menu

သတိထားရမည့် ပဲမျိုးစုံ နှင့် “မှဲ့ပြောက်စွန်းရောဂါ”


🌿🍂🌿🍂🌿🍂🌿🍂🌿🍂🌿  

✔မှဲ့ပြောက်စွန်းရောဂါ (Anthracnose)✔  

✔မှဲ့ပြောက်စွန်းရောဂါ သည်အပင်၏မြေပေါ်အစိတ်အပိုင်းအားလုံးကိုတိုက်ခိုက်နိုင်သည်။ ရောဂါရ စေ့ရွက်အောက်ထွက်စများပေါ် တွင် သေးငယ်သောအနက်ရောင်အစက်ပြောက်များတွေ့ပြီး မကြာမီ အပင်ငယ်ကိုပုပ်သွားစေသည်။ သေးငယ်သောအဝိုင်းပုံ၊ အရှည်ပုံ နီညိုရောင်အနာကွက်များကို ရွက်ရိုးတံများ ၊ အရွက်များနှင့် အသီးတောင့်များပေါ်တွင် တွေ့နိုင်ပြီး မကြာမီအနက်ရောင်ပြောင်းကာ အလယ်ချိုင့်လာပြီး အဝါရောင် အနားရစ်ပါရှိသည်။  

✔ပင်စည်ပေါ်တွင်မူ အနာကွက်မှာရှည်၍ အနက်ရောင်ရှိသည်။ သီးတောင့်အနုများမှာ ရောဂါပြင်းထန် ပါက လိမ်၍ခြောက်သွားသည်။ အသီးတောင့်များပေါ်ရှိအနာကွက်များမှာ နုစဉ်တွင် သံချေးရောင်ရှိပြီး ရင့်လာသောအခါတွင် နှုတ်ခမ်းသားမို့မောက်၍နီညိုရောင်အရစ်ဖြင့်ဝန်းရံထားသော ချိုင့်ခွက်နာများ သဖွယ်ဖြစ်လာသည်။ မှို၏မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်သော အနက်ရောင်အစက်ငယ် များကို အနာကွက်ထဲတွင် ပြန့်ကြဲလျက်တွေ့ရပါသည်။ ခြောက်နေသောအပင်များနှင့် အကိုင်းများကို ကွင်းထဲ တွင်ပျံ့နှံ့စွာ တွေ့ရခြင်းသည် ထင်ရှားသောလက္ခဏာဖြစ်ပါသည်။  

✔ရောဂါဖြစ်စေသောမှိုသည်တစ်ရာသီမှ တစ်ရာသီသို့ အစေ့ခွံတွင်းခိုအောင်း၍ လည်းကောင်း၊ သီးနှံပင် အကြွင်းအကျန်များတွင် ခိုအောင်း၍လည်းကောင်းကူးစက်စေသည်။ စိုထိုင်းဆ ၉၂ % အထက်နှင့် အပူချိန် (၁၃-၂၆) ဒီဂရီစင်တီဂရိတ်အတွင်းသည် ရောဂါကူးစက်ရန် အကောင်းဆုံး ပတ်ဝန်းကျင် အခြေအနေများဖြစ်သည်။  

✔မှဲ့ပြောက်စွန်းရောဂါကို ထိရောက်စွာကာကွယ်နှိမ်နင်းရန် .....  

၁ ။ ရောဂါကင်းသောဒေသမှ မျိုးစေ့ကိုအသုံးပြုပါ။  
၂ ။ သီးနှံစိုက်ပျိုးချိန်တွင် မျိုးစေ့ကို မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးဖြင့်လူးနယ်စိုက်ပျိုးပါ။ ၃ ။ ပဲမျိုးနွယ်ဝင်မဟုတ်သောအပင်များနှင့် (၂-၃)နှစ်အထိ သီးနှံအလှည့်ကျစိုက်ပျိုးပါ။  
၄ ။ အပင်တွင်ရောဂါလက္ခဏာစတွေ့သည်နှင့် ဝိစာရ၏ ဟက်ဇာဂွန် ၅ အက်စ်စီ၊ ကာဗာ ၂၅ အက်စ်စီ၊ ဇိုလာ ၂၅ အီးစီ၊ ဒိုင်ဇီ ၃၂.၅ အက်စ်စီ စသည့်မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။  

♦️စစ်မှန် ပြည့်ဝ ဝိစာရ♦️  

Sources : သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန။