menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးခင်းကျသည့် ဖြုတ်ညိုပိုး သတိပြု ကာကွယ်နှိမ်နင်းပါ။
💢စပါးခင်းကျသည့် ဖြုတ်ညိုဖျက်ပိုး သတိပြု ကာကွယ်နှိမ်နင်းပါ💢
🔸၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်ထုတ် ဂျာနယ်များတွင် စပါးခင်းများ ဖြုတ်ပိုးကျနေကြောင်း သတင်းဆောင်းပါးများ ပါရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် စပါးခင်း ဖြုတ်ပိုးကျသည်ကို အယ်လဲဗင်းဂျာနယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ဖြုတ်ပိုးကျသည်ကို စံတော်ချိန်သတင်းစာတို့တွင် ဖတ်ရှုရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် စပါးခင်းများ ဖြုတ်ပိုးကျသည်ကို ဒေသခံတောင်သူများထံမှ သတင်းရရှိသည်။ အညာဒေသတွင် စပါးစိုက်ခင်းများ အောင်မြင်နေသည်ကို မကြာခင်က တွေ့မြင်ခဲ့ရပြီး ယခုဖြုတ်ပိုးကျနေပြီဆိုပါက သတိပြုကာကွယ်နှိမ်နင်းရပါမည်။ ဧရာဝတီတိုင်းဒေသကြီးတွင်ရိတ်သိမ်းပြီး စပါးခင်းများ အများစုပြီးစီးကြပြီဖြစ်သော်လည်း နောက်ကျစိုက်ပျိုးရသည့် စပါးခင်းများတွင်သာ ဖြုတ်ပိုးတွေ့နေရသည်။
🔸စပါးခင်းကျသည့် ဖြုတ်ပိုးများသည်ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူဟူ၍ သုံးမျိုးရှိသော်လည်း ယခုကျရောက်နေသည်မှာ“ဖြုတ်ညို”ဖြစ်သည်။ ဖြုတ်အမျိုးအစား ခွဲခြားသိလိုသော် ဖြုတ်ညိုသည် ပိုးကောင်မဖြစ်ခင် ပိုးမမည်တွင် အညိုရောင်ရှိသော်လည်း အကောင်ကြီးတွင် အရောင်ဖြူသည်။ အတောင်ပါရှိမှုတွင် အတောင်တိုနှင့်အတောင်ရှည်ဟူ၍ နှစ်မျိုးကွဲသွားသည်။ ဖြုတ်စိမ်းသည် ဥမှပေါက်ခါစ အဖြူရောင်ရှိပြီး အကောင်ကြီးသော် အစိမ်းရောင်ပြောင်းသွားသည်။ ဖြုတ်ကျောဖြူမှာ ဥမှပေါက်ခါစ မီးခိုးရောင်နှင့် အဖြူရောင်ရှိပြီး အကောင်ကြီးလာသော် ဝါညိုရောင်ရှိ၍ ကျောဘက်အတောင်ရင်းတွင် အဖြူစင်းရှိသည်။ဖြုတ်များသည် ဧရာဝတီ၊ စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးတို့နှင့် မွန်၊ ကချင်၊ ရှမ်းပြည်နယ်တို့တွင် မိုးဦး၊မိုးလယ်၊ မိုးနှောင်း မိုးကာလသုံးပါး မိုးရွာမှုကောင်းပါက ပုံမှန်ကျရောက်သည်။ ရာသီဥတုနှင့် ဆက်စပ်မှုအများဆုံးရှိသည့် စပါးဖျက်ပိုးဖြစ်သည်။
🔸 စပါးခင်းထဲတွင် ဖြုတ်ပိုးကို ရှာတွေ့လိုလျှင် စပါးပင်အခြေ၊ စပါးခင်းထဲရှိ ရေအစပ်တွင် ရွက်ဖုံးများအတွင်း၌ အစုအဝေးလိုက်ရှိနေသည်။စပါးပင်ရွက်ဖုံးကို ဆွဲခွာကြည့်မှ ဖြုတ်ကောင်များတွေ့ရသည်။ အမှောင်ထဲတွင် နေတတ်သည်။ဖြုတ်မှန်သမျှ စပါးပင်၏ ပင်ရည်စုပ်ယူသည်။ ဖြုတ်ညိုကျလျှင် စပါးပင်များခြောက်ပြီး မီးလောင်ထားသကဲ့သို့ အကွက်လိုက်၊ အကွက်လိုက် ဖြစ်နေသည်ကို သိသိသာသာ မြင်ရသည်။ ဖြုတ်လောင်သည်ဟုခေါ်ကြသည်။ စုပ်ပိုးဖြစ်သော ဖြုတ်ညိုကြောင့် နောက်ဆက်တွဲ အပင်ရောဂါ၊ ပင်တိုဗိုင်းရပ်စ်ရောဂါနှင့် တွန့်လိမ်ပင်တိုဗိုင်းရပ်စ်ရောဂါတို့နောက်ဆက်တွဲကူးစက်ပြန့်ပွားသည်။ ဖြုတ်ညိုမှထွက်သော အချိုရည်ကြောင့် စပါးပင်များ ကျပ်ခိုးစွဲသလို မည်းလာသည်။
🔸 ဖြုတ်သုံးမျိုးအနက် ဖြုတ်ညိုပိုးသည် ရာသီဥတုနှင့် ဆက်စပ်မှုအများဆုံးရှိသော ဖျက်ပိုးဖြစ်ပြီး တိုက်ခတ်သောလေနှင့် ပျံ့နှံ့ပြန့်ပွားသည်။ ထို့ကြောင့် စပါးခင်းများစွာတွင် ကျရောက်ပြီး တံစဉ်လွတ်ပျက်စီးနိုင်၍ ဂရုပြု ကာကွယ်နှိမ်နင်းသင့်ပါသည်။ ဖြုတ်စိမ်းသည် စပါးပင်သက်တမ်း အစောပိုင်းတွင် ကျတတ်သည်။ ဖြုတ်ညိုသည် စပါးပင်သက်တမ်း အလယ်ပိုင်းနှင့်နောက်ပိုင်းကာလ ကျရောက်တတ်သည်။ကာကွယ်နှိမ်နင်းရာတွင် ဖြုတ်ပိုးများ၏သဘာဝ၊ နေထိုင်မှု၊ ဖျက်ဆီးမှုတို့ကို သိထားရမည်။
(၁) စပါးခင်းများကို နေ့စဉ်မဟုတ်သော်လည်း တစ်ပတ်သုံးကြိမ်၊ လေးကြိမ် စစ်ဆေးခြင်းဖြင့် ပိုးကျလျှင် ကြိုတင်သိမည်။
(၂) ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းမှုကို ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း ဦးစွာကျင့်သုံးပါ။
(၃) ပိုးတွေ့လျှင် စိုက်ပျိုးရေးဌာနသို့ သတင်းပို့ပါ (ပိုးမွှားရောဂါကျွမ်းကျင်သူများ ရှိပါသည်။)။ သတ်မှတ်အဆင့်ထက် ပိုးအရေအတွက် ကျရောက်ပြီ ဆိုပါက ပိုးသတ်ဆေးဖျန်းပါ။ စုပ်ပိုးများကိုထိတွေ့ပိုးသတ်ဆေး၊ ပင်လုံးပြန့်ပိုးသတ်ဆေးတို့ဖြင့် ဖြုတ်ပိုးရှိနေသည့် စပါးပင်အောက်ပိုင်းကို ဆေးဖျန်းပါ။
(၄) ပေါင်းမြက်များသည် ဖြုတ်ညိုပိုးနေထိုင်သောနေရာဖြစ်သည်။ အထူးသဖြင့် ဝမ်းဘဲစာမြက်နှင့် မြက်မုန်ညင်းကို မရှိအောင်ဖယ်ရှင်းပါ။
(၅) စပါးပြီး စပါးစိုက်ခင်းများတွင်ဖြုတ်ညိုပိုးကျနိုင်မှုများသည်။ ထယ်နက်နက်ထိုး မြေပြုပြင်ရသည်။
(၆) လယ်ထဲရေသွင်းမှု အကြိမ်များလျှင်ဖြစ်စေ၊ ဆက်တိုက်ရေသွင်းထားလျှင်ဖြစ်စေ ဖြုတ်ပိုးကျမှုများပြားသဖြင့် ရေသွင်း၊ ရေထုတ်ပြုလုပ်ရသည်။ (ဝက်လက်မြို့နယ်က ဖြုတ်ပိုးကျသည့် တောင်သူလယ်သမားကြီးကို ရေခေတ္တထုတ်ပေးခြင်းဖြင့် ဖြုတ်ပိုးများ ရေမှလေမရဘဲ လျော့နည်းနိုင်ကြောင်းမှာ ကြားခဲ့သည်)။
(၇) ပုလဲဓာတ်မြေဩဇာကို အချိုးနှုန်းအတိုင်း အသုံးပြုပါ။ များများမထည့်သင့်။
(၈) စပါးပင်တစ်အုံတွင် ဖြုတ်ညို ၁၀ကောင်၊ ၁၅ ကောင်တွေ့လျှင် စပါးခင်းထဲမှ ရေပြောင်အောင်ထုတ်၍ ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပါ။
(၉) ဖြုတ်ပိုးခံနိုင်သောစပါးမျိုးများ ရှိနေပါသည်။ အဆိုပါစပါးမျိုးကို ဖြုတ်ပိုး ခဏခဏကျသော စပါးခင်းများ မျိုးပြောင်းလဲစိုက်ပါ။
(၁၀) ဖြုတ်ကို ရှာဖွေစားသော လယ်ထဲက မိတ်ဆွေပိုးပင့်ကူ၊ဂျပိုးအုပ်စုဝင် သားရဲကောင်၊ နကျယ်ကောင်များ၊ ပိုးသတ်ဆေးဖျန်းလျှင် သေစေနိုင်သဖြင့် ပိုးသတ်ဆေးသုံးသင့်မှ သုံးရန် တို့ဖြစ်ပါသည်။
-ကိုရဲ(စိုက်ပျိုးရေး)
-မြန်မာတောင်သူကြီးများဂျာနယ်