menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါး ရိတ်သိမ်း ခြွေလှေ့ရာတွင် ဂရုပြုသင့်သည့်အချက်များ .....
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
↗ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးမွှား၊ရောဂါကင်းစင်၍ အောင်မြင်ဖြစ်ထွန်းရန် အရေးကြီးသကဲ့သို့ အထွက်နှုန်းကောင်းစပါးခင်းများကို စနစ်တကျ ရိတ်သိမ်းခြွေလှေ့နိုင်ရန်လည်း အရေးပါလှပါသည်။ ထို့ကြောင့် အရည်သွေးကောင်းပြီး အလေအလွင့်နည်းပါးသော သန့်စင်သည့်စပါးများရရှိနိုင်ပါရန် စပါး ရိတ်သိမ်းခြွေလှေ့ရာတွင် ဂရုပြုသင့်သည့်အချက်များကို ရေးသားဖော်ပြလိုက်ရပါသည်။
ရိတ်သိမ်းခြင်း
------------
▪️ မရိတ်သိမ်းခင် (၁၀-၁၅) ရက်အလိုတွင် ရေဖြတ်ထားပေးရမည်။
▪️ စပါးစေ့၏ အရောင်နှင့် အစိုဓါတ်ကို ကြည့်ခြင်းအားဖြင့် ရိတ်သိမ်းချိန်ကို ခန့်မှန်းနိုင်သည်။
▪️ အချိန်စောပြီး ရိတ်သိမ်းမည်ဆိုလျှင် မရင့်မှည့်သေးသောစပါးနှံများနှင့် အဆံမအောင်တာတွေ ပါဝင် လာတတ်သောကြောင့် စပါးကြိတ်တဲ့အခါ အလွယ်တူကျိုးပဲ့ ပျက်စီးစေနိုင်သည့်အပြင် မျိုးစေ့အဖြစ် ပြန်လည် အသုံးပြုတဲ့ အခါမှာလည်း “မျိုးစေ့မမှန် ပင်မသန်”ဆိုတဲ့ စကားအတိုင်း မျိုးအောင်နိုင်မှာ မဟုတ်ပါဘူး။
▪️ နောက်ကျမှ ရိတ်သိမ်းသောအခါ စပါးနှံများကြွေကျပြီး ငှက်များ၏ရန်ကြောင့် ပျက်စီးခြင်းများ ကြုံကြိုက်နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှုပမာဏ ပိုမိုများသွားနိုင်ပါသည်။
▪️ ရာသီဥတုဒဏ်ကြောင့်လည်း စပါးအရည်အသွေး ကျဆင်းနိုင်သောကြောင့် အချိန်မှန် ရိတ်သိမ်းခြင်း ကသာ အကောင်းဆုံးဖြစ်ပါသည်။ ထို့အတွက်ကြောင့် စပါးပန်းပွင့်ပြီး (၂၅-၃၀)ရက် ကြာပြီးနောက်မှာ စပါးခင်းအပြည့်နီးပါး စပါးနှံများမှည့်ဝင်းလျှင် ရိတ်သိမ်းဖို့ အကောင်းဆုံးအချိန်ဖြစ်ပါသည်။
▪️ မရိတ်သိမ်းမီ အောက်ဘက်နားရောက်နေသော စပါးနှံများအား မာ၊မမာ သွားဖြင့်ကိုက်၍ စမ်းသပ် ကြည့်ပါ။ မာဆတ်ဆတ်ဖြစ်နေပြီဆိုပါက ရိတ်သိမ်းရန်သင့်တော်နေပြီဖြစ်ကြောင်း သိရှိရမှာ ဖြစ်ပါသည်။
▪️ စပါးရိတ်သည့်အခါ မြေပြင်အထက် (၄-၅) စင်တီမီတာအထက်လောက်မှ ရိတ်သိမ်းသင့်သည်။ လက်ကျန်ရိုးပြတ်တွေကို တတ်နိုင်သမျှ အတိုဆုံးဖြစ်အောင် ရိတ်ပစ်ရမည်။ ထိုမှသာ နောက်အတွက် မြေပြင်သည့်အခါ ရိုးပြတ်များကို မြေကြီးနှင့်အတူရောမွှေပြီး အလွယ်တကူ ဆွေးမြေ့စေရန် ဖြစ်သည်။
▪️ စပါးရိတ်ပြီးသည့်အခါ လက်ကျန်ရိုးပြတ်များအတွင်းသို့ ဆစ်ပိုးကောင်များ ခိုအောင်း နေတတ်ပြီး မျိုးဆက်ပြန့်ပွားနိုင်ပါသည်။ စပါးရိတ်ပြီးသည့်အခါ ရိုးပြတ်မှ အနှံပြန်လည်ထွက်လာသည့်တိုင်အောင် မထားပါနှင့်။ ထိုသို့ထားပါက စိုက်ခင်းထဲတွင် ရောဂါ၊ ပိုးမွှားများ ခိုအောင်းနေတက်ပြီး ရရှိလာသည့် အစေ့အအဆံမှာလည်း အရည်အသွေးမပြည့်မီသောကြောင့်ဖြစ်သည်။
▪️ လက်ကျန်ရိုးပြတ်ပင်မှ နောက်ထပ်စပါးနှံဖြစ်အောင် ထားမည်ဆိုပါက ပန်းပွင့်ခြင်း၊ စပါးအစေ့အဆံ တည်ခြင်း၊ ရင့်မှည့်တဲ့ကာလတွေမှာ ဆစ်ပိုးနှင့် နှံစုပ်ဂျပိုးတို့အတွက် ခိုအောင်းနေထိုင်နိုင်ပြီး နောက်ပိုင်း ဆိုးဝါးစွာကျရောက်တဲ့ အခြေအနေကို ကြုံတွေ့နိုင်ပါတယ်။ ထို့ပြင် ရိုးပြတ်မှနောက်ထပ်ရရှိလာသည့် စပါးနှံများသည်အရည်အသွေးညံ့ပြီး စပါးကြိတ်သည့်အခါ အကျိုးအကြေများနိုင်ပါသည်။
ခြွေလှေ့ခြင်း
-----------
▪️ ရိတ်ပြီးပြီးချင်း စပါးကို ချက်ခြင်းခြွေလှေ့နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
▪️ ခြွေလှေ့ပြီးသည့်နောက် စပါးကို နေပူသည့်အချိန်၌ အပြင်ဘက်သို့ ထုတ်လှန်းခြင်း (သို့မဟုတ်) အမိုးအကာရှိသည့်အတွင်းဘက်၌ လေသလပ်ခံထား အခြောက်ထားခြင်းကို ပြုလုပ်ပေးရမည်။
▪️ ရိတ်ပြီးသား ကောက်လှိုင်း (သို့မဟုတ်) စပါးထုံးများကို မိုးမိ၍ ရေစိုသွားပါက မခြွေလှေ့ခင် အခြောက်ခံရန် လိုအပ်ပါသည်။
▪️ နံနက်အစောပိုင်းမှာ စပါးကိုရိတ်သိမ်းပြီး နေ့ခင်းပိုင်းအချိန်တွင်ခြွေလှေ့နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
▪️ ခြွေလှေ့သည့်အခါ လွှင့်စင်သွားသည့်စပါးစေ့များကို အလေအလွှင့်မဖြစ်စေရန်အတွက် မိုးကာ (သို့မဟုတ်) ပလတ်စတစ်စ ခင်းထားသင့်သည်။
↗ သို့ဖြစ်ပါ၍ တောင်သူဦးကြီးများ စပါးရိတ်သိမ်းခြွေလှေ့ရာတွင် သိထားသင့်သည်များကို ဂရုပြု ဆောင်ရွက်ခြင်းဖြင့် စပါးအလေအလွင့်များ နည်းပါးနိုင်ကြပါစေ။
Sources : စိုက်ပျိုးရေးနည်းပညာ ဗဟုသုတများ