menu

စပါးမှိုသီးရောဂါ သတိပြုကာကွယ်ပါ


🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾

↗️ စပါး အနှံထွက်ချိန်ရောက်ပြီဆိုရင် စပါးမှိုသီးရောဂါဖြစ်လာစမြဲပါပဲ။ အပူချိန် 25-35 ºC နှင့် လေထုထဲ စိုထိုင်းဆ ၉၀% ကျော်လျှင်အဖြစ်များပါတယ်။ စဖြစ်ခါစမှာဆိုရင် အဝါရောင် နနွင်းမှိုအလုံးတွေအဖြစ်တွေ့ရပြီး နောက်ပိုင်းအမည်းရောင်ပြောင်းသွားပါတယ်။ အဓိကကတော့ ပန်းပွင့်ချိန်မှာ မိုးရွာတာမျိုးဆိုအဖြစ်များပါတယ်။

↗️ ဒီစပါးမှိုသီးရောဂါက လေအားဖြင့် ကူးစက်တတ်လို့ ပြန့်နှံ့လွယ်ပြီးပုလဲမြေသြဇာအကျွေးများတဲ့ အခင်းတွေမှာ ပိုမိုဆိုးရွားစွာကျရောက်တတ်ပါတယ်။ စပါးမှိုသီးရောဂါဖြစ်လျှင် စပါးအစေ့အဆံအထွက်နှုန်းသိသိသာသာကျဆင်းပြီး အအစေ့အဆံအလေးချိန်လျော့စေသည်။

↗️ ကာကွယ်ကုသရန် နည်းလမ်းများမှာ .....

 • ရောဂါရအပင်များ၊ အနှံများနှင့် ရိတ်သိမ်းပြီးအပင်အကြွင်းအကျန်များကို ဖယ်ရှားပစ်ပါ။

 • ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်ကိုသာ စိုက်ပျိုးပါ။

 • နိုက်ထရိုဂျင်မြေသြဇာကို လိုတာထက်ပိုမကျွေးရပါ။

 • ဆေးအသုံးပြုလိုပါက ဝိစာရ ၏ “ဘာလီဆိုဒ်၊ ဒိုင်ဇီ၊ ဟက်ဇာဂွန်” မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ကုသနိုင်ပါတယ်။

 • စပါးဖုံးလုံးချိန် အလံရွက်စထွက်ချိန်တွေကတော့ ကြိုတင်ကာကွယ်ဖို့ အရေးအကြီးဆုံး အချိန်တွေဖြစ်ပါတယ်။

↗️ ဦးကြီးတို့၏စပါးခင်းများ ဖျက်ပိုး နှင့် ရောဂါကင်းစင်ပြီး အထွက်တိုးကြပါစေ။

🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰