menu

ပဲတီစိမ်း“ရွက်ပြောက်ရောဂါ” ကင်းဝေးဖို့ ..... “ဘင်ဇိုကာ” ကို သုံးကြစို့ .....


🌱🍂🌱🍂🌱🍂🌱🍂🌱🍂🌱

🔼ယခုနှစ်ဆောင်းကာလတွင် ဦးကြီးတို့၏စိုက်ပျိုးပြီး ပဲတီစိမ်းခင်းများအတွင်း ရာသီဥတုအခြေအနေ စိုစွတ်၍ ပတ်ဝန်းကျင်ခြောက်သွေ့ခြင်းကြောင့် ပဲရွက်ပြောက်ရောဂါ (Cercospora Leaf Spot)များ ကျရောက်နေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ၎င်းရောဂါ၏ ရောဂါလက္ခဏာ၊ ရောဂါကူးစက် ပြန့်နှံ့ပုံတို့ကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် နှင့် အထိရောက်ဆုံးကာကွယ်နှိမ်နင်းနိုင်မည့် ဝိစာရ၏ “ဘင်ဇိုကာ” မှိုရောဂါကာကွယ် နှိမ်နင်းဆေးနှင့် မိတ်ဆက်ပေးလိုက်ပါသည်။

🔼ပဲရွက်ပြောက်ရောဂါ (Cercospora Leaf Spot)🔼

ရောဂါလက္ခဏာ
--------------

ရောဂါကျအရွက်ရင့်ပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသည့် အညိုရောင်၊ သံချေးရောင်ကွက်ပြောက်များ ဖြစ်ပေါ်ပြီး ရောဂါကွက်များသည်အလယ်တွင်မီးခိုးရောင်ရှိပြီး နီညိုရောင် အနားရစ်ပါရှိသည်။ ရောဂါပြင်းထန်ပါကအစိမ်းရောင်တစ်ရှူးသားများခြောက်သွားပြီး အရွက်များအစိမ်းရောင်မရှိတော့ပါ။ အထူးသဖြင့်ပဲတီစိမ်းတွင် ပိုမိုဆိုးရွားစွာကျရောက်တတ်သည်။ ပန်းပွင့်ချိန်နှင့် အသီးကင်းဝင်ချိန်တွင် ရွက်ပြောက်ရောဂါပြင်းထန်စွာကျရောက်ပါက အပွင့်နှင့် သီးကင်းကြွေခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

ရောဂါကူးစက်ပြန့်နှံ့ပုံ
-------------------

ရောဂါဖြစ်စေသောမှိုသည် အပင်အကြွင်းအကျန်များပေါ်တွင် အသက်ရှင်နေထိုင်နိုင်ပြီး ရောဂါပျံ့ပွားဖို့ အဓိက ကတော့ မိုးရေ၊ နှင်းရေ (Rain & Snow Splashes) ကြောင့်ဖြစ်ပါသည်။ ပဲမျိုးအများစုဟာ ဒီရောဂါကိုခံနိုင်ရည်မရှိသည့် အတွက်ကြောင့် ရောဂါကူးစက်ပျံ့ပွားဖို့ အရမ်းလွယ်ကူပါသည်။ ပဲရွက်ပြောက်ရောဂါကျရောက်ရန် အကောင်းဆုံးပတ်ဝန်းကျင်အခြေအနေမှာ စိုထိုင်းဆ(၉၀-၁၀၀) ရာခိုင်နှုန်း နှင့် အပူချိန် (၂၀-၂၆) ဒီဂရီ စင်တီဂရိတ် ပူနွေးစွတ်စိုတဲ့ အခြေအနေဖြစ်သည်။ ရောဂါ ကျရောက်ရန် အားပေးသောအပူချိန်မှာ (၂၅ - ၃၀) ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ အပူချိန်(၁၀)ဒီဂရီ စင်တီဂရိတ်အောက်ကျရောက်သွားပါက ရောဂါဖြစ်စေသက်ရှိဟာ ဆက်လက်ပြီးမျိုးပွားနိုင်ခြင်း မရှိတော့ပါ။ ပဲရွက်ပြောက်ရောဂါကို ကောင်းမွန်စွာကာကွယ်နိုင်ခြင်းမရှိပါက အထွက်နှုန်းကို (၆၀)ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပါသည်။

🔼သို့ဖြစ်ပါ၍ ပဲရွက်ပြောက်ရောဂါကို ထိရောက်စွာ ကာကွယ်ကုသမှုပေးနိုင်ရန် ဝိစာရ၏ မှိုရောဂါ ကာကွယ်ကုသဆေး အသစ် “ဘင်ဇိုကာ ၅၅၀ အက်စ်စီ” ကိုပက်ဖျန်းပေးရပါမည်။

🔼“ဘင်ဇိုကာ”တွင် အစွမ်းရှိပစ္စည်း Chlorothalonil 45.0% + Hexaconazole 3.5% + Cymoxanil 6.5% ပါဝင်၍ ထိသေနှင့်ပင်လုံးပြန့်အာနိသင်ရှိပြီး အပင်အတွင်းသို့ ထိုးဖောက်စိမ့်ဝင်နိုင်မှုအားကောင်းသည့် အပြင် အပင်အတွင်းရွေ့လျားပြန့်နှံ့နိုင်မှုလည်းအလွန်ကောင်းသည့် မှိုသတ်ဆေးဖြစ်သည်။

🔼“ဘင်ဇိုကာ”တွင် စွမ်းအားမြင့်မှိုဆေး(၃)မျိုး ပေါင်းစပ်ပါဝင်သဖြင့် သီးနှံပင်များတွင်ကျရောက်တတ်သော မှိုရောဂါများကို ကာကွယ်ခြင်း နှင့် ကုသရန်အတွက်ပါ အလွန်ထိရောက်ပါသည်။ “ဘင်ဇိုကာ”ကို သီးနှံပင် ငယ်စဉ်မှစ၍ သီးနှံပင်သက်တမ်းတလျောက် အသုံးပြုနိုင်ပါသည်။ ရောဂါကာကွယ်ဆေး အဖြစ်အသုံးပြုရန် ရောဂါမဖြစ်ခင်ဆေးပုံမှန်ဖျန်းပေးပါ။ ကုသဆေးအဖြစ် သုံးစွဲလိုလျှင် ရောဂါလက္ခဏာ စတွေ့တွေ့ချင်း အစောပိုင်းအဆင့်များတွင်အသုံးပြုပက်ဖျန်းပေးပါ။

🔼“ဘင်ဇိုကာ”ဖြင့် ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲအမျိုးမျိုးတွင်ကျရောက်တတ်သော Cercospora ရွက်ပြောက် ရောဂါ အပြင် ဖားဥမှိုရောဂါ၊ ပဲသံချေးရောဂါ၊ မှည့်ပြောက်စွန်းရောဂါ များအတွက်လည်း ကာကွယ်ကုသ ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

🔼အသုံးပြုရမည့်ဆေးနှုန်းထားမှာ ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည် (၆၀ - ၇၀)စီစီ နှုန်းဖြင့် တစ်ဧကအတွက် ဆေး(၃၀၀ - ၃၅၀)စီစီ အသုံးပြုပေးရပါမည်။

🔼“ဘင်ဇိုကာ” မှိုဆေးကို ရွေးချယ်သုံးစွဲ၍ သီးနှံပင်များတွင် မှိုရောဂါများကင်းစင်ပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်း သီးနှံခင်းများကိုပိုင်ဆိုင်နိုင်ကြပါစေ။

🌱စစ်မှန် ပြည့်ဝ ဝိစာရ🌱