menu

“စပါး အထွက်တိုး စိုက်ပျိုးနည်း”

🌾🌾🌾🌾🌾🌾🌾🌾🌾🌾

✅ စပါးသီးနှံကို မြန်မာနိုင်ငံအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပါသည်။ ရေရရှိမှုအပေါ် မူတည်၍ စိုက်ပျိုးချိန် နှင့် စိုက်ပျိုးရာဒေသများကွဲပြားကြသော်လည်း စိုက်ပျိုးထုတ်လုပ်မှု အများဆုံး သီးနှံဖြစ်သည်။တစ်နည်းအားဖြင့် မိရိုးဖလာ မျိုးရိုးစဉ်ဆက်စိုက်ပျိုးကြသည်လည်းဖြစ်သည်။ သို့ဖြစ်ရာ စပါးသီးနှံကို စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်းကောင်းရရှိနိုင်စေရန် “စပါး အထွက်တိုး စိုက်ပျိုးနည်း” စနစ်များကို ရေးသားတင်ပြလိုက်ပါသည်။

စပါးမျိုးရွေးချယ်ခြင်း
-----------------
ရေမြေဒေသနှင့် ကိုက်ညီသည့် အထွက်ကောင်းမျိုးသန့်စပါးကို ရွေးချယ်စိုက်ပျိုးပါ။ (၃)နှစ်တစ်ကြိမ် မျိုးသန့်များနှင့် လဲလှယ်စိုက်ပျိုးပါ။

မြေပြုပြင်ခြင်း
-----------
နွေထယ်ရေးခံခြင်းကို ဆောင်ရွက်ပါ။ ကန်သင်းများကို ကြိုတင်ပြင်ဆင်၍ ကန်သင်းလုံအောင် ဆောင်ရွက်ပေးသင့်ပါသည်။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ရန် အရေးကြီးဆုံးဖြစ်သည်။ စိုက်ခင်းမြေမြက်နှာပြင် ညီညာစေရန်လည်းလိုအပ်ပါသည်။ သို့မှသာ ရေထိန်းသိမ်းနိုင်မှု ကောင်းမွန်နိုင်ပါမည်။

ပျိုးထောင်ခြင်း
-----------
စပါးစိုက်ခင်း (၁၀) ဧကစာအတွက် ပျိုးခင်းတစ်ဧကတွင် ပျိုးထောင်ပါ။ ပျိုးခင်းတစ်ဧကတွင် မျိုးစေ့ (၁၅) တင်း ထက်ပို၍ ပျိုးမထောင်သင့်ပါ။ ၎င်းထက်ပိုပါက ပျိုးသေးပျိုးညှင်းများဖြစ်ပြီး ပိုးနှင့်ရောဂါများ ကျရောက်လွယ်ပါသည်။ ပျိုးခင်းများတွင် ပိုးနှင့်ရောဂါများ စတင်ကျရောက်သည်နှင့် အချိန်မှီ ဆေးဖျန်းရန် အရေးကြီးပါသည်။ 

စိုက်ပျိုးနည်းစနစ်
--------------
မျိုး၊ စိုက်ပျိုးသည့်စနစ် (ကြဲခင်း၊ ပျိုးစိုက်) စိုက်ပျိုးသည့် ဒေသပေါ်မူတည်၍ စိုက်ချိန်ကွာခြားမှု ရှိပါသည်။ စပါးပျိုးသက် (၂၀-၂၅) ရက်သားတွင် ရွှေ့ပြောင်းစိုက်ပါ။ ကြဲပက်စိုက်ပျိုးပါက လက်ဆညီညီနှင့် ကန်သင်း ကမ်းတိုက်အောင် ကြဲပက်ပါ။ ပျိုးစိုက်ပါက ပျိုးပင်လက်ဆ (၂ - ၃) ပင်နှင့် ကောက်ပင် တိမ်တိမ်သာ (၁ - ၁.၅) လက်မ စိုက်ရန် အရေးကြီးပါသည်။ ကြဲခင်းဖြစ်စေ၊ စိုက်ခင်းဖြစ်စေ စိုက်ပြီး (၂) ပတ်အကြာတွင် ကောက်ပင်ဖာခြင်းလုပ်ငန်းကိုဆောင်ရွက်ပါ။ 

ကောက်ကွက် အရေအတွက် 
------------------------ 
စပါး အထွက်ကောင်းရန် တစ်ဧက ကောက်ကွက်ဝင်ဆန့်မှုသည် အလွန်အရေးကြီးပါသည်။ စိုက်ပျိုးသည့်စပါးမျိုးအလိုက် အောက်ပါအတိုင်း ကောက်ကွက်ပြည့်မီအောင် စိုက်ပျိုးရပါမည်။ သက်လျင်မျိုးများ = တစ်ဧကအတွက် (၁) သိန်း (၅) သောင်း မှ (၁) သိန်း (၇) သောင်း နှင့် သက်လတ်မျိုးများ = တစ်ဧကအတွက် (၁) သိန်း (၃) သောင်း မှ (၁) သိန်း (၅) သောင်း ပြည့်မီရပါမည်။ 

ရေထိန်းသိမ်းမှု အခြေအနေ 
----------------------- 
အပင်ပွားချိန်တွင် ရေကို (၂)လက်မခန့် ထားပါ။ မှို့ကပ်ချိန်မှ ဖုံးတုန်းလုံးတုန်း အချိန်ထိ ရေကို (၄ - ၆) လက်မခန့် ထားပါ။ စပါးပန်းပွင့်ပြီး (၂)ပတ်အကြာတွင် ရေကိုပြောင်အောင်ထုတ်ပေးရပါမည်။ 

သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ သုံးစွဲခြင်း 
---------------------------------------- 
ပျိုးခင်းတွင် နွားချေးဆွေး၊ စက်ဖွဲပြာများ ထည့်၍ မြေပြင်ပါ။ စိုက်ခင်းတွင် နွားချေးဆွေး၊ အမှိုက်ဆွေးကို တစ်ဧကလျှင် လှည်း ၅ စီးမှ ၁၀ စီး တိုက်ချပေးပါ။ ရေမစိုသော စက်ဖွဲပြာချပေးနိုင်ပါက ပို၍ ကောင်းမွန်ပါသည်။ 

စပါးသီးနှံတွင် ဝိစာရဓာတ်မြေဩဇာများ အသုံးပြုရန်မှာ 
------------------------------
စပါးစိုက်ခင်း တစ်ဧကအတွက် 

( ၁ ) မြေခံတွင် ဝိစာရ ၁၅ ပတ်လည် - အိတ်တစ်ဝက် နှင့် မော်နီတာဂျစ်ပ်ဆမ် - နှစ်အိတ် (သို့မဟုတ်) 16:16:8+12S (အထွက်တိုးကွန်ပေါင်း) - အိတ်တစ်ဝက်နှင့် မော်နီတာဂျစ်ပ်ဆမ် - နှစ်အိတ်နှုန်း ရောစပ်၍ ထည့်သွင်းအသုံးပြုပါ။ 

( ၂ ) စပါးပင် (၂၅-၃၅)ရက်သက်တမ်းအတွင်း ပင်ပွားလှိုင်လှိုင်ထွက်ချိန်တွင် မိုးပုလဲ - (သုံးပုံတစ်ပုံ)အိတ် (သို့မဟုတ်) 17:8:8+15S (ရွှေတိုးကွန်ပေါင်း)- အိတ်တစ်ဝက်နှုန်း ထည့်သွင်းပေးပါ။ 

( ၃ ) စပါးမှို့ကပ်ချိန်တွင် ၁၆ပတ်လည် (ဇီလီယန်) - အိတ်သုံးပုံတစ်ပုံနှုန်း ထည့်သွင်းအသုံးပြုပါ။

( ၄ ) စပါးပင် အလံရွက်စထွက်ချိန် (သို့မဟုတ်) ဖုံးတုန်းလုံးတုန်းအချိန်တွင် အောင်နှံဝေ အိတ်တစ်စိတ် နှင့် ဘက်စ်ကေ အိတ်တစ်စိတ်နှုန်း ရောစပ်၍ထည့်သွင်း အသုံးပြုပေးရန်ဖြစ်ပါသည်။ 

ပိုးမွှား၊ ရောဂါ ကာကွယ်နှိမ်နင်းခြင်း 
------------------------------- 
ပိုးမွှားနှင့် ရောဂါများမှာ ပျိုးခင်းမှစ၍ကျနိုင်သောကြောင့် ပျိုးခင်းအချိန်မှစိုက်ခင်းအထိ မျက်ခြည်မပြတ် စောင့်ကြည့်ရပါမည်။ စပါးရွက်လိပ်အိမ်ပိုး၊ စပါးဆစ်ပိုး၊ ဖြုတ်ပိုးအမျိုးမျိုး၊ သရစ်လှေးပိုး၊ စပါးနှံစုပ်ပိုး များကျရောက်မှုများပြားတတ်ပြီး ဝိစာရ၏ “မင်းရဲ၊ ကေလာ၊ သူရိယ၊ ဘီတာစီ၊ နိုးဝမ်း၊ ပရိုဆင့်” ဆေးများကို ဆေးညွှန်းပါ အတိုင်းရွေးချယ်သုံးစွဲပေးရပါမည်။ မြေတွင်းအောင်းပိုးများနှင့် နီမတုတ် ကျရောက်ပါက “ဒီပါ၊ ဖစ်ပရို” ဆေးများကို ကြဲပက်သုံးစွဲနိုင်ပါသည်။ 
စပါးတွင် ကျရောက်မှုများသော ရောဂါများဖြစ်သည့် စပါးဂုတ်ကျိုးရောဂါ အတွက် “နိုက်စ်၊ ကာဗာ၊ ပိုင်ရီဆိုက်” စပါးရွက်ညိုပြောက်ရောဂါအတွက် “ဇိုလာ၊ ဘင်ဇိုကာ” စပါးဘက်တီးရီးယားရွက်ခြောက် ရောဂါအတွက် “ကျူပရိုမက်စ်၊ ကာစင်၊ ဘာလီဆိုဒ်” စသည့်ဆေးများကို ဆေးညွှန်းအတိုင်း သုံးစွဲ၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

ပေါင်းမြက်ကာကွယ်ခြင်း 
--------------------- 
စပါးခင်းအတွင်း ပေါင်းမြက်များပေါက်ရောက်မှုက စပါးအထွက်ကို ၂၈ - ၆၀ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်ပါသည်။ ထို့ကြောင့်ပေါင်းပေါက်ရောက်မှု နည်းနိုင်သမျှနည်းအောင် မြေကို ကောင်းစွာပြုပြင်ပါ။ အမှိုက်သရိုက်များကို တတ်နိုင်သမျှဖယ်ရှားပါ။ စိုက်ပြီး (၃၀-၃၅)ရက်အတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ပေါင်းသတ်ဆေး အသုံးပြုရန် ဝိစာရ၏ စပါးရွေးချယ် ပေါင်းသတ်ဆေးများဖြစ်သော “ကွင်ဖျူရန်၊ အောရိုက်၊ ဟာဘီ၊ ပေါင်းကင်း၊ ဒီမင်း၊ ဂျက်၊ ခရေဇီ” စသည်တို့ကို စပါးပင်အသက်ရက်နှင့် ပေါက်ရောက်သည့်ပေါင်းအုပ်စုများအလိုက် ရွေးချယ် အသုံးပြုနိုင်ပါသည်။ 

ထိုသို့ပေါင်းသတ်ဆေးများပက်ဖျန်းရာတွင် ပေါင်းသတ်ဆေးမဖျန်းမီ စိုက်ခင်းအတွင်း ရေထုတ်ခြင်း၊ ဆေးဖျန်းပြီးနောက် (၂-၃) ရက်ကြာမှ ရေပြန်သွင်းခြင်းကို သေချာစွာပြုလုပ်ပါ။ ပေါင်းသတ်ဆေးများ ဖျော်စပ်ရာတွင် သန့်ရှင်းကြည်လင်၍ ရွံ့၊ နွံ၊ နုံး အနယ်အနှစ်များ ကင်းစင်သောရေကို အသုံးပြုပါ။ ပေါင်းသတ်ဆေးဖျန်းပြီး (၇-၁၀) ရက်အတွင်း ဓာတ်မြေသြဇာကျွေးခြင်း၊ အပင်အားဆေးဖျန်းခြင်းများကို ရှောင်ပါ။ ဆေးအာနိသင် ထိရောက်စေရန်နှင့် ကြာရှည်ခံစေရန်ဆေးဖျန်းသည့်အခါတိုင်း တွယ်ကပ်ပြန့်နှံ့ဆေး “ဟီးရိုး (သို့မဟုတ်) နတ်ဆေး တစ်မျိုးမျိုးနှင့် ရောစပ်အသုံးပြုပေးရပါမည်။ 

ရိတ်သိမ်းခြင်း 
----------
 စပါးကို မောင်းညိုချိန်(သို့မဟုတ်) ပန်းပွင့်ပြီး ရက် (၃၀) (သို့မဟုတ်) စပါးစေ့ (၇၅ မှ ၈၀) ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင်ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန်နောက်ကျပါက စပါးစေ့ (၅၀ - ၆၀) ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးနိုင်ပါသည်။ မောင်းညိုချိန်တွင်ရိတ်မှသာ အလေအလွင့်နည်းပြီး ဆန်အရည်အသွေး ကောင်းမည်ဖြစ်ပါသည်။ 

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾 

Sources : စိုက်ပျိုးရေးဦးစီးဌာန