menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"စပါးပင်ရွက်ဖုံးမှာကျတတ်တဲ့ ဖျက်ပိုး နှင့် ရောဂါများ"
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
☑စပါးပင်ဟာ အပင်ဖြစ်ချိန်နဲ့ မျိုးပွားချိန်၊အပိုင်းနှစ်ပိုင်းကို ဖြတ်သန်းရပါတယ်။အပင်ဖြစ်ချိန်အဓိက အလုပ်မှာ အပင်သားတက်ပွားများခြင်း ဖြစ်သည်။ မျိုးပွားချိန်အဓိကအလုပ်မှာ အနှံထွက်ခြင်းဖြစ်တယ်လို့ စပါးကျွမ်းကျင်သူများရဲ့ သုံးသပ်ချက်ရှိပါတယ်။ အပိုင်းနှစ်ပိုင်း စလုံးဟာ အရေးကြီးတာတွေချည်းပါ။
☑စပါးပင်ရဲ့ နောက်ဆုံးထွက်လာတဲ့အရွက်က အပင်ထိပ်၊ အနှံဘေးကထိုးထိုး ထောင်ထောင် အလံရွက်ဖြစ်တယ်။စပါးစေ့က အရွက်တွေထွက်လာတော့ အရွက်အောက်က ရွက်ဖုံးတွေ တိုတာ၊ရှည်တာက ပျိုးပင်ကောင်းတာ၊ မကောင်းတာနဲ့ စပါးခင်းထဲရှိ ရေနေရေထိုင် နည်းတာ၊ များတာနဲ့လည်းဆိုင်တော့ ပျိုးကောင်းရင်၊ ရေပါးရင် ရွက်ဖုံးတိုတယ်လို့လည်း စပါးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
☑အဲဒီစပါးပင်ရွက်ဖုံးတွေရဲ့ အောက်ခြေ၊ စပါးခင်းထဲက ရေပြင်နဲ့ ထိစပ်တဲ့နေရာတစ်ဝိုက်မှာ စပါးပင်ဖျက်တဲ့ ဖြုတ်ညိုတွေ ကျနေတတ်ပြီး ရွက်ဖုံးကိုဖြဲခွာကြည့်လိုက်တာနဲ့ အရောင်မည်းမည်းဖြုတ်တွေ ၁၀ ကောင်၊ ၁၅ ကောင်စုပြီးနေတတ်ကြပါတယ်။တစ်ခါ စပါးပင်တွေပင်ပွားထွက်ချိန် စိုက်ခင်းထဲ ရေမပြတ်ရှိချိန်မှာ စပါးရွက်လိပ်တွေရဲ့ အပြင်ဘက်မှာစပါးရွက်စားယင်တွေကျနေတာလည်းရှိပါတယ်။
☑စပါးရိတ်ပြီး ကျန်တဲ့ရိုးပြတ်ထဲမှာ ဆစ်ပိုးတွေရှိနေတာလည်း မြင်တွေ့ဖူးပါတယ်။ဆစ်ပိုးဥတွေ ရွက်ဖုံး ပေါ်မှာ အရေအတွက်ရာနဲ့ချီပြီးဥကြပါတယ်။ ရွက်ဖုံးတွေက ပင်စည်ရိုးတံပေါ်မှာ ဖုံးထားတော့ အလင်းရောင်ကြောက်တဲ့ အမှောင်ကြိုက်တဲ့ညထွက်ဖျက်ပိုးတွေက ခိုနားတတ်ကြပါတယ်။
☑စပါးပင်ရွက်ဖုံးမှာက ဖျက်ပိုးသာမကအပင်ရောဂါများလည်း ကျတတ်ပါတယ်။စပါးပင် အလံရွက်ရဲ့ ရွက်ဖုံးပေါ်မှာ မီးခိုးရောင်အနာကွက်ပေါ်တဲ့ ရွက်ဖုံးပုပ်ရောဂါဟာ မှိုကြောင့်ဖြစ်တဲ့ရောဂါပါ။ ရောဂါကျရင် ရွက်ဖုံးအတွင်းပိုင်းထဲ ဖြူဖွေးနေတဲ့မှိုတွေ တွေ့ရတယ်။ ရောဂါပြင်းရင်ပုပ်တဲ့အနံ့နံမယ်။ အနှံ မထွက်နိုင်ဘဲ တစ်လစ်ဖြစ်တာ၊ ပုပ်တာ ဖြစ်ပါတယ်။ စပါးပင် အနှံထွက်ချိန်ကာလမှာ ဖြစ်တတ်ပါတယ်။ ရာသီဥတုပူနွေးရင် ရောဂါပျံ့နှံ့တယ်။ အချိန်ခါမဲ့ဆောင်းတွင်းကြီး မိုးရွာရင် ဖြစ်နိုင်ပါတယ်။ ဖြုတ်ကျရင်လည်း ရောဂါတွေ့ရပါတယ်။ ပုလဲဓာတ်မြေသြဇာ များများသုံးရင်ရောဂါပိုဆိုးပါတယ်။ ၎င်းရောဂါကို ကာကွယ်ရန် မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်စိုက်ရပါတယ်။ ရောဂါကင်းစေရန် ရောဂါကျအနှံ၊ ရောဂါကျ ရွက်ဖုံးတွေ ဖယ်ရှင်းမီးရှို့ပေးရပါမယ်။
☑ရွက်ဖုံးက မပုပ်ဘဲ ခြောက်သွားတာကျတော့ ရွက်ဖုံးခြောက်ရောဂါ ဟုခေါ်ပါတယ်။ မှိုရောဂါဖြစ်ပါတယ်။ မှိုမျှင်၊ မှိုလုံးတွေတွေ့ရမယ်။ လယ်စပါး၊ ယာစပါး အကုန်ကျနိုင်ပါတယ်။ ဒီရောဂါကျတော့မြေဆောင် ရောဂါဖြစ်ပါတယ်။ ဒါကြောင့် မြေကိုမစိုက်ခင် ထယ်ထိုးမြေလှန်၊ ထယ်ရေးခံ၊ ပေါင်းမြက်ရှင်းပြုလုပ်သင့် ပါတယ်။ ကောက်ကွက်စိပ်ရင်ရွက်ဖုံးခြောက်ရောဂါ ဖြစ်နိုင်ပါတယ်။ စပါးခင်းထဲက ရေနဲ့ထိစပ်တဲ့ စပါးပင်နေရာမှာရှိတဲ့ ရွက်ဖုံးပေါ် အကွက်စိမ်းညိုရောင်စတင်တွေ့ကြရပါတယ်။
☑ရောဂါပြင်းရင်တော့ ရွက်ဖုံးတွေခြောက်တာအပြင် ပုပ်သွားမယ်။ ရွက်ဖုံးကနေရွက်ပြားကူးမယ်။ရွက်ပြား တွေဝါလာမယ်။ အရွက်နဲ့ ပင်စည်ထိလည်း ရောဂါပြန့်မယ်။ ကူးစက်မယ်။ ပင်ပွားထွက်ချိန်လည်း ပိုမို တွေ့ရတတ်ပါတယ်။စပါးခင်းအရိပ်ကျရင် ရောဂါဖြစ်စေပါတယ်။ နေပူရင်ရောဂါပျံ့နှံ့မှုသက်သာပါတယ်။ ရွက်ဖုံးပုပ်ရောဂါလိုပဲ နိုက်ထရိုဂျင်မြေသြဇာ များများသုံးရင် ဖြစ်တတ်ပါတယ်။ပိုတက်စီယမ် အချိုးကျ ထည့်ပေးရပါမယ်။ ဖော့စဖိတ်မြေသြဇာ များများသုံးလည်း ဖြစ်ပွားတာရှိပါတယ်။ ရာသီဥတုပူပြင်းမယ်။ပတ်ဝန်းကျင် စိုထိုင်းဆများမယ်ဆိုရင် ရောဂါဖြစ်စေတတ်တာကြောင့် ရာသီဥတုလည်း ဂရုပြုရပါမယ်။
☑ဓာတ်မြေသြဇာကျွေးတာလည်း အဓိကဓာတ်သုံးမျိုး N.P.K အချိုးကျရပါမယ်။ ကောက်ကွက်လည်း မစိပ်ဘဲ စနစ်တကျ ပင်ကြား၊ တန်းကြား ထားရှိစိုက်ပျိုးရပါမယ်။ ထို့ပြင်ရွက်ဖုံးရောဂါတွေကို ပိုတက်စီယမ်ဓာတ်မြေသြဇာ သုံးခြင်းဖြင့်ရောဂါသက်သာစေပါတယ်လို့ စပါးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ကိုရဲ (စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၃၀) - ဒီဇင်ဘာလ (၆) ရက်။