menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တောင်သူလယ်သမားကြီးများအတွက် စက်တင်ဘာလ သိမှတ်စရာများ
🌀တောင်သူလယ်သမားကြီးများအတွက် စက်တင်ဘာလ သိမှတ်စရာများ🌀
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သော စာရေးသူတို့နိုင်ငံတွင် သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးဖြစ်ထွန်းသည်နှင့်အညီ သင့်တော်ရာဒေသမှာ ရာသီအလိုက် သင့်တော်ရာ လယ်ယာသီးနှံများကို စိုက်ပျိုးမြဲဖြစ်ပါသည်။ စပါးသီးနှံကို မိုးနှင့် နွေရာသီ၊ နှမ်းလျင်၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်းသီးနှံတို့ကို မိုးဦး၊ မိုးနှောင်းနှင့် မိုးကြိုရာသီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲလွမ်း၊ ထောပတ်ပဲစသည်တို့ကို ဆောင်းရာသီတို့တွင် စိုက်ပျိုးသည်။ ပဲစင်းငုံသီးနှံကို မိုးရာသီတွင် စိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါသီးနှံကို မိုးနှောင်းနှင့် မိုးကြိုရာသီ တို့တွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်းလေ့လာသိရှိရပါသည်။ စက်တင်ဘာလသည် မိုးနှောင်းရာသီသီးနှံများကို စိုက်ပျိုးသည့်ရာသီဖြစ်သည်။ ဆည်ရေ၊ သွင်းရေဖြင့် စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ ရွာသွန်းသည့်မိုးရေကိုသာ အားကိုးပြီး ယာမြေများမှာ စိုက်ပျိုးလျက်ရှိသည်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါသည်။စက်တင်ဘာလအတွင်း မိုးရွာသွန်းနိုင်မှုကိုအတွေ့အကြုံအရ မျှော်မှန်းရလျှင် သြဂုတ်လတွင် ရွာသွန်းသည့်နီးပါး မိုးရွာသွန်းနိုင်ကြောင်း၊ အချို့ဒေသတွင် သြဂုတ်လ၏ တစ်ဆခွဲခန့် ရွာသွန်းနိုင်သေးကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
၁။မိုးနှောင်းယာသီးနှံများအတွက်
-------------------------------------
မိုးနှောင်းယာသီးနှံစိုက် တောင်သူကြီးများသည် စိုက်ပျိုးသူဘက်က လိုလေသေးမရှိအောင် ဆောင်ရွက်စေလိုပါသည်။ အရေးကြီးဆုံးအချက်မှာ မည်သည့်မိုးနှောင်းသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ရွေးချယ်စိုက်ပျိုးသည့်မျိုး မှန်ကန်ရန်ဖြစ်ပါသည်။ ရှိသင့်သည့် အရည်အချင်းများမှာ- (၁) သက်လျင်အထွက်ကောင်းမျိုး ဖြစ်ရမည်။ (၂) အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ဖြစ်ရမည်။ (၃)စိုစွတ်မှုဒဏ် (Excess Water) ကို ခံနိုင်ပြီး အပင်ပေါက်သန်စွမ်း ကောင်းမွန်သည့်(good seedling vigour) မျိုး ဖြစ်သင့်သည်။ (၄) ရေ၊ မြေ၊ ဒေသ ကိုက်ညီဖြစ်ထွန်းဈေးကွက်ရှိသည့် ရာသီဥတုဒဏ်ခံမျိုးဖြစ်သင့်ပါသည်။ သတိမူသင့်သည်မှာ မိုးများခြင်းကြောင့် အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ရန်ဖြစ်သည်။ မိုးရွာသွန်းမှုသည် ပုံမှန်မဖြစ်၊ပျံ့နှံ့မှုမညီညာ သွန်ချချင်သလို သွန်ချနေသည်ကို နေရာတိုင်းမှာ တွေ့ရသည်။ ထို့ကြောင့် ပြောင်းလဲဖြစ်ပေါ်နေသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေစွာ လိုအပ်သလို ပြုစုဂရုစိုက် ဆောင်ရွက်ရန် လိုပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
ပဲမျိုးစုံသီးနှံအတွက် ပဲမြစ်ဖုမြေသြဇာ
-------------------------------------------
မြေပဲနှင့် ပဲမျိုးစုံစိုက်ခင်းများအတွက်လိုအပ်သည့် အာဟာရနိုက်ထရိုဂျင်ရရန် ပဲမြစ်ဖုဇီဝမြေသြဇာကို အသုံးပြုစိုက်ပျိုးသင့်သည်။ နိုက်ထရိုဂျင်က အပင်ဖြစ်ထွန်းကြီးထွားရေးကို အကျိုးပြုသည်။ ပဲမြစ်ဖုဇီဝမြေသြဇာမှာ မြစ်ဖုဘက်တီးရီးယားများပါဝင်သည်။ မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးလိုက်လျှင် သို့မဟုတ် မြေကြီးထဲထည့်လိုက်လျှင် ဘက်တီးရီးယားကလေးများသည် ပဲပင်၏မြစ်ဖုထဲတွင် နေထိုင်ပြီး လေထဲက နိုက်ထရိုဂျင်ကို ပဲပင်အတွက် ရယူပေးသည်။ ပဲမျိုးအလိုက် လေထဲက နိုက်ထရိုဂျင်ကို တစ်ဧကပေါင် ၄၀ မှ ပေါင် ၁၅၀အထိ ဖမ်းယူပေးသဖြင့် ၂၀ မှ ၅၀ ရာခိုင်နှုန်း ပဲသီးနှံအထွက်ကို တိုးစေသည်ဟု သိရပါသည်။လက်ရှိ ပဲစိုက်ခင်းအတွက်သာမက သီးထပ်စိုက်မည့် နောက်သီးနှံအထွက်တိုးရေးအတွက်လည်း သွယ်ဝိုက်အကျိုးပြုသေးသည်။ ပဲမြစ်ဖုဇီဝမြေသြဇာကို သုံးပါက ယူရီးယားဓာတ်မြေသြဇာ သုံးရန်မလိုသဖြင့် ကုန်ကျစရိတ်သက်သာသည်။ Organic Farming အတွက် အထောက်အကူပြုပါသည်။၁၉၇၈ ခုနှစ်ကစပြီး ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှာ မြေပဲ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ ပဲပုပ်၊ ပဲစင်းငုံသီးနှံများအတွက် ပဲမြစ်ဖုဇီဝမြေသြဇာအထုပ်ငယ်များကို နှစ်စဉ် ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိကြောင်း သိရပါသည်။
၂။ မိုးစပါးသီးနှံအတွက်
--------------------------
စိုက်ချိန်မှန်သည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ဤကာလတွင် မိုးစပါးအားလုံးနီးပါး နိုင်ငံတစ်ဝန်း စိုက်ပျိုးပြီးစီးလောက်ပြီဖြစ်သည်။ မည်သည့်ဒေသ၊ မည်သည့်အချိန်ပဲစိုက်စိုက် တစ်ဧကအထွက်နှုန်းမြင့်မားရန် နံပါတ်တစ်ဖြစ်သည်။ တစ်နည်းအားဖြင့် မိုးစပါးအောင်မြင်ရန် ဖြစ်ပါသည်။ လယ်မြေအားလုံးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ဆောင်ရွက်သင့်သည်မှာ လယ်တစ်ကွက်ချင်းအတွင်း အောင်ရေထိန်းသိမ်းရေး ဖြစ်ပါသည်။အချို့လယ်ကွင်းများမှာ ရေကြီးရေလွှမ်းခဲ့၍ဖြစ်စေ သီးနှံပုံစံအရ ရှေ့သီးနှံမလွတ်၍ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ သက်တမ်းအားဖြင့် စိုက်ပြီးခါစဖြစ်မည်။ အချို့မှာ တစ်လခန့်ရှိလောက်ပေပြီ။ ဒီထက် နှစ်လခန့်စပါးခင်းများလည်းရှိမည်။ နိုင်ငံအနှံ့အပြား မိုးရေရရှိမှု ပမာဏမတူ၊ ပုံစံမတူ၊ စိုက်ပျိုးသည့်သီးနှံပုံစံတွေလည်း မတူကြ၍ မိုးစပါးစိုက်ခင်း အသက်အရွယ်အမျိုးမျိုးဖြစ်ပေါ်နေခြင်း ဖြစ်နိုင်ပါသည်။ မည်သို့ဖြစ်စေ စပါးခင်းများ၏အသက်အရွယ်ကို ခြုံကြည့်လိုက်လျှင် နှစ်မျိုးသာဖြစ်ပါမည်။ ၎င်းတို့မှာ - ၁။ ပင်ပိုင်းကြီးထွားသည့်ကာလ (Vegetative Phase) အတွင်း ရောက်ရှိနေသည့် စပါးခင်းများနှင့် ၂။ မျိုးပွားပိုင်းကြီးထွားသည့်ကာလ (Repr-oductive Phase) အတွင်း ရောက်ရှိနေသည့် စပါးခင်းများ ဖြစ်ပါသည်။
(က) ပင်ပိုင်းကြီးထွားကာလစပါးခင်းများအတွက်
-------------------------------------------------------
ပင်ပိုင်းကြီးထွားသည့် ကာလအတွင်းရောက်ရှိနေသည့် စပါးခင်းများအတွက် ဆောင်ရွက်သင့်သည်များကို ဦးစွာအသိပေးလိုသည်။ (၁) ကောက်စိုက်ပြီးတစ်ပတ်အတွင်း မဖြစ်မနေ ကောက်ပင်ဖာသင့်သည်။ (၂) ကောက်စိုက်ပြီး ၁၄ ရက်အတွင်းနိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်နှင့် ပိုတက်စီယမ်ဓာတ်မြေသြဇာများကို ကျွေးပေးသင့်ပါသည်။ (၃) ကောက်စိုက်ပြီး ၂၃ ရက်မှ ၂၇ ရက်သားတွင်မူ ယူရီးယားဓာတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။ အကြောင်းမှာ စပါးအပင်ပွား လှိုင်လှိုင်ပွားသည့်အချိန်ဖြစ်၍ ဖြစ်ပါသည်။ပင်ပိုင်းကြီးထွားသည့် ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area)တိုးပွားများပြားစေရေးကို အဆုံးအဖြတ်ပြုသဖြင့် ဖော်ပြပါလုပ်ငန်းများအပြင် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ရန်တိုက်တွန်းလိုပါသည်။
(ခ)မျိုးပွားပိုင်းကာလ စပါးခင်းများအတွက်
------------------------------------------------
မျိုးပွားပိုင်းကြီးထွားသည့် ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများအတွက် ဆောင်ရွက်သင့်သည်များကို ဆက်လက်အသိပေးလိုပါသည်။ (၁) သက်လျင်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၃၃ ရက်မှ ၃၇ ရက်၊သက်လတ်စပါးမျိုးများတွင် ကောက်စိုက်ပြီး ရက် ၄၀ မှ ၄၄ ရက်တို့သည် အနှံသန္ဓေတည်စအချိန် (တစ်နည်း) မှို့ကပ်စအချိန် ဖြစ်သည်။ ယူရီးယားဓာတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။မျိုးပွားပိုင်းကြီးထွားသည့် ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံတွင် ပါဝင်သည့် အစေ့အရေအတွက် (Grains per panicle) များရေးကို အဆုံး အဖြတ်ပြုသဖြင့် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး လုပ်ငန်းများကိုပါ ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။
(ဂ) မျိုးစေ့ထုတ် စပါးစိုက်ခင်းများအတွက် နှိုးဆော်ချက်
--------------------------------------------------------------
သာမန်စိုက်ခင်းများ မဟုတ်သည့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Certified Seed) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ကိုယ့်အားကိုယ်ကိုး မျိုးသန့် (Good Seed) မျိုးစေ့ထုတ်စိုက်ခင်းများ စသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field) အားလုံးအတွက် သီးသန့်အသိပေးနှိုးဆော်လိုသည်များ ရှိပါသည်။ (၁) ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများကို နုတ်ပယ်မှု စတင်သင့်ပါသည်။ (၂) စိုက်ပျိုးထားသော စပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှ အရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟု မှတ်ယူကာ နုတ်ပယ်ရန် ဖြစ်ပါသည်။ ထို့ပြင် စိုက်ခင်းအတွင်း စိုက်ပျိုးသောစပါးမျိုးမဟုတ်သည့် အခြားမျိုးလေမျိုးလွင့်များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျ အခါခါ စစ်ဆေးနုတ်ပယ်သင့်ပါသည်။
မောင်ဖူးဝေ (တောင်တွင်းကြီး)
မြန်မာတောင်သူကြီးများဂျာနယ်