menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပါးဆစ်ပိုး ကို စနစ်တကျ ကာကွယ်နှိမ်နင်းပါ
🌾🐛🌾🐛🌾🐛🌾🐛🌾🐛🌾🐛🌾
🔸ယခုအချိန်တွင်မိုးစပါးကိုတောင်သူများအများအပြား စိုက်ပျိုးပြီးဖြစ်ပါသည်။စပါးခင်းများ စိမ်းစိုကြီးထွားလာသည်နှင့် ရာသီဥတုနှင့် ပတ်ဝန်းကျင်အနေအထားများအရ ဖျက်ပိုးများသည်ဖျက်ဆီးရန်ရောက်လာတတ်ကြသည်။
🔸မိုးစပါးတွင် ဖျက်စီးမှုများသော ဆစ်ပိုးသည်လည်းအပါအဝင်ဖြစ်ပါသည်။ မိုးစပါး စိုက်ပျိုးမှု များသော စစ်ကိုင်းတိုင်း ရွှေဘိုဒေသတွင် အဝါရောင်ဆစ်ပိုးကျရောက်မှုများသည်။ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းရှိ စပါးစိုက်ဒေသများတွင် ဦးခေါင်းမဲဆစ်ပိုးကို စိုက်ပျိုးချိန်မှစ၍ တွေ့နိုင်သဖြင့် အထူးဂရုပြု ကြည့်ရှု စစ်ဆေးပြီး လက်ဦးမှုရအောင် ကာကွယ်နှိမ်နင်းကြရပါမည်။ ပေါင်းမြက်ထူလျှင်လည်း ဖျက်ပိုး ကျရောက် နိုင်သဖြင့် ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရပါမည်။ စပါးပြီးစပါး (မိုးစပါးရိတ်သိမ်းပြီး နွေစပါးသီးထပ်) စိုက်ပျိုးသောစိုက်ကွင်းများတွင် ဖျက်ပိုးကျရောက်မှုပို၍များတတ်သဖြင့် ဂရုပြုရပါမည်။
🔸ခေါင်းမဲဆစ်ပိုးသည် စပါးရွက်၏အောက်ဘက်မျက်နှာပြင်တွင် ဥ (၂၀၀)ခန့် အုနိုင်သည်။ လောက်ကောင်သည် ဦးခေါင်းမဲသဖြင့် ခေါင်းမဲဆစ်ပိုးဟု ခေါ်ပါသည်။ ဦးခေါင်းအရောင် အဝါရောင်သန်း၍ အညိုရောင်ကိုယ်ခန္ဓာရှိပြီး ကျောဖက်တွင်မထင်မရှား အစင်းတန်း(၃)ခုနှင့် ဘေးဖက်(၂)စင်းပါရှိလျှင် အစင်းပါဆစ်ပိုးဖြစ်သည်။ ဦးခေါင်းအရောင်သည် လိမ္မော်ရောင်သန်းသောအနီရောင်ဖြစ်လျှင် ပန်းရောင်ဆစ်ပိုးဖြစ်သည်။ ခန္ဓာကိုယ်ဖြူပြီး ဦးခေါင်းမဲလျှင် အဖြူရောင်ဆစ်ပိုးဖြစ်သည်။ ခန္ဓာကိုယ် ဝါပြီး ဦးခေါင်းမဲလျှင် အဝါရောင်ဆစ်ပိုးဖြစ်သည်။
🔸 စပါးဆစ်ပိုးဖျက်စီးမှုလက္ခဏာများမှာ..... - ပိုးလောက်ကောင်ဖျက်စီးမှုကြောင့် ခေါင်ညွန့်များသေကုန်သည်။ ၄င်းကို ခေါင်ညွန့်သေလက္ခဏာဟု ခေါ်သည်။ - ဆစ်ပိုးသည် စိုက်ချိန်နောက်ပိုင်းမှကျရောက်လျှင် ပင်ပွားများထပ်မထွက်နိုင်သဖြင့် စပါးအထွက်နှုန်းကို လျော့ကျစေနိုင်ပါ သည်။ - စပါးနှံစထွက်ချိန်တွင် ကျရောက်ပါက စပါးနှံများခြောက်ကုန်ပြီး အနှံဖြူများကို ထောင်မတ်စွာတွေ့ရ သည်။ ၎င်းကို အနှံဖြူလက္ခဏာ ဟုခေါ်သည်။ - ဆစ်ပိုးခေါင်းမဲများသည် စပါးပင်အဆစ်များတွင် အဓိကစားသောက်လေ့ရှိသည်။
🔸စပါးပင် အပင်ပွားစည်းချိန် ဆစ်ပိုးလက္ခဏာ အူပုတ်သည်ကိုစတင်တွေ့ရှိပါက ရေသွင်း၊ ရေထုတ် ပြုလုပ်သင့်သည်။ရေအခြေအနေပေးသောနေရာများတွင် တစ်ရက်မှနှစ်ရက်ခန့်ရေထုတ်၍ ဆစ်ပိုး ပွားများမှု ကာကွယ်နိုင် သည်။ ပုလဲဓာတ်မြေဩဇာအချိုးကျသုံး၍ ပိုတက်ဓာတ်မြေဩဇာကိုမဖြစ်မနေ အသုံးပြုပါ။ ကာကွယ်နှိမ်နင်းရန်မှာ ရေသွင်းရေထုတ်ပြုလုပ်ရန် ခက်ခဲသောနေရာများတွင် သူရိယ ၈၀အက်စ်ပီ၊ အားတက်၅၀ အက်စ်ပီ၊ ဒိုင်နမို ၂၀အီးစီ ဆေးတစ်မျိုးမျိုးပက်ဖျန်း အသုံးပြုနိုင်ပါသည်။ ရေသွင်းရေထုတ် ပြုလုပ်ရန် လွယ်ကူပါက ဒီပါ၄၆ဂျီ၊ ဖစ်ပရို၃ဂျီအာ ဆေးခဲများကို စိုက်ခင်းအတွင်း ကြဲပက်အသုံးပြုနိုင်ပါသည်။
✅စစ်မှန် ပြည့်ဝ ဝိစာရ✅