menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ပျိုးမှုအခြေခံအစ “မြေ နှင့် မျိုးစေ့” ကောင်းပါမှ
🌾🍒🌿🌽🍃🌶☘️🥦🌱🍅🍀
✔️သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် မြေကိုအခြေပြု၍ ထွန်ယက်စိုက်ပျိုးကြရသည်။ သီးနှံနှင့်မြေ ကိုက်ညီမှသာ စိုက်ပျိုးသော အပင်ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် အဓိကမြေကိုခွဲခြားရာ၌ ရှစ်မျိုး ရှိသည်။ နုံးမြေ၊ စနယ်မြေစေး၊ လယ်မြေ၊ ဂဝံမြေ၊ မြေနီသဲဝန်း၊ ဝါညိုတောမြေ၊ နီညိုတောမြေ၊ မြေနီ တို့ဖြစ်ပြီး မြေမျိုးအုပ်စုခွဲခြားရာ၌ တောင်ပေါ်မြေ၊ စနယ်မြေ၊ သဲဝန်းတောခြောက်မြေ၊ လယ်နုံးမြေ၊ မြေနီ နှင့် ဂဝံမြေတို့ဖြစ်သည်။
✔️စိုက်ပျိုးမြေအမျိုးအစားများအလိုက် တစ်ဧကအသုံးပြုရမည့်ဓာတ်မြေဩဇာ နှုန်းထားများမှာ ကွာခြားပါမည်။ စိုက်ပျိုးမည့်သီးနှံအမျိုးအစားနှင့် စိုက်ပျိုးမည့်မြေ၏မြေဩဇာလိုအပ်မှုကို ချိန်ဆ အသုံးပြုနိုင်ရန်လိုအပ်ပါသည်။ သီးနှံ နှင့်မြေ၊ သီးနှံ နှင့်ရာသီဥတု၊ သီးနှံနှင့် မျိုးရွေးချယ်မှု မှန်ကန်ရန် အရေးကြီးပါသည်။
✔️စိုက်ပျိုးမည့်မျိုးသည်လည်း အခြေခံအစဖြစ်၍ မြေပြီးလျှင်မျိုးဟုဆိုရမည်။ မျိုးဆိုသည်မှာ “မျိုးစေ့” ကိုစိုက်ပျိုးရန်ဖြစ်သည်။ ယခုအများစုစိုက်ပျိုးနေကြသည်မှာ မျိုးအဖြစ်ခံယူနေကြသော စားသုံးရ မည့်မျိုးဆန်ကို မျိုးစေ့အဖြစ်စိုက်ပျိုးနေကြသဖြင့် နောက်ဆက်တွဲအမှားများစွာ ဆက်တိုက်ဖြစ်ပေါ် လာနေသည်။ အပင်မကြီးခြင်း၊ အသီးအပွင့် မပွင့်သီး၊ ပိုးမွှားနှင့်ရောဂါစုံအောင်ကျပြီး အထွက်နှုန်းပါ ကျဆင်းနိုင်ပြီး ထွက်ရှိလာသောသီးနှံများလည်း အရည်အသွေးစံချိန်မမှီဘဲ ဖြစ်တတ်ပါသည်။
✔️ထို့ကြောင့် တောင်သူတို့အတွက် မျိုးစေ့ထုတ်လုပ်ရေး၊ မျိုးကောင်းမျိုးသန့်ပွားများရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးလုပ်ဆောင်သင့်ပါသည်။ ဌာနခြံများတွင် မျိုးစေ့ရိတ်သိမ်းခြွေလှေ့ နည်းပညာပေး သရုပ်ပြပွဲများပြုလုပ်၍ တောင်သူလယ်သမားများအားပြသရုံသာမက တောင်သူများ ကိုယ်တိုင် သီးနှံမျိုးပွားများမှုများဆောင်ရွက်နိုင်ပါရန် (သို့မဟုတ်) လိုအပ်သော “မျိုးစေ့” ကိုလိုအပ်ချိန်တွင် လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်ပေးနိုင်ပါရန် အရေးပါလှပါသည်။
Sources : ကိုရဲ (စိုက်ပျိုးရေး)