menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"စပါး အရည်အသွေးကောင်းအောင် ဂရုပြုလိုက်နာရမည့် အချက်များ"
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
☑️ဒီတစ်ပတ်မှာ တောင်သူလယ်သမားကြီးများကို စပါးအရည်အသွေးကောင်းအောင်ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့အကြောင်းကို ဆွေးနွေးပေးချင်ပါတယ်။
☑️စပါးကို မိုးရွာနေရင် မရိတ်ပါနဲ့။ မိုး တိတ်အောင်နေသာအောင်စောင့်ပြီးမှ ရိတ်ပါ။မိုးလေဝသအခြေအနေကို လေ့လာပါ။ လူနဲ့ရိတ်ရင်လည်း ကောက်လှိုင်းများကို လယ်ကွက်ထဲမှာ ကြာကြာမထားဘဲ တလင်းသို့ မြန်မြန်သယ်ယူပြီး အနှံကို အပေါ်ဘက်ထား၍ ထောင်ထားပါ။ ရိတ်သိမ်းခြွေလှေ့စက်နဲ့ ရိတ်သိမ်းမယ်ဆိုရင် နေသာချိန်မှာရိတ်ပါ။ ရရှိလာတဲ့စပါးတွေကို တာလပတ်ပေါ်မှာ ပုံထားပါ။ ခြောက်လက်မခန့်အထူဖြန့်၍ နေလှန်းပါ။ မိုးရွာရင် တာလပတ်ဖြင့် အပေါ်က လုံအောင်အုပ်ထားပါ။ မိုး မမိပါစေနဲ့။ တစ်နေ့ ၄-၅ ကြိမ် အထက်အောက်လှန်၍ မွှေပေးပါ။
☑️မောင်းညိုချိန်မှာ စပါးရိတ်ရင် စပါးထဲမှာ အစိုဓာတ် ၂၅-၃၀ ရာခိုင်နှုန်းပါလာတတ်ပါတယ်။ စပါးရိတ်စက်နဲ့ ရိတ်ရင်တော့ အစိုဓာတ် ၃၀-၃၅ ရာခိုင်နှုန်းလောက် ပါလေ့ရှိပါတယ်။ ဒီပါလာတဲ့ အစိုဓာတ်ဟာ တစ်ရက်မှာ (၁ - ၁ .၅) ရာခိုင်နှုန်းသာ သဘာဝအလျောက် လျော့ကျနေပါတယ်။ စပါးစေ့ထဲက အစိုဓာတ်ချက်ချင်း မလျော့ကျရင် အဲဒီပါလာတဲ့ အစိုဓာတ်ကြောင့် စပါးအပူငွေ့တက်၊ စပါးမှိုတက်၊ စပါးအရောင်ပျက်၊ ဆန်သားကွဲအက်ပြီး အရည်အသွေးကျသွားစေပါတယ်။ ဒီလို ရက်တိုတိုအတွင်း သတ်မှတ်တဲ့အပူချိန်ရောက်အောင် လျှော့ချနိုင်ဖို့ စီမံရမှာဖြစ်ပါတယ်။
☑️စပါးရိတ်ပြီး ခြွေပြီးပါက တစ်ရက်အတွင်း စပါးစေ့တွင်းရှိ အစိုဓာတ်ကို ၁၈ ရာခိုင်နှုန်းအထိ လျော့ချဖို့လိုပါတယ်။ နှစ်ရက်အတွင်း အစိုဓာတ်ကို (၁၃-၁၄) ရာခိုင်နှုန်းထိ လျှော့ချဖို့လိုပါတယ်။ စက်နဲ့ရိတ် သိမ်းတဲ့စပါးကို ဒီလိုအချိန်တိုတိုအတွင်းသတ်မှတ်အစိုဓာတ်ရာခိုင်နှုန်းအထိ လျှော့ချဖို့ဆိုရင် သဘာဝနေလှန်းစနစ်နဲ့ ဆောင်ရွက်လို့မရနိုင်ပါ။ စပါးအခြောက်ခံစက်နဲ့သာရရှိနိုင်မှာဖြစ်ပါတယ်။ အခြောက်ခံစက် အလှမ်းဝေးနေရင်လည်း ရိတ်ခြွေစက်ကကျပြီး စပါးကို တာလပတ်(သို့) လှန်းတလင်းမှာ ခပ်ပါးပါး နေလှန်းပြီး တစ်နေ့ ၄-၅ ကြိမ် မွှေပေးဖို့ လိုအပ်ပါတယ်။
☑️စပါးကို နေလှန်းမယ်ဆိုရင် ကောင်းမွန်သောတာလပတ်သာအသုံးပြုသင့်ပါတယ်။ တာလပတ် အပေါက်အပြဲနဲ့ နိုင်လွန်ဆန်ကာပိုက် အသုံးပြုရင် နေအပူရှိန်ကြောင့် မြေတွင်းမှ အစိုဓာတ်ဟာ အငွေ့အဖြစ် တာလပတ် အပေါက်အပြဲနဲ့ နိုင်လွန်ဆန်ကာပေါက် အပေါက်များမှတစ်ဆင့် အပေါ်တက်လာပြီး စပါးစေ့ထဲ ခိုအောင်းနေမှာဖြစ်ပါတယ်။ စပါးလှန်းပြီး ခြောက်ပြီဆိုပြီး အိတ်သွတ် သိုလှောင်တဲ့အခါမှာ အဆိုပါခိုအောင်းနေတဲ့ အစိုဓာတ်က စပါးစေ့ အပူငွေ့တက်၊ မှိုတက်၊ အနံ့ထွက်ပြီး ပျက်စီးစေပါတယ်။
☑️နောက်တစ်ချက်ကတော့ စပါးရိတ်သိမ်းပြီး ရရှိလာတဲ့ စပါးများကို စိတ်ကြိုက်နေလှန်းပြီး ဖုန်၊ ခဲ၊ သဲ၊ အမှိုက်၊ အပင်အပိုင်းအစများကို ပြောင်စင်အောင် သန့်စင်ခြင်းပဲဖြစ်ပါတယ်။ လေပန်ကာ အသုံးပြုသန့်စင်ခြင်း၊ သန့်စင်စက်အသုံးပြုသန့်စင်ခြင်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဖုန်၊ ခဲ၊ သဲ၊ အမှိုက်၊ အပင်အပိုင်းအစများကို ပြောင်စင်အောင် မသန့်စင်ခဲ့ပါက စပါးစေ့ကိုလိုအပ်တဲ့အစိုဓာတ်အထိရရှိအောင် မည်သို့ပင် အခြောက်လှန်းစေကာမူ သိုလှောင်တဲ့အခါ ရောနှောပါနေတဲ့ ဖုန်၊ ခဲ၊ သဲ၊ အမှိုက်၊ အပင်အပိုင်း အစများမှာ ခိုအောင်းနေတဲ့ အစိုဓာတ်ကြောင့် စပါးစေ့အပူငွေ့ ထွက်၊ မှိုတက်၊ အနံ့ထွက်၊ စပါးအရောင် ပျက်ပြီး အရည်အသွေးကျဆင်းသွားစေပါတယ်။
☑️သို့ပါ၍ တောင်သူလယ်သမားကြီး များ စပါးထွက်အောင် တစ်မိုးတွင်းလုံးဂရုတစိုက်ဆောင်ရွက်လာပြီး ခါမှစပါးစေ့ အဖြစ်ရရှိချိန်မှာ ပျက်စီးဆုံးရှုံးသွားမယ်ဆိုရင် ပါးစပ်နားရောက်ခါနီး ထမင်းလုတ်ကို ပုတ်ချ ခံရသည့်အလား ရင်နင့်စရာပင်ဖြစ်ပါတယ်။ သို့အတွက် ရိတ်သိမ်းရန် စပါး၊ ရိတ်သိမ်းပြီးစပါးများ မပျက်စီး၊ အရည်အသွေးမကျရလေအောင် အထက်ပါအချက်များကို ဂရုပြုလိုက်နာကြရန် တိုက်တွန်း လိုက်ရပါတယ်။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်