menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ငရုတ်အရည်အသွေး အကောင်းဆုံးနှင့်အထွက်နှုန်း အမြင့်မားဆုံးရရှိနိုင်ရန် ဓာတ်မြေဩဇာနှင့်ဟော်မုန်းအားဆေးများ အသုံးပြုရမည့်နည်းစနစ်များ
🌿🍃🌶🍃🌿🍃🌶🍃🌿🍃🌶🍃🌿
ဓာတ်မြေဩဇာအသုံးပြုခြင်း။
----------------------------------
မြေခံအဖြစ် ပတ်ကား ဓာတ်မြေဩဇာ (၁၉ : ၉ : ၁၉) တစ်အိတ်နှုန်းထည့်သွင်းပေးပါ။ ပန်းပွင့်ချိန်တွင် အထွက်တိုးကွန်ပေါင်းမြေဩဇာ (၁၆ : ၁၆ : ၈ + ၁၂ ဆာလ်ဖာ) တစ်အိတ်နှုန်းထည့်သွင်းပါ။
မျိုးစေ့၊ ပျိုးပင်များကိုလူးနယ်ဆေးများ လူးနယ်စိုက်ပျိုးခြင်း။
-------------------------------------------------------------------
(၁) သီးနှံမစိုက်ပျိုးမီမျိုးစေ့များကို “ဝိစာရမျိုးစေ့လူးနယ်ဆေး”တစ်မျိုးမျိုးဖြင့် လူးနယ်၍အရိပ်အောက် တွင်(၁၀)မိနစ်ခန့်အခြောက်ခံပြီးမှစိုက်ပျိုးပါ။ အမြစ်ထွက်မြန်၊အပင်ပေါက်နှုန်းကောင်း၍ အပင်များသန်မာကြံ့ခိုင်ပြီး၊ မြေအောင်းပိုး စုပ်စားပိုး ၊ ခါးရိရောဂါ၊ အမြစ်ပုပ်၊ပင်စည်ပုပ်၊ ရွက်သေးထိုး၊ အပင်ညှိုးရောဂါများကြိုတင်ကာကွယ်နိုင်ပါသည်။
( ၂) ပျိုးပင်များကိုမစိုက်မီ ရေ( ၂)ဂါလံတွင် ကာဗာမှိုသတ်ဆေးဟင်းစားဇွန်း (၁)ဇွန်း+ ဂျစ်တူးဆေး တစ်ပြား၏လေးစိပ်တစ်စိပ် ဖျော်စပ်ပြီးပျိုးမြစ်များကို(၁၀)မိနစ်ခန့်စိမ်ပြီးမှစိုက်ပျိုးပါ။ အမြစ်များ သန်မာပြီး ၊အပင်ထအပင်လှန်မြန်ပါသည်။ ကြီးထွားကြံ့ခိုင်အားကောင်း၍ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည် ရှိစေပါသည်။
ရွက်ဖျန်းအားဆေးများ ပက်ဖျန်းခြင်း။
------------------------------------------
(၁) ပြောင်းရွှေ့စိုက်ပြီး(၇ - ၃၅)ရက် အပင်လှန်ပြီးအချိန်မှပွင့်ဖူးဝင်စအချိန်ထိ ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင်တာဝါရွက်ဖျန်းအားဆေး ဟင်းစားဇွန်း(၃)ဇွန်း + ဝိစာရကွန်ဘီ ဟင်းစားဇွန်း တစ်ဝက် ရောစပ်၍ (၇)ရက်ခြားတစ်ကြိမ်ပက်ဖျန်းပေးပါ။ အကိုင်းအခက်များကြီးထွား ဝေဆာ၍ အပင်သန်မာ ကြံ့ခိုင်ပြီးအရွက်မှအစာချက်အားကောင်းကာ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိစေပါသည်။
( ၂) ပြောင်းရွှေ့စိုက်ပြီး(၄၅ - ၅၀)ရက် ပွင့်ဖူးစအချိန် ရေ(၄)ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ခရော့စ် ရွက်ဖျန်းအားဆေး (၃ - ၅)ဇွန်း (သို့မဟုတ်) ဆိုလူဖိဒ်ဂျပ်ဗူး (၅)ဇွန်း + ကယ်လ်စီပလပ်စ် အာဟာရအားဆေး (၂)ဇွန်း ရောစပ်၍ တစ်ကြိမ်ပက်ဖျန်းပေးပါ။ ပန်းပွင့်များပြားခြင်း၊ ဝတ်မှုန်ကူးသန္ဓေအောင်၍ အသီးအပွင့်မကြွေဘဲအသီးတင်အားကောင်းခြင်း၊ အပင်ကြံ့ခိုင်သန်မာပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိစေပါသည်။
( ၃) ပြောင်းရွှေ့စိုက်ပြီး(၅၀ - ၆၀)ရက် ပန်းဖြိုင်ဖြိုင်ပွင့်ချိန် ရေ(၄)ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ခရော့စ် ရွက်ဖျန်းအားဆေး (၅)ဇွန်း + ကယ်လ်စီပလပ်စ် အာဟာရအားဆေး (၂)ဇွန်း ရောစပ်၍ တစ်ကြိမ်ပက်ဖျန်းပေးပါ။ ဝတ်မှုန်ကူးသန္ဓေအောင်၍ အသီးအပွင့်မကြွေဘဲ အညှာခိုင်၊ အသီးတင်အားကောင်း၊ အပင်ကြီးထွားသန်မာကြံ့ခိုင်၍ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိစေပါသည်။
(၄) ပြောင်းရွှေ့စိုက်ပြီး(၅၀ - ၆၀)ရက် သီးကင်းဝင်စအချိန် ရေ(၄)ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆိုလူဖိဒ်စပါယ်ရှယ်ကေ (၅)ဇွန်း + ရိုက်စ်အပ် (၂)ဇွန်း ရောစပ်၍ တစ်ကြိမ် ပက်ဖျန်းပေးပါ။ အသီးတင်အားကောင်းခြင်း၊ လျှင်မြန်စွာအသီးကြီးထွား၍အလေးချိန်စီးခြင်း၊ အသီးအညှာခိုင်ပြီးပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိစေပါသည်။
(၅) အသီးခူးဆွတ်ပြီးအချိန်တိုင်း အပွင့်အသီးများအဆက်မပြတ်ဖြိုင်ဖြိုင်အသီးအပွင့်လိုက်လာကာ အကြိမ်များများခူးဆွတ်နိုင်၍ အထွက်နှုန်းအမြင့်ဆုံးရရှိစေရန်အောက်ဖော်ပြပါ အပင်နှင့်အသီး အားဆေးတွဲများကို(၇)ရက်ခြားတစ်ကြိမ်အလှည့်ကျ နှံ့စပ်အောင်ပက်ဖျန်းပေးပါ။
☑️ပထမအကြိမ် ..... ဆိုလူဖိဒ်စပါယ်ရှယ်ကေ (၅)ဇွန်း + ရိုက်စ်အပ် (၂)ဇွန်း + ဝိစာရကွန်ဘီဇွန်းတစ်ဝက်။
☑️ဒုတိယအကြိမ် ..... ခရော့စ် ရွက်ဖျန်းအားဆေး (၅)ဇွန်း + ကယ်လ်စီပလပ်စ် (၂)ဇွန်း + ဝိစာရကွန်ဘီ ဇွန်းတစ်ဝက်။
☑️တတိယအကြိမ် ..... ဆိုလူဖိဒ်စပါယ်ရှယ်ကေ (၅)ဇွန်း + ဒဗလျူတောနစ်(၁) ဇွန်း။
အထက်ပါအပင်၊အသီးအားဆေးတွဲများကိုအလှည့်ကျပက်ဖျန်း၍ အာဟာရဓာတ်ဖြည့်ဆည်းပေးခြင်း အားဖြင့် အပင်ကြီးထွားသန်မာ၊ ပွင့်သီးအားကောင်း၊ အသီးအလေးချိန်စီး အသီးအရောင်နှင့်အရည်အသွေးတောက်ပ၍ ကြာရှည်အထားခံပြီး ပုပ်ရိပျက်စီးမှုနည်းပါးကာ အကျိုးအမြတ်အကောင်းဆုံး ရရှိစေနိုင်ပါသည်။
✔️စစ်မှန် ပြည့်ဝ ဝိစာရ✔️
Credit to Saya U Than Win (Than Win Agri)