menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးအထွက်ကောင်းစေဖို့ ပေါင်းမြက်နှိမ်နင်းကြပါစို့
🌾🌱🎋🍃🌾🌾🌱🎋🍃🌾
✔️ စပါးစိုက်ခင်းအတွင်း ပေါင်းမြက်ပင်များ ရှိမနေသင့်ကြောင်း စိုက်ပျိုးသူတိုင်း သိပြီးဖြစ်ပါသည်။ ပေါင်းမြက်ပင်များသည် စပါးပင်နှင့် ယှဉ်ပြိုင်ပြီးနေရောင်ခြည်ကို ရယူသည်။ အစာအာဟာရကိုလည်း ရယူစားသုံးသည်။ မြေတွင်ရှိသည့် အစာအာဟာရတွင်သာမက စပါးစိုက်ခင်းသို့ နိုက်ထရိုဂျင်မြေသြဇာ ကျွေးစဉ်တွင် အဆိုပါ နိုက်ထရိုဂျင်အာဟာရကိုပါ စပါးပင်နှင့်အပြိုင် ရယူစားသုံးသည်။ ထိုမျှမက စိုက်ခင်းရှိရေကိုလည်း ရယူသုံးစွဲပါသည်။
✔️ အပင်များ၏ သဘာဝသည် အာဟာရ၊ ရေနှင့် နေရောင်ခြည်တို့အနက် တစ်မျိုးမျိုးချို့တဲ့လျှင် ပုံမှန် ဖြစ်ထွန်းကြီးထွားသီးပွင့်ခြင်း မရှိတော့ပါ။ စပါးစိုက်ခင်းတွင်လည်း စပါးပင်ရယူသုံးစွဲရမည့် အရာရာကို ပေါင်းမြက်ပင်များက ဤသို့ လုယူစားသုံးပါက စပါးပင်ကြီးထွားရာမှာ ကြီးထွားသင့်သလောက် မကြီး ထွားတော့ပါ။ အပင်ပွားရမှာ မပွားတော့ပါ။ အနှံအစေ့ပြည့်ဖြိုးရမှာ မပြည့်ဖြိုးတော့ပါ။ အကျိုးဆက် အားဖြင့် စပါးအထွက် လျော့နည်းရပါတော့သည်။
✔️ ပေါင်းမြက်ကြောင့် စပါးအထွက် မဆုံးရှုံးရေးအတွက် စပါးမစိုက်မီကပင် သွယ်ဝိုက်သောနည်းလမ်း မျိုးစုံဖြင့် ပေါင်းမြက်ပင်များပေါက်ရောက်မှုနည်းအောင် ဆောင်ရွက်သည့်ဓလေ့များ ရှိပြီးဖြစ်ပါသည်။ စိုက်ခင်းကို ထွန်ရေးတမန်းပြင်ရာ၌ တမန်းပုပ်၍ညက်အောင် ထွန်ယက်လေ့ရှိသည်။ ထွန်ယက်နေစဉ် တွေ့မြင်ရသည့် တမန်းပြင်ရှိ ပေါင်းမြက်ပင်များကို လက်ဖြင့်ကောက်ယူရှင်းလင်း ပစ်ရမည်။ စိုက်ပြီး စပါးခင်းအတွင်း ရေထိန်းသိမ်းမှုကို ဂရုတစိုက် ဆောင်ရွက်ပေးရမည်။
✔️ စပါးစိုက်ခင်းတွင် ပေါက်ရောက်သည့် ပေါင်းမြက်များကို အသွင်သဏ္ဌာန်ပေါ်မူတည်ပြီး ယေဘုယျ အားဖြင့် အုပ်စုသုံးခု ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ မြက်၊ မုန်ညင်းနှင့် ရွက်ပြန့်ပေါင်း ဟူ၍ဖြစ်သည်။
🌱မြက် (Grasses)
မြက်များ၏အရွက်သည် ရှည်လျား၍ ကျဉ်းမြောင်းပြီးရွက်ကြောများ ပြိုင်နေသည်။ ပင်စည်မှာလုံး၍အခေါင်းပါသည်။ ဝမ်းဘဲစာ၊ မြက်သီး၊ မြက်ချို၊ ဒေါင်းမြီးပျံ စသည်တို့သည် မြက်အမျိုးအစားဝင်ပေါင်းများဖြစ်သည်။
🎋မုန်ညင်း(Sedges)
မုန်ညင်း အမျိုးအစားသည် မြက်နှင့်ဆင်တူသည်။ အရွက်ပုံသဏ္ဌာန်၊ ရွက်ကြောအနေအထားတို့သည် မြက်နှင့် မုန်ညင်း ခွဲခြား၍မရနိုင်ပေ။ ထူးခြားသည်မှာ မုန်ညင်း၏ပင်စည်မှာအခေါင်းပိတ်ဖြစ်ပြီး တြိဂံပုံဖြစ်သည်။ မုန်ညင်းအစိမ်း၊ မုန်ညင်းအဝါ၊ မြက်ကွမ်းသီးလေး စသည်တို့သည် မုန်ညင်းအမျိုး အစားဝင်ပေါင်းများ ဖြစ်ပါသည်။
🍃ရွက်ပြန့် (Broadleaves)
ရွက်ပြန့် အမျိုးအစားသည် မြက်၊ မုန်ညင်းတို့နှင့် လုံးဝခြားနားသည်။ အရွက်များသည် ကျယ်ပြန့်၍ ပုံသဏ္ဌာန်နှင့် ရွက်ကြောများမှာ အမျိုးမျိုးအဖုံဖုံ ဖြစ်နေသည်။ ကတောက်စပ်၊ မှိုနတို၊ ရေလေးညှင်း၊ လယ်ပတူ စသည်တို့သည် ရွက်ပြန့်အမျိုးအစားဝင်ပေါင်းများဖြစ်ပါသည်။
✔️ ဖော်ပြပါ မြက်၊ မုန်ညင်းနှင့် ရွက်ပြန့် အမျိုးအစား အုပ်စုသုံးမျိုးစလုံး စပါးစိုက်ခင်းတွင် လယ်မြေ၏ ရေထိန်းသိမ်းနိုင်မှုအခြေအနေအရ ပေါက်ရောက်လာနိုင်ပါသည်။ စပါးစိုက်ခင်းမှာ ရေပြတ်လျှင် (သို့မဟုတ်) တမန်းမြက်နှာပြင်မညီညာလို့ကုန်းပေါ်ပြီး ရေနေရေထိုင်မမျှတလျှင် ပေါင်းမြက်ပင်တွေ ပေါက်ရောက်လာပါတယ်။ ရေမပြတ်အောင် အမြဲထိန်းထားနိုင်ရင် ရွက်ပြန့်ပေါင်းအုပ်စုကလွဲလို့ တချို့ပေါင်းမြက်စေ့တွေဟာရေအောက်မှာ အပင်ပေါက်လာလေ့မရှိပါ။ မည်သည့်ပေါင်းမြက် အမျိုး အစားဖြစ်စေ ပေါက်ရောက်လာပါက နှိမ်နင်းရမည်သာ ဖြစ်သည်။
✔️ ပေါင်းမြက်ကို မဖြစ်မနေကာကွယ်နှိမ်နင်းသင့်သည့်အချိန် (Crittical Period) ဆိုတာရှိသည်။ ထိုအချိန် တွင် ကာကွယ်နှိမ်နင်းခြင်းမပြုလုပ်ပါက ပေါင်းကြောင့်စပါးအထွက် ဆုံးရှုံးထိခိုက်မည်သာ ဖြစ်သည်။စပါးပင်သက်တမ်းရဲ့ ပထမ သုံးပုံတစ်ပုံကာလမှာ ပေါင်းမြက်ပင်များ ကင်းစင်နေအောင် နှိမ်နင်းရမှာ ဖြစ်ပါတယ်။
✔️ဓာတုပေါင်းသတ်ဆေးဖျန်းပြီး ပေါင်းနှိမ်နင်းခြင်း.....
✔️ စပါးပေါင်းသတ်ဆေးများစွာအနက် ဝယ်ယူသုံးစွဲရာတွင် ရွေးချယ်မှုမှန်ကန်ရန်လိုပါသည်။ပေါင်းသတ် ဆေးအလိုက် ကာကွယ်နှိမ်နင်းနိုင်တဲ့ စွမ်းရည်တွေရှိပါတယ်။ မြက်၊ မုန်ညင်းနဲ့ ရွက်ပြန့်ပေါင်း အမျိုး အစား သုံးမျိုးစလုံးကို နှိမ်နင်းနိုင်တဲ့ဆေး၊ တချို့က နှစ်မျိုး၊ တချို့ကတော့ တစ်မျိုးကိုသာ သီးသန့် နှိမ်နင်းနိုင်တဲ့ ဆေးဆိုပြီး ဓာတုဗေဒပစ္စည်းပါဝင် ဖော်စပ်မှုကွာခြားကြပါတယ်။ ပေါင်းမြက်မပေါက်မီ ဖျန်းတဲ့ဆေး၊ ပေါင်းမြက်ပေါက်ပြီးမှ ဖျန်းတဲ့ဆေးဆိုပြီး အမျိုးမျိုးရှိပါတယ်။
✔️ ထို့ကြောင့် ဆေးညွှန်းကိုဖတ်ပြီး မိမိသေစေလိုတဲ့ ပေါင်းအမျိုးအစားနဲ့ကိုက်ညီသင့်တော်တဲ့ ပေါင်းသတ်ဆေး၊ ဖျန်းလိုတဲ့အချိန် နဲ့ သင့်တော်တဲ့ပေါင်းသတ်ဆေးတွေကို ဝယ်ယူသုံးစွဲကြရန် ဖြစ်ပါတယ်။ပေါင်းမြက်ကြောင့် စပါးအထွက်မဆုံးရှုံးစေလိုပါ။ အချိန်မီကာကွယ်နှိမ်နင်းရပါမည်။ ထို့ကြောင့် စပါးပေါင်းသတ်ဆေးကို မှန်ကန်စွာရွေးချယ်၍ စနစ်တကျ ထိရောက်စွာသုံးစွဲပြီး ပေါင်းမြက်ပြဿနာကို ဖြေရှင်းနိုင်ကြစေလိုပါသည်။
💠စစ်မှန် ပြည့်ဝ ဝိစာရ💠