menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"စိုက်ပျိုးရေးသုံးဆေးများ အန္တရာယ်ကင်းစွာ အသုံးပြုနည်း"
🌾🐛🌿🦗🍂🕷🍂🦗🌿🐛🌾
⏭ သီးနှံများစိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများအနေဖြင့်စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးများကို လိုအပ်သလိုသုံးစွဲနေကြရသည်ဖြစ်ရာ ထိုသို့သုံးစွဲရာတွင် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက် သိထားသင့်သည်များကိုရေးသားဖော်ပြအပ်ပါသည်။
၁။ သီးနှံစိုက်ခင်းများအတွင်းစီးပွားရေးအရ ထိခိုက်နိုင်သောအခြေအနေသို့ရောက်ရှိမှသာ ဓာတုဆေးများ ပက်ဖျန်းရမည်။ ဓာတုဆေးဝါးများကို မလိုအပ်ပါကအသုံးမပြုရပါ။
၂။ ဓာတုဆေးများအသုံးပြုရာတွင် ကျရောက်သောဖျက်ပိုး/ရောဂါနှင့် ကိုက်ညီမှုရှိသည့် ဆေးကိုသာ ပက်ဖျန်းရပါမည်။
၃။ ဆေးဖျန်းပြီးနောက် သီးနှံမရိတ်သိမ်းမီ(သို့) မခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလ (PHI-Pre harvest Interval) အားမစောင့်ဆိုင်းပဲ သီးနှံရိတ်သိမ်းခြင်းမပြုလုပ်ရပါ။
၄။ ဓာတုဆေးများ ဝယ်ယူရာသုံးစွဲရာတွင် မှတ်ပုံတင်ထားသည့် မြန်မာစာသားအညွှန်းပါသော ဆေးများကိုသာ ဝယ်ယူအသုံးပြုပါ။ ဆေးမဖျန်းမီ ဆေးဗူး၊ ဆေးထုပ်ပေါ်ပါ အညွှန်းစာအား သေချာစွာဖတ်၍ ဖော်ပြထားသည့် အချိုးအစားအတိုင်းရောစပ်ပက်ဖျန်းရမည်။ သတ်မှတ်ထားသောနှုန်းထားထက် ပိုထည့်၍ ဖျန်းခြင်း၊ လျော့ထည့်၍ဖျန်းခြင်း မပြုလုပ်ရပါ။
၅။ ဓာတုဆေးများကို အစားအသောက်အသားငါးများနှင့်ရောနှောမသယ်ဆောင်ရ။ သီးခြား သယ်ဆောင်ပါ။
၆။ ဓာတုဆေးများကို အခြားဗူးခွံ၊ ပုလင်းခွံများအတွင်းသို့ လှယ်ထည့်ခြင်းမပြုလုပ်ရ။ မိမိသဘောအတိုင်း ရောနှောခြင်းမပြုလုပ်ရပါ။
၇။ ဆေးများကို ရောစပ်ပက်ဖျန်းရာတွင် အကာအကွယ်ပစ္စည်းများ(အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်၊ နှာခေါင်းစည်း၊ လက်အိတ်၊ လည်ရှည်ဖိနပ်) ဝတ်ဆင်ရမည်။
၈။ ဆေးပက်ဖျန်းရာတွင် ပျက်စီးယိုယွင်းနေသော ဆေးဖျန်းပုံးများမသုံးရ။ ဆေးဖျန်းခေါင်းပိတ်နေပါက ပါးစပ်ဖြင့်မမှုတ်ရပါ။ ဆေးဖျန်းရာတွင် လေတိုက်ရာအရပ်ဖက်မှ ပက်ဖျန်းပါ။
၉။ ဆေးပက်ဖျန်းနေစဉ် အစာစားခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းမပြုလုပ်ရ။
၁၀။ ဆေးဖျန်းပြီးပါက အကာကွယ်ပစ္စည်းများအားဆပ်ပြာဖြင့် စင်ကြယ်အောင်လျှော်ဖွပ်ပါ။ ခန္ဓာကိုယ်ကို ဆပ်ပြာဖြင့်သန့်စင်စွာဆေးကြာပါ(သို့) ရေချိုးပါ။
၁၁။ ဓာတုဆေးများကို ကလေးများ လက်လှမ်းမမှီသောနေရာ၊ အစားအသောက်များနှင့် ဝေးသောနေရာတွင်တွင် လုံခြုံစွာသိမ်းဆည်းပါ။
၁၂။ အသုံးပြုပြီးသော ဆေးဗူးအခွံများကို အစားအစာ နှင့် ရေ ထည့်သွင်းသုံးစွဲခြင်းမပြုရ။ မြစ်၊ ချောင်း၊ ကန်များအတွင်းသို့ မစွန့်ပစ်ရ။ မြေကြီးအောက်တစ်ပေခွဲအကျော် ကျင်းတူး၍ ထုရိုက်ဖျက်ဆီးပြီး မြေမြှုပ်ရမည်။
၁၃။ ဆေးထည့်သည့် စက္ကူပုံးများကို မီးရှို့ရာတွင် ကလေးများနှင့်ဝေးသောနေရာ တွင်မီးရှို့၍ လေတင်ရပ်မှနေပါ။ ပေါင်းသတ်ဆေးထုပ်ပိုးသည့် စက္ကူပုံးများကို မီးမရှို့ရ။ မြေမြှုပ်ဖျက်ဆီးပါ။
၁၄။ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဆေးထိမိပါက ချက်ချင်းဆေးကြောပါ။ မျက်စိထဲသို့ဆေးဝင်လျှင် မျက်ခွံလှန်၍ရေလောင်းပါ(သို့) မျက်စိကိုရေထဲတွင် ဖွင့်ချည်ပိတ်ချည် ပြုလုပ်ပါ။ ပိုးသတ်ဆေးမြိုချမိ ပါက အော့အန်အောင်ပြုလုပ်ပါ။ ဆေးကုသမှုခံယူရန် ဗူးခွံ၊ အထုပ်၊ ပုလင်းပတ် ကိုယူဆောင်၍ နီးစပ်ရာဆေးရုံဆေးပေးခန်းများသို့ အမြန်ဆုံးပို့ဆောင်၍ ကုသမှုခံယူပါ။
Sources : စိုက်ပျိုးရေးဦးစီးဌာန