menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စပျစ်တွင်ကျရောက်တတ်သော ပိုးမွှားများ နှင့် ကာကွယ်နှိမ်နင်းခြင်း
🍃🍂🐛🍂🍃🍃🍂🐛🍂🍃
🔸စပျစ်သီး စိုက်ပျိုးထုတ်လုပ်သူများအတွက် စပျစ်တွင်ကျရောက်တတ်သောပိုးမွှားများ၊ ပိုးမွှားကျရောက်မှု ကြောင့်ဖြစ်တတ်သောပင်ပြလက္ခဏာများ နှင့် အသုံးပြုကာကွယ်နိုင်သည့်ဆေးများကို စိုက်ပျိုးရေး ဗဟုသုတအဖြစ် ရေးသားတင်ပြအပ်ပါသည်။
ပိုးစေးနဲ/မီလီဂျပိုး
---------------
အရွက်၊ပင်စည်၊ကိုင်း၊အညွှန့်တို့တွင်ကျရောက်ဖျက်ဆီးသည်။သစ်ရည်ကိုစုပ်ယူစားသောက်သောကြောင့် အရွက်များ အရောင်ဖျော့၍ ဝါလာခြင်း၊အပွင့်ကန်းခြင်း၊ အသီးတင်မှုနည်းခြင်းတို့ဖြစ်စေသည်။
🔸ကာကွယ်နှိမ်နင်းရန် - ရော့ကက်၊ အီမာလန်ဒါ၊ရယ်ဒီ ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။
လှေးပိုး
------
အရွက်၊ အညွှန့်၊အဖူး၊ အပွင့်များမှ သစ်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်နှင့်အညွှန့်များမှာ တွန့်လိမ်ရှုံ့တွပြီး အညိုရောင်ပြောင်းသွားသည်။ အပွင့်တွင်ကျပါက အပွင့်ကန်းခြင်းနှင့် အသီးတင် နည်းခြင်းကိုဖြစ်စေသည်။ ထို့ပြင် သီးနုတွင်အဝါကွက်ငယ်များဖြစ်ပေါ်ပြီး အသီးတွင် အမာရွတ်ငယ် များတွေ့ရတတ်သည်။
🔸ကာကွယ်နှိမ်နင်းရန် - အေမီဒါ၊ ဆိုင်လာ၊ ကေလာ၊ ပရိုဆင့် ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။
မွှားပင့်ကူနီ
----------
အရွက်အောက်မျက်နှာပြင်တွင်နေပြီး ပင်ရည်ကိုစုပ်စားသည်။အရွက်ပေါ်တွင်အဝါစက်များကိုတွေ့ရ မည်။ ပိုးကျရောက်မှုများလျှင် အရွက်များလောင်သကဲ့သို့ ဖြစ်လာတတ်သည်။
🔸ကာကွယ်နှိမ်နင်းရန် - အီမာလန်ဒါ၊ မိုက်အိုကေ၊ မင်းရဲ၊ ရော့ကက် ဆေးတစ်မျိုးမျိုးကို အသုံးပြု နိုင်ပါသည်။
ပျပိုး
----
အပင်အစိတ်အပိုင်းအားလုံးတွင်ကျရောက်ပြီး သစ်ရည်ကိုစုပ်စားသဖြင့် အပင်အားနည်းခြင်း၊ အရွက်များ ပုံပျက်ပြီးဗိုင်းရပ်စ်ရောဂါများကူးစက်စေသည်။ ပျပိုးမှ အချိုရည်ထုတ်သဖြင့် အပင်တွင်အစေးများတွေ့ရပြီး ထိုမှကြပ်ခိုးမှိုကျနိုင်သည်။
🔸ကာကွယ်နှိမ်နင်းရန် - အေမီဒါ၊ ကေလာ၊ အီမာလန်ဒါ၊ မင်းရဲ ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။
ယင်ဖြူ
------
အရွက်အောက်မျက်နှာပြင်တွင် အဖြူရောင်မှုန့်များနှင့်အတူ ယင်ဖြူများကိုတွေ့ရမည်။ အုပ်စုလိုက် သစ်ရည်များစုပ်ယူစားသောက်ပြီး ရောဂါများကိုကူးစက်စေသည်။
🔸ကာကွယ်နှိမ်နင်းရန် - ကေလာ၊နိုးဝမ်း ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။
Sources : သီးနှံကာကွယ်ရေးဌာန။