menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စံပယ်ပန်း စိုက်ပျိုးနည်း
🍀🌸🍀🌸🍀🌸🍀🌸🍀🌸🍀
မြန်မာအမည် - စံပယ်ပန်း
အင်္ဂလိပ်အမည် - Jasmine
ရုက္ခဗေဒအမည် - Jasminum sambae
မျိုးရင်း - Oleaeeae
မူရင်းဒေသ
----------
မြန်မာနိုင်ငံ နှင့် အာရုတိုက်တောင်ပိုင်းတို့ဖြစ်သည်။
စံပယ်ပန်း အမျိုးအစား ခွဲခြားခြင်း
------------------------------
စံပယ်ပန်း အမျိုးအစားများစွာရှိပြီး ထင်ရှားသည့်အမျိုးအစားများမှာ .....
(၁) ရွှေစံပယ်
အပွင့်ကြီးသည် အထပ်များ၍ စိပ်သည်။ အလယ်အဖူးငယ်သည်။ အလွန်မွှေးသည်။
(၂) စံပယ်လည်ဆံ
ပွင့်ချပ် သေးသွယ်ရှည်လျား၍ အချို့ အနည်းငယ် တွန့်လိမ်ကောက်သည်။ ရနံ့ပျော့သည်။
(၃) ဆယ်နှစ်ရာသီစံပယ်
တစ်နှစ်လုံးပွင့်ပြီး အပွင့်နည်းသည်။ ပွင့်ဖတ်သေး၍ကြဲပြီး အပွင့်ငယ်ကာ ရနံ့ပျော့သည်။
(၄) စံပယ်ကြက်ရုံးကြီး
အပွင့်အနွယ် ရွှေစံပယ်နှင့် တူပြီး အထပ်မများ၊ ပွင့်ဖတ်ထိပ်ဖျားများချွန်၍ အလွန်မွှေးသည်။
(၅)စံပယ်ကြက်ရုံးကလေး
ကြက်ရုံးကြီးနှင့် ဆင်ပြီးအပွင့်ငယ်သည်။
(၆) စံပယ်ဘိတ်ကြီး
အပွင့်ကြီး အထပ်များပြီး ကြဲသည်။
(၇) စံပယ်ဘိတ်ကလေး
ဘိတ်ကြီးနှင့်ဆင်ပြီး အပွင့်ငယ်သည်။
မြေအမျိုးအစား နှင့် ရာသီဥတု
---------------------------
စံပယ်ပင်သည် သဲမြေမှ မြေစေးမြေနက် အထိ မြေအမျိုးအစားမရွေး ဖြစ်ထွန်းသော်လည်း မြေဆီသြဇာ ထက်သန်လျှင် ပိုမိုဖြစ်ထွန်းသည်။စံပယ်ပင်သည် ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက် သည်။ စံပယ်သည် ချုံပင်အမျိုးအစားဖြစ်သော်လည်းနှစ်ရှည်ခံပင်ဖြစ်သည်။
စိုက်ပျိုးနည်း
-----------
စံပယ်ကို အစေ့မှ စိုက်ပျိုးလေ့မရှိ။ အကိုင်းမြေမြှုပ်မျိုးပွား၍ လည်းကောင်း၊ ပင်ပွားတူစိုက်၍ လည်းကောင်း၊ ကိုင်းဖြတ်၍လည်းကောင်း၊ စိုက်ပျိုးကြသည်။ ကိုင်းပျော့ကို မြေကြီးထဲ မြှုပ်ထားလျှင် တစ်လခန့် အကြာတွင် အဆစ်မှအမြစ်များထွက်လာသည်။ ထိုအခါ အကိုင်းရင်းမှ ဖြတ်တောက်၍ စိုက်ပျိုးနိုင်သည်။ အကိုင်းမြေမြှုပ်၍ မစိုက်လိုပါက အပင်ခြေတွင် ပေါက်နေသော ပင်ပွားကို အမြစ်ပါပါအောင် တူးယူပြီး နေရာပြောင်း၍ စိုက်ပျိုးနိုင်ပါသည်။ အကိုင်းဖြတ်၍ စိုက်ပျိုးလိုပါက တစ်ပေ၊ တစ်ပေခွဲရှည်သော အဆစ်သုံးဆစ်မှ ငါးဆစ်ပါအကိုင်းများရအောင် ဖြတ်ယူပြီးနောက် ပျိုးသေတ္တာထဲတွင် အဆစ်နှစ်ဆစ်၊ သုံးဆစ်မြှုပ်၍ ပျိုးထောင်ပြီး ရေမှန်မှန်လောင်းပေးပါက အရိပ်ကြဲကြဲတွင်ထားသော် တစ်လ တစ်လခွဲကြာတွင် အချို့အကိုင်းမှ အမြစ်များထွက်လာသည်။ ထိုအကိုင်းများအနည်းငယ် အပင်သန်လာသောအခါ စိုက်ခင်းသို့ ရွှေ့စိုက်နိုင်သည်။
စိုက်ဘောင်များပြုပြင်ခြင်း
-----------------------
မိုးရာသီတွင် ရေမဝပ်တတ်က ဘောင်မဖော်ဘဲလည်းကောင်း၊ ရေဝပ်တတ်က ဘောင်ဖော်၍ လည်းကောင်းစိုက်ပျိုးနိုင်သည်။ အလျားပေသုံးဆယ် x အနံငါးပေ x ထုတစ်ပေ (မြေပေါ် ခြောက်လက်မ၊ မြေအောက် ခြောက်လက်မ) ရှိသော ဘောင်များကို တစ်ဘောင်နှင့် တစ်ဘောင် လူသွားလမ်း တစ်ပေခြားကာ ပြုလုပ်ရသည်။ တစ်ဘောင်လျှင် စိုက်တန်းနှစ်တန်းထားရှိကာ စိုက်တန်းအတွင်း တစ်ပင်နှင့် တစ်ပင် သုံးပေခန့်ခွာ၍ စိုက်သင့်သည်။ စိုက်တန်းတစ်ခုစီမှ အပင်များသည် တစ်ခုနှင့် တစ်ခု မျက်စောင်းထိုးရှိသင့်သည်။ စိုက်တန်းများသည် နီးစပ်ရာ ဘောင်နှုတ်ခမ်းမှ တစ်ပေခွဲ ကွာဝေးပြီး၊ စိုက်တန်းနှစ်ခုကြား အကွာဝေးသည် နှစ်ပေရှိသင့်သည်။ ဤနည်းအတိုင်း စိုက်လျှင် တစ်ဘောင်လျှင် အပင်နှစ်ဆယ်ဝင်ဆန့်ပါမည်။
အပင်ပြုစုခြင်း
-------------
စိုက်ပြီးနောက်အပင်အရင်းကို နာနာဖိပေးကာ ရေလောင်းပေးရသည်။ စံပယ်ပန်းများသည် အကိုင်းနု များမှ ပွင့်လာတတ်ကြသည်။ စံပယ်များကို ဆောင်းဦး (ပန်းတုံးချိန်တွင်) ဘေးသို့နွယ်ကျနေသော အကိုင်းများကို ကိုင်းဖျားဖြတ်ပေးရသည်။ ထိုအခါအညွန့်သစ်အကိုင်းသစ်များထွက်ပေါ်လာသည်။ ကိုင်းရှုပ်များ၊ ခြောက်နေသောကိုင်းများ၊ ရောဂါရကိုင်းများ၊ မသန်စွမ်းဘဲ ကြုံလှီသောကိုင်းများကို ဖြတ်တောက် ရှင်းလင်းပေးရသည်။
ပန်းများ ခူးဆွတ်ခြင်း
------------------
စံပယ်ပန်းများကို နံနက်စောစောတွင် အငုံကြီးမှ အပွင့်အထိ ခူးရသည်။ အစောဆုံးခူးပြီး ရေအတော် အသင့်ဆွတ်ကာရေစိုအ၀တ်ဖြင့် ဖုံးအုပ်၍ ရောင်းချနိုင်သည်။သီကုံး၍ လည်းကောင်း၊ ပန်းများကိုစည်း၍လည်းကောင်း ရောင်းချနိုင်သည်။
Credit : စိုက်ပျိုးရေးဦးစီးဌာန