menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ငရုတ် နှင့် ရွက်သေးထိုးပြဿနာ”
🌿🌶️🌿🌶️🌿🌶️🌿🌶️🌿🌶️🌿
✔️ ငရုတ်စိုက်တောင်သူတိုင်း ငရုတ်ရွက်သေးထိုးသည့် ပြဿနာကိုကြုံဖူးကြပေမည်။ အဓိကအားဖြင့် သီးနှံပင်တွင် လှေးအပါအဝင် စုပ်စားပိုးများကျရောက်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း နှင့် စုပ်စားပိုးများသယ်ဆောင်လာသည့် ဗိုင်းရပ်စ်ကျရောက်ခြင်းတို့ကြောင့် "ငရုတ်ရွက်သေးထိုး” ဖြစ်ပေါ်ရခြင်းဖြစ်သည်။ "ငရုတ်ရွက်သေးထိုး”ဝင်ရောက်ပါက ငရုတ် အရည်အသွေးနှင့် အထွက်နှုန်းကိုထိခိုက်နိုင်ပြီး အထွက်သိသာစွာကျဆင်းနိုင်သည့်အတွက် ငရုတ်စိုက်တောင်သူများ အထူးဂရုပြု ကြိုတင်ကာကွယ်သင့်ပါသည်။
✔️ စုပ်စားပိုးများသည် အလွန်သေးငယ်ပြီး ငရုတ်အညွန့်အတွင်းဝင်ရောက်ကာ သစ်ရည်ကိုစုပ်စား၍ ဖျက်ဆီးသည်။ ထိုသို့စားသောက်ပြီး (၄-၅)ရက်ခန့်ရှိသောအခါ အညွန့်များသည် ကြီးမားပြန့်ကားလာခြင်းမရှိတော့ပဲ စုပ်စားပိုးများ စုပ်ယူစားသောက်သည့်ဒဏ်ရာများကြောင့် တွန့်ကုတ်ကာ အရွက်များပုံသဏ္ဍာန်မမှန်ဖြစ်နေသည်ကို တွေ့ရပါသည်။ စုပ်စားပိုးများ စုပ်ယူစားသောက်ခံရသည့် အညွန့်မှန်သမျှ ဤသို့ ပုံသဏ္ဍာန်မမှန်ဖြစ်နေသည်ကိုတွေ့ရပါမည်။
✔️ ထိုသို့ စုပ်စားပိုးများထဲတွင် လှေးပိုးသည် လေစီးကြောင်းအတိုင်းလိုက်ပါပြန့်နှံ့၍ နည်းလမ်းအမျိုးမျိုးဖြင့် မျိုးပွားကာ ပြန့်ပွားတတ်သဖြင့် လှေးပိုးကြောင့်ဖြစ်ပွားသော ရွက်သေးထိုးလက္ခဏာဖြစ်ပွားသည့် အပင်များကို လေစီးကြောင်းအလိုက်ဖြစ်ပွားနေသည်ကို တွေ့ရှိရပါမည်။ တစ်နေရာတည်းတွင် အကွက်လိုက်တွေ့ရလေ့မရှိပါ။
✔️ ထို့အပြင် စုပ်စားပိုးများသယ်ဆောင်လာသော “ဗိုင်းရပ်စ်ရောဂါများ” ကျရောက်ခြင်းကြောင့် ငရုတ်အရွက်များ တွန့်ကုတ်၍ ပုံသဏ္ဍာန်မမှန်ဖြစ်လာပြီး ငရုတ်ရွက်သေးထိုးလက္ခဏာ ဖြစ်ပေါ်သည်လည်းရှိပါသည်။ ဗိုင်းရပ်စ်ရောဂါအမျိုးမျိုးမှာ ပျ၊ ဖြုတ်၊ ယင်ဖြူ၊ မွှားပင့်ကူ နှင့် လှေးပိုး စသည့် စုပ်စားပိုးများမှ သယ်ဆောင်လာကာ ကူးစက်ပြန့်ပွားခြင်းဖြစ်သဖြင့် သီးနှံပင်စိုက်ပျိုးပြီး (၁၅)ရက်သားခန့်မှစ၍ လက်ဦးမှုရယူကာ စုပ်စားပိုးများကျရောက်မှုကို ထိထိရောက်ရောက် ကြိုတင်ကာကွယ်ရပါမည်။
✔️ ၎င်းကိုကာကွယ်နိုင်ရန် စိုက်ခင်းကို ရေမများ/ရေမငတ်အောင် ဂရုစိုက်ပါ။ ရေသွင်းချိန် (သို့မဟုတ်) မြေအစိုဓာတ် ကောင်းကောင်းရှိချိန်မှာ ငရုတ်အပင်ခြေရင်းကို ဝိစာရ၏ “ဒီပါ ၄၆ဂျီ (သို့မဟုတ်) ဖစ်ပရို ၃ ဂျီအာ” ဆေးခဲများကိုကြဲပက်ပေးပါ။ ဆေးဖျန်းရန်အတွက် ငရုတ်အပင်ငယ်များပြောင်းရွှေ့စိုက်ပြီး (၁၅)ရက်ခန့်တွင် ဝိစာရ၏ စုပ်စားပိုးကာကွယ်နှိမ်နင်းဆေးများဖြစ်သော “နိုးဝမ်း၊ ကေလာ၊ ကလဲဗား” ဆေးများကိုရွေးချယ်၍ (၇-၁၀)ရက်ခြားတစ်ကြိမ်ခန့် အလှည့်ကျပက်ဖျန်း၍ ကြိုတင်ကာကွယ် ပေးရပါမည်။ လှေးပိုးကျရောက်ပါက “ပရိုဆင့်” ဆေးကို ပက်ဖျန်းနိုင်ပါသည်။
✔️ ထို့မျှမကပဲ ငရုတ်ရွက်သေးထိုးပြဿနာသည် “ဇင့် နှင့် ကယ်လ်စီယမ်၊ ဆာလ်ဖာ၊ မန်းဂနိစ်၊ ကောပါး၊ ဘိုရွန်” စသည့်အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်ပေရာ အပင်အတွက်အဓိက လိုအပ်သော NPK အာဟာရဓာတ်များအပြင် ဖော်ပြပါသက်စောင့်အာဟာရ ဓာတ်များ ပြည့်စုံမျှတအောင် ထည့်သွင်းပေးရန်လည်း လိုအပ်ပါသည်။ ထို့ကြောင့် အာဟာရဓာတ်များ အချိုးအစားညီမျှစွာဖြင့် ထုတ်လုပ်ထားသော ဝိစာရ၏ရွက်ဖျန်းအားဆေးများဖြစ်သည့် “ရိုက်စ်အပ်၊ ကယ်လ်စီပလပ်စ်၊ ဝီဂရိုး၊ မေခလာ” စသည် ရွက်ဖျန်းအားဆေးတို့မှ တစ်မျိုးမျိုးနှင့် “ဘိုစတာဟော်မုန်း နှင့် ဝိစာရကွန်ဘီ” အားဆေးတို့ကို ရောစပ်၍ ငရုတ်သီးနှံသက်တမ်းတစ်လျှောက် လိုအပ်သလိုပက်ဖျန်းအသုံးပြုပေးရပါမည်။
✔️ အကယ်၍ ရောဂါကျရောက်ပြီး အရွက်များတွန့်ကုတ်၍ ပုံသဏ္ဍာန်မမှန်ဖြစ်သည့် အခြေအနေကို ရောက်ရှိလာပါက ၎င်းတွန့်ကုတ်နေသောအပင်များကို အချိန်မဆိုင်းပဲ ချက်ချင်းနုတ်ယူဖျက်ဆီးပစ်ရ ပါမည်။ ထို့အပြင်ကျန်အပင်များသို့ ရောဂါသယ်ဆောင်ပိုးများမကျရောက်စေရန် အထက်ဖော်ပြပါ ပိုးသတ်ဆေးများဖြင့် အချိန်မှီပက်ဖျန်းကာကွယ်ပေးရပါမည်။
✔️ သို့ဖြစ်ရာ “ငရုတ် နှင့် ရွက်သေးထိုးပြဿနာ”ဖြစ်ပွားရသည့်အကြောင်းများ နှင့် ကြိုတင်ကာကွယ်ရန် ဆောင်ရွက်ကြရမည့်နည်းလမ်းများကို ရေးသားဖော်ပြပေးပြီးဖြစ်၍ ဦးကြီးတို့ငရုတ်စိုက်ခင်းများအတွင်း ရွက်သေးထိုးပြဿနာများ ကင်းဝေးနိုင်ကြပါစေရန် ဆန္ဒပြုလိုက်ရပါသည်။
🌶️စစ်မှန် ပြည့်ဝ ဝိစာရ🌶️