက ပဲစင်းငုံပင်အရွက်တွေကို ပင်ဖိုမိုစေ့ရောဂါ ဖြစ်စေ တာပါပဲ။ ပင်ဖိုမိုစေ့ဖြစ်စေတဲ့တရားခံအရင်းအမြစ်က မွှားပင့်ကူနဲ့သူသယ်လာတဲ့ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ ပဲစင်းငုံအရွက်ရဲ့ ပင်ရည်ကို ၅-၁၀ မိနစ် စုပ်စားပြီး နာရီဝက်ခန့်ကြာရင် ရောဂါဝင်ရောက်ပြန့်ပွားမှု အောင်မြင်တယ်လို့ ဆိုပါတယ်။ မွှားပင့်ကူပိုးဟာ စိုထိုင်းဆများတဲ့အခြေအနေမှာပေါက်ပွားမှုမြန်ဆန်တာကိုတွေ့ရပါတယ်။
➡️ပဲစင်းငုံမှာ စတင်ကျရောက်ခံရပြီဆိုရင် အပင်မှာ မြင်ရတဲ့လက္ခဏာတွေကတော့ အပင်အကိုင်းအခက် များ ပိုမိုထွက်ခြင်း၊ စုထွက်နေခြင်း၊ အရွက်စိမ်းဖျော့ဖျော့အရောင် ဖြစ်ပေါ်ပြီး အပွင့်မပွင့်ခြင်း၊ အသီးမသီးခြင်း၊ အရွက်များ အလွန်သေးနေ ငယ်နေခြင်းတွေကို အဝေးက မြင်နိုင်ပါတယ်။အပင်ကြီးသွားရင် တော့ လက္ခဏာများ သိသိသာသာ မပြသော်လည်း အပင်မှာတော့ ရောဂါခံစားနေရတာ ဖြစ်ပါတယ်။ အပင်ခုတ်လို့ထွက်လာတဲ့ လမိုင်းသားတက်များမှာဆိုရင် ရောဂါလက္ခဏာ ပြန်ပြလာတတ်ပါတယ်။
➡️ဒုတိယနဲ့ တတိယကိုင်းများ ထွက်လာသော်လည်း ရွက်ရင်းဖူးများထွက်ခြင်း၊ အပွင့်မပွင့်ခြင်း၊ အသီးမသီးခြင်း လက္ခဏာများ တွေ့ရတတ်ပါတယ်။ အထွက်လုံးဝကျဆင်းသွားစေပါတယ်။အပင်ငယ်စဉ်အရွက် တွေပေါ်မှာ ရွက်ကြောကြည်ခြင်း၊ ရွက်ရင်းများကွက်၍ ရွက်ကြောကြည်ခြင်း ဖြစ်ပေါ်ပါတယ်။ အရွက် တစ်ရွက်လုံးအပေါ်မှာ အရောင်မညီကွင်းပုံသဏ္ဌာန် (သို့) အစိမ်းရောင်ကျွန်းငယ်များ ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ အစိမ်းရောင်ကျွန်းလက္ခဏာမှာ အပင်ကြီးလာရင် ပျောက်သွားတတ်ပါတယ်။
➡️ပဲစင်းငုံပင်ဖိုမိုစေ့ရောဂါကို ကာကွယ်နှိမ်နင်းမယ်ဆိုရင်တော့ ရောဂါကိုဖြစ်စေတဲ့ တရားခံအစစ်ဖြစ်တဲ့ မွှားပင့်ကူကို အချိန်မီကာကွယ်နှိမ်နင်းရမှာဖြစ်ပါတယ်။
(က) ကြိုတင်ကာကွယ်ခြင်း
၁။ မွှားပင့်ကူ မခိုအောင်းနိုင်ရန် စိုက်ခင်းပတ်ဝန်းကျင်ရှိ အလေ့ကျပေါက်သော မျိုးရင်းဝင်အားလုံးကို ခုတ်၍ မီးရှို့သုတ်သင်ပါ။
၂။ ရောဂါကျသော အခင်းမှ ပဲပင်များကို ခုတ်၍ မီးရှို့ပါ။
၃။ ပဲစင်းငုံကို သားတက်ခံလမိုင်းထားသောစနစ် မကျင့်သုံးပါနဲ့။ ကျင့်သုံးလိုလျှင် ဆေးကြိုတင်ဖျန်းပါ။
၄။ ရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
(ခ) နှိမ်နင်းခြင်း
၁ ။ မွှားပင့်ကူကျရောက်မှု ရှိ၊ မရှိ စိုက်ခင်းကို ကွင်းဆင်းလေ့လာ၍ စတင်ကျရောက်သည့် လက္ခဏာ တွေ့ရှိပါက ဝိစာရ ၏ "ရော့ကက်၊ မိုက်အိုကေ၊ မင်းရဲ၊ ဘီတာ စီ" ပိုးသတ်ဆေးများမှ တစ်မျိုးမျိုးဖြင့် တစ်ပတ်ခြားတစ်ကြိမ် ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။
➡️သတိပြုရန်မှာ ဆေးဖျန်းသည့်အခါ အရွက်၏အပေါ်မျက်နှာပြင်၊ အောက်မျက်နှာပြင် သေချာစွာထိ အောင် ဖျန်းဖို့လိုပါတယ်။ ဒါဆိုရင် ပဲစင်းငုံခင်း ပင်ဖိုမိုစေ့ရောဂါ ဒုက္ခပေးနေတဲ့ ပြဿနာ ပြေလည်သွားမှာဖြစ်ပါတယ်။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၈ - ၂၄) ရက်။