menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ခင်းထဲက နှိမ်နင်းရခက်ခဲတဲ့ဖျက်ပိုးတွေအတွက် “လိုင်းအောက် နှင့် နတ်ဆေး” ရောစပ်ပက်ဖျန်းလိုက်ပါ .....
🌿🐛🌿🦗🍃🐛🍃🦗🌿🐛🌿
⏭ဦးကြီးတို့၏သီးနှံစိုက်ခင်းများတွင် သီးနှံပင်များရှင်သန်ကြီးထွားနေသည်နှင့်အတူ သီးနှံပင်၊ ပိုးမွှား နှင့် ရောဂါသည် သုံးပွင့်ဆိုင်ယှဉ်တွဲဖြစ်တည်နေတတ်ကြပါသည်။ သို့သော်”အနာသိလျှင်ဆေးရှိ” ဆိုသကဲ့သို့ ထိုပိုးမွှား၊ ရောဂါများကိုထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ရန်သာလိုအပ်ပါသည်။
⏭ထို့ကြောင့်မိမိတို့၏ စိုက်ခင်းများအတွင်း သီးလုံးဖောက်ပိုး၊ ဖောငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ မုန်ညင်းမုန်လာလိပ်ပြာဖြူ၊ ပျ၊ ဖြုတ်၊ဆစ်ပိုး ၊ ရွက်လိပ်ရွက်ကပ်ပိုးများအပါအဝင် အခြားနှိမ်နင်းရန် ခက်ခဲသောဖျက်ပိုးများကျရောက်လာပါက “လိုင်းအောက်” ပိုးသတ်ဆေးကို ပြန့်ဆေး - ကပ်ဆေး "နတ်ဆေး"နှင့် ရောစပ်၍ ပက်ဖျန်းအသုံးပြုပေးရပါမည်။
⏭“လိုင်းအောက်”တွင် အစွမ်းရှိပစ္စည်း - Flubendiamide 24% + Thiacloprid 24% ပါဝင်ပြီး ဆေးအုပ်စု Diamide နှင့် Neonicotinoids နှစ်မျိုးပေါင်းစပ်ပါဝင်သည့် စားသေနှင့်ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။ဆေးအုပ်စု Diamide သည်ဖျက်ပိုးများ၏ ကြွက်သားတည်ဆောက်မှု နှင့်အာရုံကြောစနစ်ကို ဖျက်ဆီးပေးပြီး မလှုပ်ရှားနိုင်တော့သောကြောင့် အစာစားသုံးခြင်းနှင့် အပင်ထိခိုက်ခြင်းမရှိတော့ဘဲ ပိုးမွှားများကိုနှိမ်နင်းနိုင်ပါသည်။ ထို့ပြင်ပိုးများ၏ ပိုးသတ်ဆေးဒဏ်ခံနိုင်မှု ကိုလျှော့ချပေးသည်။ ဆေးအုပ်စု Neonicotinoidsသည် ပိုးများ၏ဦးနှောက်နှင့်အာရုံကြောလုပ်ဆောင်မှု ကို နှောင့်နှေးထိခိုက်ပြီး ပိုးမွှားများကိုသေဆုံးသည်အထိဖြစ်စေနိုင်ပါသည်။ Thiacloprid သည် အကောင်းဆုံး ပင်လုံးပြန့်အာနိသင်ရှိပြီး ဆေးနှုန်းထားအနည်းငယ်အသုံးပြုရုံဖြင့်ထိရောက်မှုရှိပါသည်။
⏭“နတ်ဆေး” တွင် အစွမ်းရှိပစ္စည်း Alcoholpolyglycol Ether 85 % ပါဝင်ပြီး “နတ်ဆေး”ကို စိုက်ပျိုးရေးဆေးများနှင့် ရောစပ်သုံးစွဲခြင်းဖြင့် သီးနှံပင်များတွင်ပက်ဖျန်းသည့်ဆေးများ ကောင်းစွာ ပြန့်နှံ့ပြီး တွယ်ကပ်အားကောင်းစေပါသည်။ ဤသို့ဖြင့်ဆေးအာနိသင်တာရှည်ခံပြီးပိုမိုထိရောက်စေပါသည်။
⏭ထိုသို့အစွမ်းထက်ပိုးသတ်ဆေးအာနိသင်ရှိသော “လိုင်းအောက်” ဆေးကိုဆေးဖျန်းသည့်အခါတိုင်းတွင် ပြန့်ဆေး - ကပ်ဆေး "နတ်ဆေး"ဖြင့်ရောစပ်ပက်ဖျန်းပေးခြင်းဖြင့် ဆေးများတစ်နေရာတည်းတွင် စုပုံနေခြင်းမျိုးမရှိဘဲ အပင်နှင့်အရွက်ဧရိယာများအားလုံးသို့ ကောင်းစွာပြန့်နှံ့စေခြင်း၊ တွယ်ကပ်အား ကောင်းစေခြင်းဖြင့် “လိုင်းအောက်”ဆေး အာနိသင်သည် သီးနှံပင်များပေါ်တွင် ကြာရှည်ခံစေ၍ ပိုမိုထိရောက်စေပါသည်။
⏭“လိုင်းအောက်”သည် သီးနှံပင်များကိုလောင်ကျွမ်းစေမှုလုံးဝမရှိပါဘဲ သီးနှံပင်များပန်းပွင့်နေစဉ်တွင် လည်းပက်ဖျန်းအသုံးပြုနိုင်ပါသည်။ စပါး၊ ပဲအမျိုးမျိုး၊ ဝါ၊ ပြောင်း၊ စပျစ်၊ မုန်ညင်းမုန်လာ၊ သစ်သီးပင်များ၊ ဟင်းသီးဟင်းရွက်ပင်များ နှင့် သီးနှံပင်အမျိုးမျိုးတွင် ပက်ဖျန်းအသုံးပြုနိုင်ပါသည်။
⏭အသုံးပြုရန်ဆေးနှုန်းထားမှာ ပိုးကျရောက်မှုအနေအထားအလိုက် ရေ(၂၀) လီတာဝင်ဆေးဖျန်းပုံး တစ်ပုံးလျှင် “လိုင်းအောက်”ဆေး (၁၀ - ၂၀) စီစီနှုန်း နှင့် “နတ်ဆေး” (၅-၁၀)စီစီနှုန်းရောစပ်အသုံးပြု ပေးရန်ဖြစ်ပါသည်။
⏭ဦးကြီးတို့ ဖျက်ပိုးကင်းစင်၍ အောင်မြင်စိမ်းလန်းသော သီးနှံစိုက်ခင်းများကို ပိုင်ဆိုင်နိုင်ကြပါစေ။
✅စစ်မှန် ပြည့်ဝ ဝိစာရ✅