menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဘူး ၊ ဖရုံ၊ သခွား နှင့် ဂေါ်ရခါး မျိုးရင်းဝင် အပင်များတွင် ကျရောက်တတ်သော ..... ဖားဥမှိုရောဂါ (Powdery Mildew)
🍂🍐🍂🍑🍂🥒🍂🍈🍂🍇🍂
⏭ရောဂါဖြစ်စေသက်ရှိ - Sphaerotheca fuliginea
⏭ကျရောက်သည့်အချိန် - ဆောင်းရာသီတွင်အများဆုံးကျရောက်တတ်သည်။
ရောဂါလက္ခဏာ .....
ဘူး၊ ဖရုံ၊ သခွား မျိုးရင်း၀င်အပင်များတွင် အများဆုံးကျရောက်တတ်သော ရောဂါဖြစ်သည်။ ဖြူဖျော့ဖျော့ မှိုမျှင်အစုအဝေးကို အရွက်၏အပေါ်မျက်နှာပြင်တွင် စတင်တွေ့ရှိရသည်။ ထိုမှိုမျှင်စုများ ပေါင်းစပ်သွားပြီး၊ ရွက်ညှာနှင့် ပင်စည်အပေါ်အထိ ပျံ့နှံ့သွားကြသည်။ ရောဂါရအရွက်သည် အဝါရောင်မှ အညိုရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ အသီးတွင်များသောအားဖြင့် ရောဂါကျရောက်မှု မရှိသော်လည်း ထိုရောဂါရအပင်မှ အသီးများသည် အချိန်မတန်မီ ရင့်မှည့်၍ အသီး၏အရည်အသွေး၊ အလေးချိန်လျော့နည်း ကျဆင်းကာ အသီးဖြစ်ပေါ်မှုလည်းနည်းပါးစေသည်။
ရောဂါသံသရာ .....
ရောဂါဖြစ်စေမှိုသည် ခြောက်သွေ့သောရာသီဥတုနှင့် မြေတွင်းအစိုဓါတ်နည်းချိန်တွင် ပို၍အဖြစ်များ သည်။ တစ်ပင်မှတစ်ပင်သို့ လေအားဖြင့် ကူးစက်ပျံ့နှံ့နိုင်သည်။ ဖားဥမှိုရောဂါသည် ဘူး၊ဖရုံ၊ သခွား မျိုးရင်းဝင်များသာမက အခြားသော ခရမ်းမျိုးရင်းဝင် အပင်များ ရုံးပတီနှင့် ပဲမျိုးရင်းဝင်အပင်များ ပေါ်တွင်လည်း ဖြစ်ပေါ်စေနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ .....
(၁) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
(၂) ရောဂါရပင်ကြွင်းပင်ကျန်များ၊ အခြားလက်ခံလွှဲပင်များဖြစ်သော ပေါင်းမြက်များအား ရှင်းလင်းမီးရှို့ဖျက်ဆီးပါ။
(၃) မြေတွင်းအစိုဓါတ်နည်းခြင်းသည် ရောဂါကျရောက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်သဖြင့် ရေကို လုံလောက်စွာပေးသွင်းပါ။
(၄) ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းနိုင်ရန် ဝိစာရ၏ “ဟက်ဇာဂွန်၊ မက်တယ်လဇီး၊ ဆာဗိတ်” ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန