menu

"ပိုးမွှားနှင့် ရောဂါကြောင့်ဖြစ်သောပင်ပြလက္ခဏာများကို ခွဲခြားခြင်း"


🍃🐛🍂🐛🍁🐛🍁🐛🍂🐛🍃

➡️ သီးနှံများစိုက်ပျိုးပြီးချိန် သီးနှံပင်များတွင် ဖြစ်ပေါ်နေသော ပိုးမွှားနှင့်ရောဂါပြဿနာများတွင် ပင်ပြလက္ခဏာကိုကြည့်၍ တိကျသေချာစွာခွဲခြားနိုင်မှသာ မှန်ကန်သောဆေးအသုံးပြုနိုင်ပြီး အနာနှင့်ဆေးတည့်၍ ထိရောက်မှုရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် သီးနှံပင်များတွင်ဖြစ်ပွားတတ်သော ပိုးမွှားဖျက်ဆီးမှု နှင့် ရောဂါကျရောက်မှုကို ခွဲခြားသိရှိနိုင် ဖြစ်ပေါ်တတ်သောပင်ပြလက္ခဏာများကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။

➡️ ပိုးမွှားဖျက်ဆီးမှုလက္ခဏာများမှာ .....

 (၁) အပင်အစိတ်အပိုင်းများပေါ်တွင် ပိုးကောင်များ၊ ပိုးချေးများ၊ ပိုးဥများကို တွေ့ရသည်။

 (၂) အပင်အစိတ်အပိုင်းများပေါ်တွင် ကျိုးပဲ့၊ ပေါက်ပြဲနေသော ဒဏ်ရာများတွေ့ရသည်။

 (၃) စိုက်ခင်းတစ်ခုလုံးအား လျှင်မြန်စွာဖျက်ဆီးသည်။

 (၄) ပိုးဖျက်ဆီးမှုခံရသော စိုက်ခင်းအား ယူရီးယားဓာတ်မြေသြဇာကျွေးပေးပါက အပင်များ ပြန်လည်ကြီးထွား ရှင်သန်လာသည်။

➡️ ရောဂါဖျက်ဆီးမှုလက္ခဏာများမှာ .....

 (၁) အပင်အစိတ်အပိုင်းများပေါ်တွင် အဖြူရောင်၊ အဝါရောင်၊ အမည်းရောင် အမှုန်အမျှင်များ တွေ့ရသည်။

 (၂) အပင်အစိတ်အပိုင်းများပေါ်တွင် အညို၊ အမည်း၊ အဝါကွက်များရှိပြီး ညှိုးခြောက်ပုပ်ရိနေသည်။

 (၃) စိုက်ခင်းတွင် အကွက်လိုက်၊ ဝါခြောက်ညှိုးနေသည်ကိုတွေ့ရပြီး စိုက်ခင်းတစ်ခုလုံး တဖြည်းဖြည်းကူးစက်ပျံ့နှံ့သွားသည်။

 (၄) ယူရီးယားဓာတ်မြေသြဇာ ကျွေးပေးပါက ရောဂါပိုမိုဆိုးရွားပြီး အပင်များသေဆုံးသွားစေပါသည်။

Sources : စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတများ