menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ပျိုးရေးနှင့် စထရက်တိုမိုက်စင်ဆေး။
ဒီဆေးအကြောင်းကို ရေးလည်းရေးချင်တယ်။
ရေးလည်းမရေးချင်ပါ။
ရေးချင်တာက စိုက်ပျိုးသူတွေ ဗဟုသုတလည်းရ၊ ဒီဆေးရဲ့အန္တရာယ်ကိုလည်းသိပြီး မသုံးဖြစ်အောင်လို့ပါ။
မရေးချင်တာကတော့ “ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်ပိုလေး “ ဆိုသလို ဖြစ်မှာစိုးရိမ်တဲ့အတွက်ပါ။
ဒီဆေးကို မသုံးစေချင်လို့ အကျယ်တဝံ့ရှင်းပြလိုက်ကာမှ စိုက်ပျိုးရေးလောကရဲ့ တတ်ယောင်ကန်း ဒေါက်တာရမ်းကုတွေ နည်းပညာရပြီး မလုပ်သင့်တာတွေ လုပ်မှာစိုးရိမ်လို့ ဖြစ်ပါတယ်။
တကယ်တော့..
Streptomycin sulfate ဆိုတာ ဆေးဝါးဗေဒ ဒီလောက်မတိုးတက်ခင်က လူနဲ့တိရစ္ဆာန်တွေမှာ gram negative (-) bacteria ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါ (Tuberculosis – TB) အတွက် အများဆုံးအသုံးပြုခဲ့တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်မျိုးတည်း သုံးရတာမဟုတ်ပါဘူး။ Tetracycline ဆေးနဲ့တွဲသုံးရတာ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ ဒီရောဂါအတွက် ဒီထက်ကောင်းတဲ့ ဆေးတွဲတွေကို ကျန်းမာရေးလောကမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ဒီလို တစ်မျိုးတည်းမသုံးဘဲ ဘာကြောင့်နှစ်မျိုးတွဲသုံးရတယ်ဆိုတာလဲ သိထားသင့်ပါတယ်။ ဆေးဝါးတွေမှာ ရောဂါပိုးကို သေစေတဲ့ဆေး(Cidal)နဲ့ မြုံစေတဲ့ဆေး(Static)ဆိုပြီး (၂)မျိုးရှိပါတယ်။ Streptomycin sulfate ဆေးက ပိုးကိုသေစေတဲ့ဆေး Cidal ဖြစ်ပြီး၊ Tetracycline ဆေးက ပိုးကိုမြုံစေတဲ့ဆေး Static ဖြစ်ပါတယ်။
တကယ်လို့ သေစေတဲ့ဆေး Streptomycin တစ်မျိုးတည်းအသုံးပြုမယ်ဆိုရင် အနည်းငယ်မသေဘဲ ကျန်ရစ်ခဲ့တဲ့ပိုးများက ပေါက်ပွါးလာမဲ့ သားစဉ်မြေးဆက်ဟာ ဒီဆေးကို ခံနိုင်ရည်ရှိတဲ့ မျိုးများအဖြစ် ပြောင်းလဲပြီး ဆေးပြီးသွားတတ်ကြပါတယ်။ ဒါကြောင့် မသေဘဲကျန်ခဲ့တဲ့ပိုးတွေ မသေရင်နေပါစေတော့၊ မျိုးဆက်မပွါးနိုင်အောင် မြုံစေတဲ့ဆေး Tetracycline နဲ့ တွဲသုံးရတာ ဖြစ်ပါတယ်။ ဒီလို သေစေတဲ့ဆေးနဲ့ မြုံစေတဲ့ဆေး တွဲသုံးခြင်းဖြင့် သေတဲ့ပိုးကလည်းသေ၊ မသေဘဲကျန်ခဲ့တဲ့ပိုးကလည်း ဆက်မပေါက်ပွါးနိုင်တဲ့ အမြုံအဖြစ် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။
မသေဘဲကျန်ခဲ့တဲ့ပိုးတွေ ဆက်မပေါက်ပွါးနိုင်ဘဲ အမြုံအဖြစ်ကျန်ရစ်အောင် ဘာဖြစ်လို့ ဒီလောက်အရေးတကြီး လိုအပ်ရပါသလဲ ဆိုတာကိုလည်း သိဖို့လိုအပ်ပြန်ပါတယ်။ ဘက်တီးရီးယားဆဲလ်တစ်လုံးဟာ (၃)မိနစ်ကြာတိုင်း နှစ်ခြမ်းကွဲပြီး ပေါက်ပွါးနေတာဖြစ်လို့ (၃)မိနစ်ကြာတိုင်း တစ်ကောင်မှသည် နှစ်ကောင်၊ နောက်(၃)မိနစ်မှာ နှစ်ကောင်မှသည် လေးကောင်၊ (၉)မိနစ်ကြာချိန်မှာတော့ လေးကောင်မှသည် ရှစ်ကောင် စသည်ဖြင့် (၃)မိနစ်ကြာတိုင်း အကောင်ဦးရေနှစ်ဆ ပွါးများနေတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့်လဲ ဒီဆေးကို TBရောဂါအတွက် အသုံးပြုခဲ့ကြစဉ်က လူနာကို (၆)လမှ (၁)နှစ်ခွဲကြာသည်အထိ နေ့စဉ်ရက်ဆက် မပျက်မကွက် ထိုးနှံပေးရတာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးလောကမှာတော့ Xinthomonas campestris ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကွမ်းရိုးမဲဆစ်ပြုတ်ရောဂါကို ဓာတုဆေး တစ်မျိုးတည်းအားကိုးပြီး နှိမ်နင်းလို့မထိရောက်ရခြင်းဟာ ဒီလိုကွဲပွါး ပေါက်ပွါးမှုလျှင်မြန်ခြင်းအကြောင်းက အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။
ဟိုးယခင်အချိန်များက.. သီးနှံတွေမှာကျရောက်တဲ့ ဘက်တီးရီးယားရောဂါများမှာ အသုံးပြုဖို့အတွက် စိုက်ပျိုးရေးသုံး အင်တီဘိုင်အိုတစ်ဆေး Antibiotic များဖြစ်တဲ့ Kasugamycin, Validamycin နဲ့အခြား Bismerthiazol လိုဆေးတွေမပေါ်ခင်က Streptomycin နဲ့ Tetracycline ကို ၁၀ း ၁ အချိုးနဲ့ရောစပ်ပြီး Agrimycin ဆိုတဲ့နာမည်နဲ့စိုက်ပျိုးရေးမှာ ဘက်တီးရီးယားရောဂါများအတွက် အသုံးပြုခဲ့ကြဖူးပါတယ်။
ဒါပေမဲ့.. လူတိရစ္ဆာန်တွေမှာ အသုံးပြုနေတဲ့ဒီဆေးကို သီးနှံပင်တွေမှာအသုံးပြုရင် စားသုံးသူများ ရောဂါဖြစ်လာချိန်မှာ ဒီဆေးတွေကို ခံနိုင်ရည်ရှိ၊ ဆေးပြီး၊ ဆေးမတိုးဖြစ်တော့မှာမို့ Kasugamycin, Validamycin, Bismerthiazol တို့လိုစိုက်ပျိုးရေးသုံး အင်တီဘိုင်အိုတစ်နဲ့ အခြားဆေးများ ပေါ်ပေါက်လာပြီးချိန်မှစပြီး နိုင်ငံတကာမှာ ဒီဆေးကိုစိုက်ပျိုးရေးမှာ အသုံးမပြုဖို့ တားမြစ်ပိတ်ပင်ခဲ့ကြပါတယ်။
ဒီလို ပိတ်ပင်ထားတဲ့ဆေးကို သူတို့ပြည်တွင်းမှာ အသုံးမပြုဘဲ အိမ်နီးချင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကတဆင့် တင်သွင်းဖြန့်ဖြူးနေခြင်းဟာ အလွန်သိမ်ဖျင်းတဲ့ စိတ်ဓာတ်ဖြစ်သလို ဘာမသိ ညာမသိ လက်ခံသုံးစွဲနေကြသူများဟာလည်း အသိဉာဏ် အမြော်အမြင်နည်းရာ ကျလွန်းလှပါတယ်။
နောက်ပြီး… ဆေးထုပ်မှာရေးထားတဲ့ ရှားရှားပါးပါး အင်္ဂလိပ်စာ Powdery mildew on various crops have effects (သီးနှံတိုင်းမှာကျတဲ့ ဖားဥမှိုရောဂါအတွက် ထိရောက်တဲ့ဆေး) ဆိုတဲ့ အညွှန်းစာကလည်း တော်တော်စိတ်ပျက်စရာ ကောင်းနေပါတယ်။ နှိမ်နင်းရခက်ခဲတဲ့ ဘက်တီးရီးယားရောဂါအတွက် ရည်ရွယ်ထုတ်လုပ် ဆေးညွှန်းဖြန့်ချီတယ်ဆိုရင်တော့ စောင့်ထိန်းအပ်တဲ့ လူ့ကျင့်ဝတ်ကို ထည့်မတွက်ရင် နည်းပညာအရ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဆာလ်ဖာဆေးလောက်နဲ့ ကောင်းကောင်းနှိမ်နင်းနိုင်တဲ့ ဘာမဟုတ်တဲ့ ဖားဥမှိုရောဂါကိုညွှန်းပြီး ပိတ်ပင်ထားတဲ့ဆေး၊ စိုက်ပျိုးရေးမှာ မသုံးသင့်တဲ့ဆေးကို ထုတ်လုပ်ဆေးညွှန်း ဖြန့်ချီနေတာကတော့ စိုက်ပျိုးရေးလောကအတွက် မဖြစ်သင့်တဲ့ကိစ္စပါ။
ဒါ့အပြင်..
Tetracycline နဲ့ရောစပ်မထုတ်လုပ်ဘဲ Streptomycin တစ်မျိုးတည်း ထုပ်လုပ်ဖြန့်ချီတာကလည်း ပညာရပ်ဆိုင်ရာအရ လုံးဝလက်သင့်မခံနိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။
ဒါပေမဲ့ ထုတ်သူ၊ သွင်းသူ၊ ရောင်းသူများကလဲ ထုတ်နေ၊ သွင်းနေ၊ ရောင်းနေကြမြဲဖြစ်သလို… သုံးသူများကလည်း သုံးနေကြမြဲဆိုတာ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်..
ဘာကြောင့် သုံးနေကြတာပါလဲ..
ဈေးချိုလို့လား..
အထူးအဆန်းကို ကြိုက်တာလား..
စူးစမ်းချင်တဲ့စိတ်ကြောင့်လား..
ပြောသမျှယုံတတ်လို့လား..
သူများထက်ထူးချင်တာလား..
ငါသိငါတတ် လုပ်ချင်တာလား..
မသိပါ… မသိပါ…။
နောက်ဆုံး နိဂုံးချုပ် ပြောချင်တာကတော့..
ပေါ့စေလိုလို့ ကြောင်ရုပ်တော့ ထိုးပေးလိုက်ပါပြီ။
ဆေးကြောင့် လေးတာမလေးတာကတော့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများရဲ့ အသိပညာမြင့်မားမှု၊ အမြော်အမြင် ကြီးမားမှု၊ စောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်သိက္ခာတရား ရှိမှု/မရှိမှု အပေါ်မှာသာ မူတည်ပါလိမ့်မယ်ခင်များ…..။
Than Win Agri
Photo : Facebook.