menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးခင်းထဲက “ပင်စည်ပုပ်ရောဂါ”
(Stem Rot)
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
ရောဂါဖြစ်စေသက်ရှိ - Helminthosporium Sigmoideum
⏩ရောဂါလက္ခဏာ⏪
စပါး ပင်စည်ပုပ်ရောဂါကို အပင်ကြီးထွားမှု၏ နောက်ပိုင်းအဆင့်တွင်တွေ့ရသည်။ ရေမျက်နှာပြင်နှင့် ထိစပ်နေသောနေရာတွင် အမဲရောင်အနာကွက်များ စတင်ဖြစ်ပေါ်သည်။ ထို့နောက် ရောဂါကွက်များ ကျယ်ပြန့်လာပြီး ရွက်ဖုံးသည်လုံးဝ (သို့) တစ်ပိုင်းတစ်စ ပုပ်သွားသည်။ ၎င်းအဆင့်တွင် စကလယ်ရိုရှမ် အမဲလုံးများကိုရွက်ဖုံးပေါ်တွင်တွေ့နိုင်သည်။ ရွက်ဖုံးမှတစ်ဆင့် ပင်စည်သို့ ရောဂါကူးစက်ပြီး ပင်စည်တွင်ညိုမည်းရောင်အနာကွက်များဖြစ်ပေါ်လာကာ ဆစ်ကြားတစ်ခု၊ နှစ်ခုပျော့ပုပ်လာ၍ ပင်စည်ယိုင်လဲသွားသည်။ ဆစ်ကြားကိုခွဲကြည့်ပါက ပင်စည်အခေါင်းအတွင်းတွင် အမည်းရောင်မှိုမျှင် များနှင့် အနက်ရောင် စကလယ်ရိုရှမ်များ ပြန့်ကြဲနေသည်ကိုတွေ့ရသည်။ ရောဂါပြင်းထန်မှုသည်အပင်သက်တမ်းရင့်လာသည်နှင့်အမျှမြင့်မားလာပြီး စပါးပင်ရိတ်သိမ်းချိန်တွင် အမြင့်ဆုံးသို့ရောက်ရှိလာသည်။ အချို့သောရောဂါရအပင်များတွင် ပင်စည်အခြေမှနေ၍ ပင်ပွားများ ပိုမိုထွက်ရှိသည်ကိုတွေ့ရသည်။ အပူပိုင်းဒေသများတွင် စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးပြီးခါစ အပင်ငယ်စဉ်တွင်လည်း ရံဖန်ရံခါကျရောက်တတ်သည်။ ပျိုးပင်အရွယ်တွင်ဝင်ရောက်တိုက်ခိုက်ခြင်း ခံရပါက အရွက်များဝါလာမည်။ ထို့နောက်အညိုရောင်ပြောင်းပြီးသေသွားသည်။
⏩ရောဂါဖြစ်ပွားမှု နှင့် ရောဂါသံသရာ⏪
မြေဆီလွှာတွင်နိုက်ထရိုဂျင် နှင့် ဖော့စ်ဖိတ်အများအပြားရှိနေလျှင် ပင်စည်ပုပ်ရောဂါပြင်းထန်မှုကို တိုးတက်စေသည်။ ပိုတက်စီယမ်မြေဩဇာ ပိုမိုသုံးစွဲလျှင်ရောဂါကိုလျော့နည်းစေသည်။ ရေသွင်းရေထုတ်ညံ့သောမြေတွင် ရောဂါပိုဖြစ်သည်။ အထူးသဖြင့်”ဆစ်ပိုး”ကျသောအခင်းများတွင် ရောဂါကျရောက်မှုပိုမိုပြင်းထန်သည်။ အပင်ယိုင်လဲလွယ်သောစပါးမျိုးများတွင် ပင်စည်ပုပ်ရောဂါကို သာမန်အခြေအနေတွင်ပင် ခံနိုင်ရည် နည်းပါးသည်ကို တွေ့ရသည်။ ပင်စည်ပုပ်ရောဂါဖြစ်စေသောမှိုသည် ရက်အတန်ကြာမြင့်စွာအသက်ရှင်ခိုအောင်းနိုင်သည်။ စိုစွတ်သော စပါးစိုက်မြေတွင်နစ်မြုပ်နေပါက(၁၃၃)ရက် အသက်ရှင်နိုင်သည်။ ရေလွှမ်းသည့် လယ်များတွင် ထယ်ထိုးထွန်မွှေခြင်းဖြင့် မှိုလုံးငယ်များပေါ်လာပြီး ပင်စည်ပိုင်းရွက်ဖုံးများပေါ်သို့ ရောက်ကာ ရောဂါကူးစက်စေပါသည်။
⏩စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နှင်းခြင်း⏪
၁ ။ အပင်ယိုင်လဲမှုမရှိသော၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများကိုစိုက်ပါ။
၂ ။ ကောက်ရိုး၊ ရိုးပြတ် နှင့် ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။
၃ ။ ရေမသွင်းမီ မြေကိုပတ်ကြားအက်အောင်ထားပြီးမှရေသွင်းပေးပါ။
၄ ။ ရောဂါပြင်းထန်မှုလျော့နည်းရန် ပိုတက်ရှ်မြေသြဇာ ထည့်ပေးပါ။
၅ ။ ရောဂါကျ စပါးခင်းများကိုဖြတ်၍ ရေသွင်းရေထုတ်မပြုလုပ်မိစေရန် ဂရုစိုက်ပါ။
၆ ။ ပင်ပွားချိန်တွင် ရေနက်နက်သိုလှောင်ထားခြင်းကိုရှောင်ပါ။ ရေကိုလုံလောက်ရုံသာ ပေးသွင်းထားခြင်းဖြင့် ဤရောဂါကိုကာကွယ်နိုင်ပါသည်။
⏩ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း⏪
“စပါး ပင်စည်ပုပ်ရောဂါ” ရောဂါကျရောက်ပါက ဝိစာရ ၏ “ဒိုင်ဇီ၊ ဇိုလာ၊ ကာဗာ” ဆေးများမှ တစ်မျိုးမျိုးကို ဆေးညွှန်းပါအတိုင်း ပက်ဖျန်းအသုံးပြုပေးရပါမည်။
Sources : သီးနှံကာကွယ်ရေးဌာနခွဲ (စိုက်ပျိုးရေးဦးစီးဌာန)