menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တိရိစ္ဆာန်အစာအတွက် "နေပီယာမြက်" စိုက်ပျိုးနည်း
မူရင်းဒေသ
----------
နေပီယာမြက်၏ မူရင်းဒေသမှာ အာဖရိကအလယ်ပိုင်းဒေသဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိသည်။
ရာသီဥတု
---------
နေပီယာမြက်သည် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် မြန်မာပြည် အလယ်ပိုင်း မိုးနည်းဒေသတွင် သွင်းရေအနည်းငယ်ရှိရုံဖြင့် စိုက်ပျိုးနိုင်သောမျိုးစိတ်ဖြစ်ပါသည်။
မြေအမျိုးအစား
-------------
နေပီယာမြက် စိုက်ပျိုးဖြစ်ထွန်းရန် လယ်မြေတွင်အသင့်အတင့်ကောင်းမွန်ရန်လိုအပ်ပြီး၊ ယာမြေတွင် မြေကောင်းရန်လိုအပ်ပါသည်။
မျိုးပွားခြင်း
---------
နေပီယာမြက်ပင်ကို အပင်ပိုင်းမျိုးပွားနည်းဖြင့်သာ စိုက်ပျိုးနိုင်ပါသည်။ မျိုးပွားပိုင်းများကို အသုံးပြုရန် အတွက် စိုက်ပြီး (၃-၄) လ သက်တမ်းရှိသောပင်စည်များ၏ အလယ်ပိုင်းကိုသာရွေးချယ်သင့်ပါသည်။
စိုက်ပျိုးခြင်း
-----------
နေပီယာမြက် စိုက်ပျိုးရန် ထယ်(၁) စပ်၊ ထွန် (၁) စပ်မွှေရပါမည်။ (ပင်ကြား တန်းကြား) အကွာအဝေး (၃' × ၃') ထား၍ စိုက်ပျိုးနိုင်သည်။ မိုးရာသီတွင်စိုက်ပျိုးပါက အဆစ် (၂) ဆစ်ပါသောအပင်ပိုင်းများကို အဆစ် (၁) ဆစ်ကို မြေတွင်မြှုပ်ပြီး ကျန်တစ်ဆစ်ကို မြေမျက်နှာပြင်နှင့်ထိအောင်ထား၍ စိုက်ပျိုးရပါ မည်။ နေပီယာမြက်သည် စိုက်ပြီးရက် (၃၀) အတွင်း ပေါင်းမြက်ကင်းစင်စေရန် ထယ်ညှက်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။ အပင်စိုက်ပြီး (၁) လသားတွင် တစ်ဧကလျှင် ပုလဲ ၅၀ ကီလို ဂရမ်နှုန်း ထည့်သွင်းပေးရပါမည်။
ရိတ်သိမ်းခြင်း
-----------
နေပီယာမြက်သည် (၆၀-၇၅) ရက်သားတွင် ပထမအကြိမ်ရိတ်သိမ်းနိုင်ပြီး (၃၀-၄၅) ရက်ခြား၍ အကြိမ်ကြိမ်ရိတ်သိမ်းနိုင်ပါသည်။ တစ်နှစ်လျှင် (၆-၈) ကြိမ် အထိရိတ်သိမ်းနိုင်ပြီး ပင်ပွားများရစေရန် အတွက် မြေပြင်ကပ်၍ ရိတ်သိမ်းရပါမည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန