menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးအထွက်တိုးစေရန် ဂရုပြုရမည့် ရေသွင်း ရေထုတ်စနစ်
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔸 ဆန်စပါးသည်မြန်မာနိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သလိုပြည်ပပို့ကုန်အတွက်လည်း အလွန်အားထား ရသည့် သီးနှံဖြစ်ပါတယ်။ စပါးတစ်ဧကအထွက်နှုန်းတိုးရေးအတွက် တစ်ဧကအပင်အရေအတွက်၊ ပင်ပွားအရေ အတွက်၊ တစ်ဧကရှိအနှံအရေအတွက်၊ တစ်နှံပါအောင်စေ့အရေအတွက်၊ အစေ့တစ်ထောင် အလေးချိန် ဆိုတဲ့အထွက်တိုးမိတ်ဖက်အချက်အလက်တွေကို စွမ်းရည်ပြည့်ဝအောင်ပြုစုထိန်းသိမ်းရတဲ့ နည်းပညာတွေကိုမလွဲမသွေဆောင်ရွက်ကြရမှာပါ။
🔸 ထိုသို့အဓိကအချက်များကို စွမ်းရည်ပြည့်ဝစွာရရှိနိုင်ရန်ရေသွင်းရေထုတ်စနစ်၏ လွှမ်းမိုးနေမှု၊ အရေးပါမှု များကိုတင်ပြချင်ပါတယ်။ “တစ်နှံမှာ အောင်စေ့ ၁၀၀၊ တစ်ဧကမှာအောင်နှံ ၁၀သိန်း၊ တင်း၁၀၀ ထွက် မယ့်ကိန်း”လို့မြင်လွယ်အောင်အထူးပြုဆိုထားကြပါတယ်။ စပါးခင်းဟာ စိုက်ခင်းစနစ်ဆိုရင်စပါးနှံ ၁၀သိန်းကျော်ရှိရမှာဖြစ်ပါတယ်။ အကယ်၍ ကြဲခင်းဖြစ်ပါလျှင် တစ်ဧက အနှံပေါင်း ၁၅သိန်းခန့်ရှိရမှာ ဖြစ်ပြီး တစ်နှံပါအောင်စေ့ ၇၀ခန့် ရှိရမှာဖြစ်ပါတယ်။ သို့မှသာတစ်ဧကတင်းရာကျော်ထွက်နိုင်မှာဖြစ်ပါသည်။
🔸 စပါးပင်သည်အသက်ရက်တစ်လကျော်သည်နှင့်အပင်စပွားပါသည်။ စိုက်ခင်းဖြစ်လျှင်စပါးတစ်ရုံမှ(၆-၈) ပင်ခန့်ပွားပါသည်။ မြေကောင်း၊ရေကောင်းဖြစ်လျှင်(၁၀-၁၅)ပင်အထိပွားနိုင်ပါသည်။ ကြဲခင်းတွင်စပါး တစ်ပင်မှ(၂-၃)ပင်သာပွားနိုင်ပါသည်။ ထို့ကြောင့်ကြဲခင်းတွင်ခေါင်နှံကိုသာအဓိကထားယူကြရသည်။ စပါးခင်းထဲရှိရေ၏အမြင့်သည်စပါးပင်ပွားစီးမှုကိုလွှမ်းမိုးထားပါသည်။ အပင်ပွားတော့မည့်အချိန် စပါးခင်းထဲတွင်ရေများနေမယ်၊(၄-၅)လက်မလောက်ဖြစ်နေမည်ဆိုလျှင် စပါးပင်အောက်ခြေက အပင်ပွားမယ့်အဆစ်တွေဟာ ရေထဲမြုပ်နေသည့်အတွက် ပင်ပွားမထွက်နိုင်တော့ဘဲ မူခြားမြစ်များသာ ထွက်လာမှာဖြစ်ပါသည်။ အကျိုးဆက်အဖြစ်ပင်ပွားနည်းသွားပြီး တစ်ဧကရှိရမည့်အနှံအရေအတွက် လည်းလျော့သွားစေပါမည်။ ထို့ကြောင့်အပင်ပွားချိန်စိုက်ခင်းထဲတွင်ရေတစ်လက်မ၊ တစ်လက်မခွဲခန့် သာအမြဲထိန်းထားပြီး ရေသွင်း ရေထုပ်လုပ်ပေးဖို့လိုအပ်ပါသည်။
🔸 ရေသွင်း ရေထုတ် လွယ်လွယ်ထုတ်နိုင်ဖို့၊ မြန်မြန်ထုတ်နိုင်ဖို့၊ ညီညီညာညာထုတ်နိုင်ဖို့အတွက် လယ်၏ လယ်သားမျက်နှာပြင် နှင့် တမန်းမျက်နှာပြင်ကိုညီအောင်ညှိထားဖို့ လိုအပ်ပါသည်။ အကယ်၍တမန်း မျက်နှာပြင်မညီဘဲ တစ်ဖက်စောင်းထရံထောင်ဖြစ်နေမယ်၊ ဒယ်အိုးပုံအလယ်ခွက်နေမယ်၊ လိပ်ခုံးပုံ အလယ်မောက်နေမယ်ဆိုပါလျှင် နိမ့်သည့်နေရာများကရေများပြီးအပင်မပွားနိုင်၊ မြင့်သည့်နေရာများက ရေပြတ် ပေါင်းထပြီး အပင်မပွားနိုင်၊ ရေလည်းလွယ်လွယ်ကူကူထုတ်လို့မရသည့်အတွက် ပင်ပွားမရရှိနိုင် တော့ဘဲ တစ်ဧကရှိရမည့် အနှံအရေအတွက်ပါလျော့နည်းသွားပြီး အထွက်ကျရန်သေချာနေပြီဖြစ်ပါသည်။
🔸 စပါးမှို့ကပ်ချိန်မှာရေအလိုအပ်ဆုံးအချိန်ဖြစ်ပါသည်။ ထိုအချိန်တွင်တစ်နှံပါအောင်စေ့များစေရန်အကျိုး ပြုမှာဖြစ်ပါသည်။ ထို့ကြောင့်မှို့ကပ်ချိန်တွင်စပါးခင်းထဲကိုရေ(၄-၅)လက်မရှိအောင်ထိန်းထားနိုင်ဖို့လိုပါ သည်။ ကတွတ်ပေါက်လုံအောင်သေချာဖို့ထားရပါမည်။ မှို့ကပ်ချိန်မှာစပါးခင်းရေပြတ်၊ ရေငတ်၊ ပက်ကြား အက်မည်ဆိုလျှင် တစ်နှံပါအစေ့အရေအတွက်ရော အောင်စေ့အရေအတွက်ပါကျဆင်းသွားပြီး အထွက်ကျမှာဖြစ်ပါသည်။
🔸 ထို့ကြောင့်တောင်သူဦးကြီးများမှ မိမိတို့စပါးခင်းများကိုမျက်ခြည်မပြတ် ဂရုစိုက်ကြည့်ရှုပြီး ရေသွင်း ရေထုတ်ကို အလေးအနက်ထားဆောင်ရွက်ကြဖို့နှိုးဆော်ရေးသားအပ်ပါသည်။
Credit : အောင်ဆန်း(စိုက်ပျိုးရေး)
🍃စစ်မှန် ပြည့်ဝ ဝိစာရ 🍃