menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲတီစိမ်း၊ မတ်ပဲ အဝါရောင်မိုစေ့ရောဂါ ကြိုတင်ကာကွယ်ပါ
🌿🍂🌿🍂🌿🍂🌿🍂🌿🍂🌿🍂🌿
🔸တောင်သူဦးကြီးတို့အတွက်စိုက်ပျိုးထုတ်လုပ်မှုများသော မတ်ပဲ၊ ပဲတီစိမ်းခင်းတွေမှာ အဖူးဝင်ခါနီးအရွက်တွေဝါ၊ အသီးအပွင့်တွေ မအောင်မြင်ဘဲဖြစ်ရတဲ့အကြောင်းရင်းကိုတင်ပြဆွေးနွေးပေးပါမယ်။
🔸ပဲပင်တွေစိုက်ပြီးရင်အဖူးစဝင်ခါနီးမှာ အဖူးအနီးဝန်းကျင်မှာရှိတဲ့ပဲပင်အရွက်တွေဟာအဝါရောင်ဖြစ်ပြီး ကုတ်ကုန်တယ်။ အပင်လည်းမထတော့ဘူး။အဖူးအပွင့်တွေလည်းမအောင်မြင်ဖြစ်တတ်ပါတယ်။ အခုလိုဖြစ်တာ”အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ”ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာယင်ဖြူကြောင့် ဖြစ်တာပါ။ ယင်ဖြူဟာဗိုင်းရပ်စ်ရောဂါပိုးကိုသယ်လာတာပါ။ ယင်ဖြူအမဟာယင်ဖြူအထီးထက် ဗိုင်းရပ်စ်ပိုးကိုပိုမိုသယ်ယူနိုင်ပါတယ်။ရောဂါရှိတဲ့ယင်ဖြူအမနဲ့ယင်ဖြူအထီးမိတ်လိုက်ပါက ယင်ဖြူအထီးပါဗိုင်းရပ်စ်ရောဂါကူးစက်သွားပါတယ်။
🔸နေ့အခါမှာယင်ဖြူတွေဟာအပင်ပေါ်အရွက်မှာစုပ်စားပါတယ်။ ညမှာအရွက်အောက်မျက်နှာပြင်မှာ စုဝေးပြီးစုပ်စားပါတယ်။ သူ့ရဲ့ဘဝသက်တမ်းမှာ(၄၆)ရက်ကြာပါတယ်။ ယင်ဖြူတွေဟာအရွက်ကနေ သစ်ရည်အစာစုပ်စားချိန်(၁၀-၃၀)မိနစ်ကြာစုပ်နိုင်ပါတယ်။ စုပ်စားတဲ့မိနစ်ပိုင်းလေးအတွင်းမှာဘဲ ယင်ဖြူရဲ့ခန္ဓာကိုယ်ထဲကဗိုင်းရပ်စ်ပိုးတွေဟာ အရွက်ထဲကိုရောက်ရှိပျံ့နှံ့သွားပါတယ်။ (၁-၂)ရက်ကြာရင် အရွက်တွေစဝါပြီးအနားတွေကုတ်သွားတဲ့လက္ခဏာစပြပါတယ်။အချိန်(၁၂)နာရီကြာသွားရင်ယင်ဖြူရဲ့ခန္ဓာကိုယ်ထဲမှာဗိုင်းရပ်စ်ပိုး(၄-၅)သန်းအထိပွားနိုင်ပါတယ်။ (၄)နာရီမှနာရီ(၂၀)ကြာ ယင်ဖြူခန္ဓာကိုယ်ထဲမှာအောင်းနေနိုင်ပါတယ်။ ရောဂါစကျသည်နှင့်ပြန့်ပွား မှုလည်းအလွန်မြန်ပါတယ်။ ကုသဖို့လည်းခက်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းကသာပိုပြီးထိရောက် ပါတယ်။
🔸ထို့ကြောင့်ပဲပင်သုံးပတ်သားကျော်လျှင် “ကေလာ ၂၅ဒဗလျူဒီဂျီ၊ အေမီဒါ ၂၀ဒဗလျူပီ၊ နိုးဝမ်း ၇၀၀ဒဗလျူပီ” ဆေးများမှတစ်မျိုးမျိုးကိုရွေးချယ်၍ တစ်ပတ်သားတစ်ကြိမ် ကြိုတင်ပက်ဖျန်းကာကွယ် ထားခြင်းဖြင့်ယင်ဖြူများကျရောက်မှုကိုဟန့်တားပေးနိုင်ပြီး ဗိုင်းရပ်စ်ရောဂါလည်းကင်းဝေးသွားမှာ ဖြစ်ပါတော့တယ်။
🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸
Sources : အောင်ဆန်း (စိုက်ပျိုးရေး)