menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးအထွက်တိုးရေးအတွက် “ကန့်ဓာတ်” ၏အရေးပါမှု
🌾🌾🌱🌾🌾🌱🌾🌾🌱🌾🌾
➡️တောင်သူဦးကြီးများကို ကန့်ဓာတ်ခေါ်တဲ့ ဆာလ်ဖာဓာတ်ဟာ စပါးအထွက်တိုးရေးအတွက် ဘယ်လို အရေးပါသလဲဆိုတာဆွေးနွေးပေးချင်ပါတယ်။ စပါးပင် ရှင်သန်ကြီးထွား အထွက်များစေဖို့အတွက် အာဟာရဓာတ်ကြီး ၁၆ မျိုး လိုအပ်ပါတယ်။ အဲ့ဒီထဲမှာ ကန့်ဓာတ်ဟာ အနည်းလိုအာဟာရဓာတ်အနေနဲ့ ပါဝင်တာဖြစ်ပါတယ်။ အနည်းငယ်ဘဲလိုသော်လည်း ချို့တဲ့မယ်ဆိုရင်တော့ အပင်ကြီးထွား ရှင်သန်ပြီး အထွက်များဖို့အတွက် များစွာအကျိုးသက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
➡️မြန်မာနိုင်ငံ လယ်မြေတော်တော်များများမှ ကန့်ဓာတ်ချို့တဲ့တာ များလေ့ရှိပါတယ်။တခါတစ်ရံ စပါးခင်းကို နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်ဓာတ်တွေ လုံလောက်အောင်ကျွေးသော်လည်း ကန့်ဓာတ်ချို့တဲ့ရင် စပါးအထွက်ဟာမတက်ဘဲ တန့်နေတတ်ပါတယ်။ ကန့်ဓာတ်ဟာ စပါးရွက်များ စိမ်းလန်းခြင်း၊ အစာချက်လုပ်အားကောင်းစေခြင်း၊ ပင်ပွားကောင်းစေခြင်း၊ အနှံများကုတ်လွတ်စေခြင်း၊ အောင်စေ့အရေအတွက်များစေခြင်း၊ ရင့်မှည့်ချိန်ညီညာစေခြင်း၊ကလိုရိုဖီးလ်မော်လီကျူးများ၊ အရေးကြီး အင်ဇိုင်းများပေါင်းစပ်ပေးခြင်း၊ ဟော်မုန်းများလှုပ်ရှားမှုကို ပံပိုးကူညီပေးခြင်း၊ အင်ဇိုင်းများကို နှိုးဆွပေးခြင်း စတဲ့အကျိုးတရားများကို ဖြစ်စေပါတယ်။
➡️တောင်သူလယ်သမားကြီးများသည် ကန့်ဓာတ်၏ အရေးပါမှု၊ကန့်ဓာတ်ချို့တဲ့ပါက စပါးအထွက်နှုန်း ကျဆင်းစေမှုတို့ကို သိရှိသူနည်းပါးတာကိုတွေ့ရပါတယ်။ ကန့်ဓာတ်၏စပါးပင်အထွက်နှုန်းတိုးရေးအပေါ် အရေးပါမှုကို တောင်သူလယ်သမားကြီးများသို့ စိုက်ပျိုးရေးနည်းပညာပေး ဆောင်ရွက်နိုင်ရန်အတွက် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဗဟိုစိုက်ပျိုးရေးသုတေသန ရေဆင်းမှာ ကန့်ဓာတ်သုတေသနပြု စမ်းသပ်ကွက် ၈၅ ကွက်ကို ဆောင်ရွက်ခဲ့ပါတယ်။
➡️မူလ စပါး ၇၀ တင်းအောက် ထွက်ရှိသော သဲဆန်ပြီး သစ်ဆွေးဓာတ်ပါဝင်မှု နည်းတဲ့ မြေများနဲ့ ရေတွင်ပျော်ဝင်နိုင်သောကန့်ဓာတ်ပါဝင်မှု ၀.၀၀၈ ရာခိုင်နှုန်းအောက်ရှိသော မြေများမှာ ကန့်ဓာတ် တစ်ဧက ၇.၅ ပေါင် ထည့်ပေးခြင်းဖြင့် ပျမ်းမျှစပါးအထွက်နှုန်း ၂၆ ရာခိုင်နှုန်းထိ ထွက်ရှိတာကို တွေ့ရှိရပါတယ်။ ကန့်ဓာတ်ကို ထည့်သွင်းရန် အကောင်းဆုံးအချိန်မှာ စိုက်ပျိုးချိန်(သို့) စိုက်ပျိုးပြီး တစ်ပတ်အတွင်း ဖြစ်ပါတယ်။ မြေဆီလွှာအတွင်း အမြစ်ဆုံထိရောက်အောင် ထည့်ပေးပါက ပိုပြီးထိရောက်တယ်လို့ ပြောပါတယ်။
➡️ကန့်ဓာတ်ရရှိရန်အတွက် ဂျစ်ပဆန်ကျောက်မှုန့်မြေသြဇာနှင့် ကန့်ဓာတ်ပါဝင်သော ကွန်ပေါင်းမြေဩဇာ များကို အသုံးပြုရမှာဖြစ်ပါတယ်။ ကန့်ဓာတ်ပါဝင်တဲ့ ဂျစ်ပဆန်ကျောက်မှုန့်မြေသြဇာဆိုရင် တစ်ဧက ပေါင် ၁၀၀ နှုန်းထည့်ပေးသင့်တယ်လို့ ရေဆင်းစိုက်ပျိုးရေးသုတေသနက ထောက်ခံထားတာ တွေ့ရပါတယ်။ ထို့ကြောင့်မိမိစပါးခင်းများမှာ ကန့်ဓာတ်မချို့တဲ့စေရန်အတွက် ကန့်ဓာတ်ပါသော ဂျစ်ပဆန်ကျောက်မှုန့်မြေသြဇာ (သို့မဟုတ်) ကန့်ဓာတ်ပါဝင်သော ကွန်ပေါင်းမြေဩဇာများကို အသုံးပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
Sources : Saya U Aung San အောင်ဆန်း(စိုက်ပျိုးရေး)