menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စနစ်တကျ “ငရုတ်” စိုက်ပျိုးနည်း
🌿🌶🌿🌶🌿🌶🌿🌶🌿🌶🌿
မြန်မာအမည် - ငရုတ်
အင်္ဂလိပ်အမည် - CHILLI / PEPPER
ရုက္ခဗေဒအမည် - Capsicum spp
မျိုးရင်းအမည် - SPLANACEAE
🌶မူရင်းဒေသ🌶
တောင်အမေရိကတိုက်၊ အမေရိကအလယ်ပိုင်းနှင့် အပူပိုင်းဒေသများဟုယူဆသည်။ ဘရာဇီးနှင့် အနီးတဝိုက်ရှိကျွန်းများ၊ အနောက်အိန္ဒိယကျွန်းစုတို့အားလည်း မူရင်းဒေသအဖြစ်အချို့ကယူဆသည်။
🌶စိုက်ပျိုးသည့်ဒေသ🌶
မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း နှင့် စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးသည်။
🌶မျိုးရွေးချယ်ခြင်း🌶
ပင်သေ ပင်ညှိုးရောဂါ ခံနိုင်ရည်ရှိသောမျိုး၊ လှေးပိုး ကျရောက်မှုဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်း စပ်မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
🌶ပျိုးထောင်ခြင်း🌶
ပျိုးအိတ်နှင့်လည်းကောင်း၊ ပျိုးဘောင်စနစ်ဖြင့်လည်းကောင်း ပျိုးထောင်နိုင်ပါသည်။ ဘောင်ဖြင့် ပျိုးထောင်ပါက ၃ လက်မ ကြောင်းဆွဲ ဘောင်ဖော်ပြီး ဘောင်လုံးပါ။ ဘောင်ပေါ်တွင် စက်ဖွဲပြာနှင့် မြေဆွေးကို ရောမွှေပြီး မြေကိုညီအောင် ပြုပြင်ပါ။ ၄ လက်မ စိုက်ကြောင်းများ ဆွဲ၍ အစေ့များကို ညီညာစွာချပါ။ ပြီးလျှင် မြေဆွေးပါးပါး ဖြူးပေးပါ။ ပျိုးဘောင်ကို ကောက်ရိုးဖြင့်အုပ်ပြီး ရေကို ရွှဲအောင် လောင်းပေးပါ။ ပျိုးအိတ်နှင့် ပျိုးထောင်ပါက နွားချေးဆွေး၊ မြေဆွေး၊ စက်ဖွဲပြာ ရောစပ်ထားသော မြေကို ပျိုးအိတ်တွင် ထည့်ပြီး ရေလောင်း၍ မြေနှပ်ထားပါ။ မျိုးစေ့ကို အိတ်တွင် အစေ့မြုပ်ရုံသာ ထည့်ပြီး မြေဆွေးဖုံးပေးပါ။ ပျိုးအိတ်များကို မြက်ခြောက်၊ ကောက်ရိုးတို့နှင့် ဖုံးပြီး ရေလောင်းပေးပါ။ ပျိုးဘောင် (သို့) ပျိုးအိတ်များကို နေ့စဉ်မှန်မှန် ရေလောင်းပေးပါ။
🌶စိုက်ခင်း မြေပြုပြင်ခြင်း🌶
ငရုတ်စိုက်ပျိုးသည့်မြေအား ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက် ပြင်ဆင်ပါ။ အမှိုက်များကို စင်အောင်ကောက်ပါ။ ရေသွင်းရေထုတ် ကောင်းစေရန် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။ မြေကို ညီညာအောင်ပြုပြင်ပါ။ မြေအမျိုးစားပေါ်မူတည်၍ အပင်အကွာအဝေးကို (၂)ပေ ပတ်လည် လေးကွက်ကြားစိုက်နည်းဖြင့်လည်းကောင်း၊ တန်းကြား(၃)ပေ x ပင်ကြား(၁)ပေခွဲထား၍ လည်းကောင်း စိုက်လေ့ရှိပါသည်။
🌶စိုက်ပျိုးနည်း🌶
အရပ်ဒေသလိုက်၍ စိုက်ပျိုးနည်း(၂)နည်းရှိပါသည်။
(၁) တိုက်ရိုက်စိုက်နည်း
ပျိုးခင်း၊ ပျိုးဘောင်တို့ဖြင့်ပျိုးမထောင်ဘဲ ကြိုက်နှစ်သက်သောထယ်ရေး၊ ထွန်ရေးရပါက မျိုးစေ့များ ညီညာစွာ ကြဲပက်စိုက်ပျိုးခြင်းဖြစ်သည်။ တစ်ဧကအတွက် မျိုးစေ့(၁၀၀)ဂရမ်ခန့်ကုန်သည်။ အပင်ပေါက်စုံပါကလိုချင်သောအကွာအဝေးထားကာ ကျန်အပင်များနှုတ်ပေးရသည်။ စစ်ကိုင်းတိုင်း ဒေသအချို့၌ အများအားဖြင့်စိုက်ပျိုးကြသည်။
(၂) ရွှေ့ပြောင်းစိုက်ပျိုးနည်း
ထယ်ရေးအသင့်ပြင်ထားသောမြေပေါ်တွင် အသင့်ပျိုးထားသောပျိုးပင်များ ပျိုးသက်(၃၀-၄၅)ရက်သား ခန့် ရပါကရွှေ့ပြောင်းစိုက်နိုင်သည်။
🌶အပင်ပြုစုစောင့်ရှောက်ခြင်း🌶
ရွှေ့ပြောင်းစိုက်ပြီး (၃-၄)ရက်ကြာက အပင်စတင်လန်းလာပါမည်။ (၁၀-၁၂) ရက်ကြာပါက ပေါင်းနှိမ်ခြင်း၊ ရေသွင်းခြင်း စတင်နိုင်ပါသည်။ ကြားပေါင်းလိုက်ခြင်း၊ မြေတောင်မြှောက်ခြင်း၊ မြေဩဇာကျွေးခြင်းကို (၂)ပတ်တစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်သည်။
🌶မြေသြဇာ အသုံးပြုခြင်း🌶
တစ်ဧကအတွက် နွားချေးလှည်းအစီး (၁၀-၂၀)စီး ထည့်ပေးရပါမည်။ ဓာတ်မြေဩဇာအဖြစ် ယူရီးယား(၁)အိတ်၊ တီစူပါ(၁)အိတ်၊ ပိုတက်ရှ်(၁)အိတ် နှုန်းကို မြေပြုပြင်စဉ်တွင် ထည့်၍အပင်ကြီးထွားစဉ်အဆင့်တွင် ယူရီးယား (၂)အိတ်ကိုထပ်မံကျွေးရပါမည်။ တစ်ဧကလျှင် နှမ်းဖတ် (၀.၅)တန်နှုန်းကို ငရုတ်ပင်ပတ်လည်တွင်ထည့်ပေးနိုင်ပါသည်။
🌶ရေသွင်းခြင်း🌶
စိုက်ချိန်တွင် ဘောင်ပြည့်ရေတင်၍စိုက်ပါ။ ပုံမှန်အားဖြင့် (၁၀-၁၅) ရက်ခြားတစ်ကြိမ် ရေသွင်းပေးပါ။ ရာသီဥတု ပူပြင်းပါက (၅-၇) ရက်ခြားတစ်ကြိမ် ရေသွင်းပေးပါ။ ရေသွင်းရာတွင် ဘောင်ပြည့်မတင်ဘဲ ရေပါးပါးနှင့် အကြိမ်များများ တင်ပေးလျှင်ပို၍ကောင်းပါသည်။
🌶ရိတ်သိမ်းခြင်း နှင့် အထွက်🌶
ရွှေ့ပြောင်းစိုက်ပြီး (၂)လအကြာတွင် ပန်းစတင်ပွင့်သည်။ ပန်းပွင့်ပြီး(၂)ပတ်အကြာတွင် ပထမအကြိမ် စတင်ဆွတ်ခူးနိုင်သည်။ ရွှေ့စိုက်ပြီး(၃-၄)လအတွင်းဆွတ်ခူးနိုင်သည်။ အသီးများနီရဲလာပါကလျင်မြန်စွာ ဆွတ်ခူးရသည်။ မှည့်သောအသီးသာခူးသင့်သည်။ စိမ်းသောအသီးခူးပါကဖလံဖြူဖြစ်သွားတတ်သည်။ မျိုးနှင့်မြေအခြေအနေပေါ်မူတည်၍ အခြောက်တစ်ဧကလျှင်(၁၀၀-၂၀၀) ပိဿာ ရနိုင်သည်။ ငရုတ်သီး အစိမ်း အနေဖြင့် (၄၀၀ - ၁,၀၀၀) ပိဿာထွက်သည်။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း