menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးဂုတ်ကျိုးရောဂါ အတွက်အထိရောက်ဆုံး ပိုင်ရီဆိုက်ကိုသုံး
🌾စပါးဂုတ်ကျိုးရောဂါ အတွက်အထိရောက်ဆုံး ပိုင်ရီဆိုက်ကိုသုံး . . .🌾
🔹စပါးတွင် ကျရောက်တတ်သောရောဂါများထဲမှ မှိုရောဂါတစ်ခုဖြစ်သည့် စပါးဂုတ်ကျိုးရောဂါအကြောင်းကို တောင်သူဦးကြီးများအတွက် မျှဝေပေးလိုပါသည်။
🔹စပါးဂုတ်ကျိုးရောဂါသည် မိုးစပါးထက် နွေစပါးတွင် ပိုမိုကျရောက်လေ့ရှိပြီး အစိုစိုက်စပါးထက် အခြောက်စိုက်စပါး စိုက်ခင်းများကို ပိုမိုပျက်စီးစေပါသည်။
🔹စပါးဂုတ်ကျိုးရောဂါ လက္ခဏာမှာ စပါးရွက်ပေါ်တွင် လွန်းပုံသဏ္ဌာန်ရှိသော ရောဂါကွက်များတွေ့ရသည်။ ရောဂါကွက်များကြီးခဲ့လျှင် အလယ်တွင် မီးခိုးရောင်အကွက်များဖြစ်ပေါ်တတ်သည်။ ငယ်လျှင် မပေါ်တတ်ပါ။ ခံနိုင်ရည်မရှိသော စပါးမျိုးများတွင် ရောဂါကွက်တစ်ခုနှင့်တစ်ခုဆက်သွားပြီး စပါးရွက်များသေသွားတတ်သည်။
🔹အနှံနှင့် ပင်စည်အဆစ်များတွင်လည်း ရောဂါကျရောက်တတ်ပြီး အနှံတွင်ရောဂါဝင်ရောက်ပါက ဂုတ်တွင် အညိုရောင်အကွက်များ ဖြစ်ပေါ်ပြီး ကျိုးကျတတ်သဖြင့် ဂုတ်ကျိုးရောဂါဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ပင်စည်အဆစ်တွင် ကျရောက်ပါက ကြွက်ဖျက်ဆီးသည့် လက္ခဏာနှင့် မှားယွင်းတတ်ပါသည်။
🔹နို့ရည်မတည်ခင် ရောဂါကျရောက်ပါက နို့ရည်ဆက်တည်နိုင်ခြင်းမရှိတော့ပါ။ အဆန်မတည်သော အနှံတို့မှာ စပါးရင့်မှည့်ချိန်မတိုင်မီကပင် ဖြူဖွေးထောင်မတ်လျက် ရှိကြသည်။ ၄င်းလက္ခဏာသည် စပါးဆစ်ပိုး ဖျက်ဆီးသည့်လက္ခဏာ၊ စပါးရွက်ဖုံးခြောက်ရောဂါကြောင့်ဖြစ်သော လက္ခဏာများနှင့် မှားယွင်းတတ်ပါသည်။
🔹အထက်ဖေါ်ပြပါအတိုင်း စပါးဂုတ်ကျိုးရောဂါသည် အခြားဆစ်ပိုး၊ ကြွက်နှင့် စပါးရွက်ဖုံးခြောက်ရောဂါ လက္ခဏာများနှင့် မှားယွင်းတတ်သော်လည်း စပါးဂုတ်ကျိုးရောဂါ၏ အထင်ရှားဆုံးလက္ခဏာများဖြစ်သည့် အရွက်တွင် လွန်းပုံသဏ္ဌာန်ရွက်ပြောက်များ ဖြစ်ပေါ်ခြင်းနှင့် အနှံအောက်အဆစ် (စပါးနှံဂုတ်)တွင် အညိုရောင်အကွက်များဖြစ်ပေါ်ပြီး ကျိုးကျသည့်လက္ခဏာများကို ထောက်ရှု၍ တိကျစွာခွဲခြားနိုင်ကြပါသည်။
🔹အပူချိန်ပြောင်းလဲမှုနည်းသော အပူပိုင်းဒေသများတွင် လေထု၏စိုထိုင်းမှုနှင့် နှင်းပေါက်ဖြစ်ပေါ်မှုတို့သည် ရောဂါတိုးလာစေသောအဓိက အကြောင်းရင်းများဖြစ်သည်။
🔹နိုက်ထရိုဂျင်မြေဩဇာကို တစ်ကြိမ်တည်းများပြားစွာထည့်ပေးခြင်းသည် ရောဂါကိုအားပေးရာရောက်ပြီး အကြိမ်ကြိမ်ခွဲ၍ထည့်ပေးခြင်းဖြင့် ရောဂါကျရောက်မှုကို သက်သာစေနိုင်သည်။
🔹
မှိုစပိုးများသည် တစ်နေရာမှတစ်နေရာသို့ လေဖြင့်ပျံ့လွင့်၍ ရောဂါကူးစက်ပြန့်ပွားစေသည်။ သွင်းရေထုတ်ရေများမှတစ်ဆင့်လည်းပျံ့နှံ့နိုင်သည်။ မှိုသည် စပါးစေ့၏ သန္ဓေလောင်း၊ အစေ့တွင်းစာ နှင့် စပါးခွံများတွင်လည်း ခိုအောင်းနိုင်သည်။
🔹ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။ နွေစပါးစိုက်ခင်းတွင် ရေအမြဲရှိနေရန်ဆောင်ရွက်ပါ။ ရောဂါရလက်ခံပင်များ၊ ပေါင်းမြက်များကိုရှင်းလင်းပါ။အပင်စိပ်စိပ်စိုက်ခြင်းကိုရှောင်ပါ။ဂုတ်ကျိုးရောဂါ ဖြစ်ထွန်းမှုကိုအားပေးသော အပူချိန်ရှိသည့်လကိုရှောင်၍စိုက်ပျိုးပါ။
🔹စပါးဂုတ်ကျိုးရောဂါကို ကာကွယ်နှိမ်နင်းရန် တောင်သူကြီးများအတွက် ပိုင်ရီဆိုက် ၄၀ အက်စ်စီ ရောဂါကာကွယ်ဆေးရှိနေပါသည်။
🔹ပိုင်ရီဆိုက် ၄၀ အက်စ်စီတွင် Tricyclazole 40% ပါဝင်ပြီး စပါးဂုတ်ကျိုးရောဂါကို ကာကွယ်ကုသနိုင်သည့် ပင်လုံးပြန့်မှိုသတ်ဆေးဖြစ်သည်။
🔹ပိုင်ရီဆိုက် ၄၀ အက်စ်စီကို စပါးသီးနှံသက်တမ်း အဆင့်တိုင်းတွင် အသုံးပြုနိုင်သည်။
🔹ပိုင်ရီဆိုက် ၄၀ အက်စ်စီသည် အရွက်၊ ပင်စည်၊ အကိုင်းအခက်နှင့် စပါးနှံများတွင် ကျရောက်သော ဂုတ်ကျိုးရောဂါအဆင့်တိုင်းကို ကာကွယ်ကုသနိုင်သည်။
🔹ပိုင်ရီဆိုက် ၄၀ အက်စ်စီကို မျိုးစေ့ဖြင့်လူးနယ်စိုက်ပျိုးခြင်း၊ ပျိုးပင်ငယ်၏ အမြစ်ကိုဆေးရည်စိမ်စိုက်ပျိုးခြင်းနှင့် အပင်ပေါ်ဖျန်းခြင်းနည်းလမ်းများဖြင့် အသုံးပြုနိုင်ပါသည်။
🔹ပိုင်ရီဆိုက် ၄၀ အက်စ်စီကို ဆေးဖျန်းပုံးတစ်ပုံးလျှင် (၄၀-၆၀)စီစီနှုန်းဖြင့် တစ်ဧကလျှင် (၂၀၀-၃၀၀)စီစီနှုန်း ပက်ဖျန်းအသုံးပြု၍ တောင်သူဦးကြီးများ၏ စပါးခင်းများကို ဂုတ်ကျိုးရောဂါ ရှင်းလင်းရန် အထိရောက်ဆုံး ကာကွယ် အနိုင်ယူလိုက်ပါ။
🔰စစ်မှန်ပြည့်ဝ ဝိစာရ🔰