menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးခင်းထဲရှိ ရေအနည်းအများနှင့် နီမတုတ်ရောဂါ ဆက်စပ်မှု
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
✔️စပါးပင်များတွင် အပင်ရောဂါဖြစ်စေသောသက်ရှိများဖြစ်ကြသည့် မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မိုက်ကိုပလပ်စမာ (Mycoplasma) နှင့် နီမတုတ် (Nematode) တို့အကြောင်းကို စိုက်ပျိုးသူများ သိရှိသင့်သလောက် သိလာကြပြီးဖြစ်ပါသည်။
✔️နီမတုတ်ရောဂါကလည်း ဖြစ်ပွားမှုအမျိုးမျိုးရှိကြသည်။ ရောဂါဖြစ်စေသည့်သက်ရှိများ တစ်မျိုးနှင့် တစ်မျိုး မတူကြပါ။ ထို့ကြောင့်လည်း ကာကွယ်မှု၊ နှိမ်နင်းမှုတို့ ပြုလုပ်ရာတွင်လည်း မတူကြပေ။ အားလုံးကိုခြုံငုံပြီးတစ်သမတ် တည်းပြော၍မရ။ ဆက်စပ်မှုရှိသည်မှာ စပါးခင်းထဲကရေ ဖြစ်သည်။စပါးပင် အမြစ်မှာ အဖု၊ အလုံးဖြစ်သော မြစ်ဖုနီမတုတ်ရောဂါဆိုလျှင် နီမတုတ်မျိုးစိတ်နှင့် စပါးမျိုး ကိုလိုက်၍ ရောဂါပြလက္ခဏာများ မတူကြပါ။ စပါးစိုက်ပျိုးသော ဒေသတို့တွင်ရောဂါဖြစ်ခြင်း၊ နည်းခြင်း၊ များခြင်း၊ အမြဲလိုလို ကျရောက်ခြင်းရှိကြသည်။
✔️မြစ်ဖုရောဂါဆိုလျှင် ဧရာဝတီတိုင်းဒေသတွင် နွေစပါးသတိထားရသည်။ စပါးခင်း ရေပြတ်လျှင် ရောဂါ ဖြစ်ပွားမှု ပိုများသည်။ ထို့ကြောင့် ရေထည့်ပေးရ၊ ရေလှောင်ပေးရသည်ဆိုသော်လည်း မြစ်ဖုနီမတုတ် မျိုးတစ်မျိုးသည် အခြားမျိုးစိတ်များနှင့်မတူ။ ရေဝပ်မှုမခံနိုင်။ ဤတစ်မျိုးကလွဲ၍ ကျန်သည့်မျိုးများ ရေဝပ်မှုခံနိုင်ပြန်သည်။ စပါးယူဖရာရောဂါမှာလည်း ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ပင်လယ်ကမ်းရိုးတန်းဒေသများ ဂရုပြုရသည်။ ရေငန်စပ်၊ သဲဆန်မြေ ပို၍သတိပြုရသည်။
✔️ရေသည် နီမတုတ်ပြန့်ပွားရေးတွင်အလွန်အရေးကြီးသည်။ မိုးများခြင်း၊ ရေကြီးခြင်း၊ တစ်ခင်းမှတစ်ခင်း စပါးခင်း ရေသွင်းရေထုတ် ဖြတ်ကျော်ပြုလုပ်ခြင်းသည် တစ်ပင်မှတစ်ပင်၊ တစ်ခင်းမှတစ်ခင်း၊ တစ်ကွင်းမှတစ်ကွင်း ကူးစက်ပျံ့နှံ့နိုင်သည်။ စပါးယူဖရာရောဂါမှာ ရေနည်းသောနွေစပါးတွင်ကျရောက်မှု နည်းပါးသွားပြန်သည်။ နီမတုတ်ရောဂါများကို လေ့လာရာတွင် ရေသွင်းရေထုတ် ပြုလုပ်မှု၊ လယ်ထဲရေအနည်းအများ ရေလှောင်ထည့်ထားမှု၊စပါးစိုက်ပျိုးသောစနစ် (တောင်ယာ၊ ဆည်ရေသောက်၊ ရေနက်စပါး၊ ယာစပါး စသည်) ကွာခြားမှု၊ မျိုးစေ့ဆောင်စပါးရွက်ဖျားဖြူနီမတုတ်ရောဂါဆိုလျှင် ဆည်ရေ သောက်နှင့် ရေနက်စပါးကျရောက်မှု ပိုများသည်။
✔️အချို့သော စပါးခင်းတွင် မျိုးစေ့အသုံးများခြင်း၊ ခပ်စိပ်စိပ်စိုက်ခြင်း၊ ပျိုးထောင်စိုက်နှင့် တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးမှုလည်း ဖြစ်ပွားတတ်ကြသည်။ စပါးပြီးစပါး ဆက်တိုက်စိုက်ခြင်းထက် စပါးအပြီး ပဲ၊ နှမ်း၊ နေကြာ သီးထပ်သီးလှည့်စိုက်ခြင်း ပြုလုပ်ကြရသည်။ ကန့်ဓာတ်ချို့တဲ့မှု၊ နိုက်ထရိုဂျင်ဓာတ်မြေသြဇာ အသုံးပြုမှုများခြင်း၊ ပိုတက်စီယမ်ဓာတ်မြေသြဇာ အသုံးပြုမှုနည်းပါးခြင်း (စပါးယူဖရာ ရောဂါ ပိုဖြစ်သည်။) နီမတုတ်ရောဂါအလိုက် စပါးခင်းထဲ ရေအနည်း၊ အများထား သိုလှောင်ခြင်း၊ ရေသွင်းရေထုတ် ပြုလုပ်ခြင်းကလည်း ဂရုပြုရပါသည်။
✔️တူညီသော ကာကွယ်နှိမ်နင်းမှုက မျိုးသန့်စိုက်ပါ။ ပေါင်းမြက်ရှင်းပါ။ သီးလှည့်စိုက်ပါ။ ဓာတ်မြေသြဇာ များကို အချိုးကျထည့်ပါ။ စိုက်ခင်းထဲက သီးနှံပင်အကြွင်းအကျန်များ ဖယ်ရှင်းပါ။ ရေသွင်းရေထုတ် ဂရုပြုဆောင်ရွက်ပါ။ ဒဏ်ရာအနာပွန်းပဲ့ထိခိုက်ကွဲပြဲအနာ မဖြစ်ပါစေနှင့်။ ရောဂါကျပြီးလယ်တွင် ပျိုးထောင်၊ ကောက်စိုက် ထပ်မံပြုလုပ်လျှင် နောက်ထပ်စိုက်မည့် စပါးတွင် ရောဂါကျနိုင်သည်။ ရောဂါလက္ခဏာစတွေ့လျှင် ဆေးဖျန်းနှိမ်နင်းပါဟု ဆင့်ပွားအသိပေးလိုက်ရပါသည်။
ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၈ - ၁၄) ရက်