menu

စပါး နှင့် သီးနှံပင်များတွင် ကျရောက်တတ်သော “သရစ်လှေးပိုး”


🌾🦗🌾🦗🌿🦗🌿🦗🌾🦗🌾

⏩စိုက်ပျိုးသီးနှံများတွင် လှေးပိုးကျရောက်သည်ကို တောင်သူတိုင်းကြုံဖူးကြမည်ဖြစ်သည်။ လှေးပိုး ကျရောက်မှုဟာ စိုက်ပျိုးသီးနှံတွေရဲ့ အထွက်နှုန်းကို ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်ပါသည်။

⏩လှေးပိုးများသည် ကျရောက်သည့်သီးနှံနှင့် နေရာပေါ်မူတည်၍ အဝါရောင်ကနေအနက်ရောင်ထိ အမျိုးမျိုးရှိတတ်ပြီး သီးနှံပင်တွေရဲ့ အရွက်၊ ပင်စည်၊ အညွန့်နှင့် အသီးများတွင်ရှိသည့် သစ်ရည်တွေကို စုပ်ယူစားသောက်ကြပါသည်။ ကြက်သွန်၊ ပဲအမျိုးမျိုး၊ မုန်ညင်းမုန်လာ နှင့် အခြားသောဥယျာဉ် ခြံသီးနှံများအပြင် ပန်းမန်ပင်တော်တော်များများတွင် ပိုမိုကျရောက်လေ့ရှိပါသည်။ လှေးပိုးများသည် အုပ်စုလိုက်ကျရောက်လေ့ရှိပြီး အပင်ရဲ့ ရွက်ကြား၊ ပင်စည်ကြားနဲ့ အရွက်အောက်ဘက် မျက်နှာပြင်တွေမှာ နေလေ့ရှိပါသည်။

လှေးပိုးဖျက်ဆီးသည့်လက္ခဏာများ
-------------------------------

 ▪️ အများအားဖြင့် ငွေရောင်အကွက်ငယ်လေးများကို အရွက်၊ အသီးလုံးနှင့် အသီးတောင့်တွေမှာ တွေ့မြင်ရပါသည်။ 

 ▪️ အချို့သောအပင်များတွင် အရွက်များကို မူမမှန်တဲ့ပုံစံတွေအနေနဲ့ တွေ့မြင်ရတတ်ပါသည်။ 
 ▪️ လှေးပိုးများစုပ်စားမှုကြောင့် အရွက်နှင့်ပင်စည်များရှိ တစ်သျှူးသားများ သေကုန်ပြီး စုပ်စားခံရတဲ့ အရွက်တွေဟာ အရောင်ဖျော့လာခြင်း၊ အရွက်များလိပ်လာခြင်း၊ အရွက်များကြွေကျခြင်း၊ ညှိုးသွားခြင်း၊ အပင်များလိမ်သွားခြင်းများဖြစ်လာတတ်ပြီး ဆိုးရွားပါက အပင်များသေသည့်အထိ ဖြစ်တတ်ပါသည်။ 

 ▪️ အသီးများတွင် လှေးပိုးကျပါက လှေးပိုးအစားခံရသည့် အသီးများ၏ မျက်နှာပြင်တွင် ကြမ်းတမ်းသည့် ငွေရောင်အကွက်လေးများကို တွေ့ရပြီး အသီးများ စျေးကွက်မှာစျေးကောင်းမရခြင်း၊ စျေးကွက်မဝင် ခြင်းများ ဖြစ်လာနိုင်ပါသည်။ 

 ▪️ လှေးပိုးများသည် ဗိုင်းရပ်စ်ရောဂါကိုလည်း သယ်ဆောင်လာတတ်သည့်အတွက် လှေးပိုးကျပြီးလျှင် အပင်များတွင် ဗိုင်းရပ်စ်ရောဂါထပ်ဆင့် ဖြစ်လာနိုင်ပါသည်။ ထို့အပြင် ပိုးကိုက်ဒဏ်ရာမှတစ်ဆင့် မှိုရောဂါများလည်း ထပ်ဆင့်ဝင်ရောက်လာနိုင်ပါသည်။ 

လှေးပိုးကျရောက်မှုကို ကာကွယ်ရန် 
------------------------------- 

 ☑️ စိုက်ခင်းပတ်ပတ်လည်ရှိ လှေပိုးများရှင်သန်ခိုအောင်းနိုင်သော ပေါင်းမြက်ပင်များနှင့် အမှိုက်သရိုက် များကို ရှင်းလင်းပေးရပါမည်။ 

 ☑️ မြေကြီးအတွင်းမှ လှေးပိုးရုပ်ဖုံးကောင်များသေစေရန်အတွက် သီးနှံများမစိုက်မီ မဖြစ်မနေ ထည်ထိုး၊ ထွန်မွှေပေးပါ။ 

 ☑️ သီးလှည့်စနစ်ကိုကျင့်သုံးပေးပါ။ 

 ☑️ ပူပြင်းခြောက်သွေ့သည့်ရာသီများတွင် လှေးပိုးများပေါက်ဖွားနှုန်းမြင့်သည့်အတွက် ဆိုးရွားစွာ ကျရောက်တတ်သည်ကို သတိပြုရမည်။ 

 ☑️ သီးနှံများကို ရေသွင်း/ရေထုတ် ပုံမှန်ပြုလုပ်ပေးခြင်းကလည်း လှေးပိုးကျရောက်နိုင်မှုကို နည်းပါး စေပါသည်။ ထို့ပြင် အချို့သောသီးနှံခင်းများတွင် လှေးပိုးကျရောက်စဉ် စိုက်ခင်းကိုရေလွမ်းပေးခြင်း ကလည်း လှေးပိုးကျရောက်နေမှုအရေအတွက်ကို လျော့ကျစေနိုင်ပါသည်။ 

 ☑️ လှေးပိုးကျရောက်ပါက အပြာရောင်ထောင်ချောက်များကို အသုံးပြု၍ နှိမ်နင်းနိုင်ပါသည်။ 

ဓါတုဆေးဖြင့် ကာကွယ်နှိမ်နင်းခြင်း 
------------------------------- 

ဓါတုပိုးသတ်ဆေးများနှင့် ကာကွယ်နှိမ်နင်းလိုပါလျှင် ပရိုဆင့်၊ နိုးဝမ်း၊ ဆိုင်လာ၊ ကေလာ၊ လန်ဒါ ၅ ဆေးများမှတစ်မျိုးမျိုးကို ဆေးညွှန်းပါအတိုင်းအသုံးပြုပက်ဖျန်းပေးရပါမည်။ ရေသွင်းစိုက်ပျိုးသော သီးနှံခင်းများတွင်လှေးပိုးကျရောက်ပါက စိုက်ခင်းကိုရေမပြတ်အောင် ဂရုစိုက်ပါ။ ရေသွင်းချိန်မှာဖြစ်စေ မြေအစိုဓာတ်ကောင်းချိန်မှာဖြစ်စေ အပင်ခြေရင်းကို ဒီပါ (သို့) ဖစ်ပရို ဆေးခဲတစ်မျိုးမျိုးကို ကြဲပက် အသုံးပြုနိုင်ပါသည်။ 

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾

Sources : စိုက်ပျိုးရေးရာ နည်းပညာ