menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဝိစာရမြေဩဇာများ အသုံးပြု၍ မြင့်မားသောသီးနှံအရည်အသွေးကို ရယူပါ
🌷🌿🌻🍇☘️🌾🍀🌶🥦🌽🥬🍆🍅
➡️ဓာတ်မြေဩဇာများသည်သီးနှံပင်လိုအပ်သော အာဟာရဓာတ်များကိုဖြည့်စွက်ပေးပြီး ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုနှင့် အပင်၏ဇီဝကမ္မဖြစ်စဉ်များကို ပြည့်စုံစေ၍ သီးနှံအရည်အသွေး နှင့်အထွက်နှုန်းကို မြင့်မားစေပါသည်။ ထို့ကြောင့် စပါး ၊မြေပဲ၊နှမ်း၊ပဲမျိုးစုံနှင့် အခြားသီးနှံအမျိုးမျိုးစိုက်ပျိုးမည့်တောင်သူဦးကြီးတို့အတွက် သီးနှံပင်များအရည်အသွေးမြင့်မားပြီး အထွက်နှုန်းကောင်းမွန်စေသော ဝိစာရ၏မြေဩဇာများကို တင်ပြလိုက်ပါသည်။
၁။ ဘက်စ်ကေ (အရည်အသွေးမြင့်ပိုတက်ဆီယမ်ဓာတ်မြေဩဇာ)
➡️ပိုတက်ဆီယမ် ၆၀% ပါဝင်ပါသည်။
- အပင်အစိတ်အပိုင်းများ၏ရုပ်အဖွဲ့အစည်းနှင့် ဇီဝကမ္မဖြစ်စဉ်များ ပြည့်စုံစွာလည်ပတ်နိုင်ရန်စွမ်းဆောင်ပေးသည်။
- ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ကိုခံနိုင်ရည်ရှိစေသည်။
- သီးနှံအားလုံးအတွက်အသုံးပြုနိုင်ပြီး စပါးပင်ယိုင်လဲခြင်း မရှိရန်တားဆီးပေးပါသည်။
- ပိုတက်ဆီယမ်ဓာတ်ချို့တဲ့တတ်သည့် သဲဆန်သောမြေများတွင် မဖြစ်မနေ အသုံး ပြုရပါမည်။ အသားတင်အလေးချိန် - ( ၅၀ ) ကီလိုဂရမ်
၂။ အထွက်တိုးကွန်ပေါင်းမြေဩဇာ (၁၆:၁၆:၈ + ၁၂ ဆာလ်ဖာ)
➡️နိုက်ထရိုဂျင် - ၁၆ %၊ ဖော့စ်ဖရပ် - ၁၆ % ၊ ပိုတက်ဆီယမ် - ၈ % ၊ ဆာလ်ဖာ ၁၂ % ပါဝင်ပါသည်။
- ဖော်ပြပါအာဟာရဓာတ်အချိုးတိကျစွာပါဝင်မှုအာမခံဖြင့်ထုတ်လုပ်ပါသည်။
- သီးနှံပင်များလိုအပ်သော အဓိက အာဟာရဓာတ် (၃)မျိုးအပြင် ဆာလ်ဖာတွဲဖက်ပါဝင်သဖြင့် အရွက်များစိမ်းလန်း သန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါသည်။
- စပါးအပါအဝင် နှံစားသီးနှံများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံများအားလုံးတွင် အသုံးပြုနိုင် ပါသည်။
အသားတင်အလေးချိန် - ( ၅၀ ) ကီလိုဂရမ်
၃။ ရွှေတိုးကွန်ပေါင်းမြေဩဇာ ( ၁၇:၈:၈ + ၁၅ဆာလ်ဖာ )
➡️နိုက်ထရိုဂျင် - ၁၇ %၊ ဖော့စ်ဖရပ် - ၈ % ၊ ပိုတက်ဆီယမ် - ၈ % ၊ ဆာလ်ဖာ ၁၅ % ပါဝင်ပါသည်။
- ဖော်ပြပါအာဟာရဓာတ်အချိုးတိကျစွာပါဝင်မှုအာမခံဖြင့်ထုတ်လုပ်ပါသည်။
- သီးနှံပင်များလိုအပ်သော အဓိက အာဟာရဓာတ် (၃)မျိုးအပြင် ဆာလ်ဖာတွဲဖက်ပါဝင်သဖြင့် အရွက်များစိမ်းလန်း သန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါသည်။
- စပါးအပါအဝင် နှံစားသီးနှံများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံများအားလုံးတွင် အသုံးပြုနိုင်ပါသည်။
အသားတင်အလေးချိန် - ( ၅၀ ) ကီလိုဂရမ်
၄။ အထွက်တိုးကွန်ပေါင်းမြေဩဇာ ဝိစာရကွန်ပေါင်း ( ၁၅ပတ်လည်)
➡️နိုက်ထရိုဂျင် - ၁၅ %၊ ဖော့စ်ဖရပ် - ၁၅ % ၊ ပိုတက်ဆီယမ် - ၁၅ % ပါဝင်ပါသည်။
- ဖော်ပြပါအာဟာရဓာတ်အချိုးတိကျစွာပါဝင်မှုအာမခံဖြင့်ထုတ်လုပ်ပါသည်။
- စပါးအပါအဝင် နှံစားသီးနှံများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံများအားလုံးတွင် အသုံးပြုနိုင်ပါသည်။
- မြေအတန်းအစားမရွေး အသုံးပြုနိုင်ပါသည်။
အသားတင်အလေးချိန် - ( ၅၀ ) ကီလိုဂရမ်
၅။ ပတ်ကား ( PARKER ) ဓာတ်မြေဩဇာ
➡️နိုက်ထရိုဂျင် - ၁၉ %၊ ဖော့စ်ဖရပ် - ၉ % ၊ ပိုတက်ဆီယမ် - ၁၉ % ပါဝင်ပါသည်။
- နိုက်ထရိုဂျင်နှင့် ပိုတက်ဆီယမ်လိုအပ်ချက်များသော သီးနှံများနှင့် ဥယျာဉ်ခြံသီးနှံများအတွက် အထူးသင့်လျော်ပါသည်။
- ပါဝင်သောအာဟာရဓာတ်များသည် အသင့်အတင့်သောမြေဆီလွှာအစိုဓာတ်မှာပင် ပျော်ဝင်လွယ်သောကြောင့်သီးနှံပင်မှလွယ်ကူလျှင်မြန်စွာစုပ်ယူစားသုံးနိုင်ပါသည်။
- ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများပြားသောကြောင့် အပင်အတွင်းအစာသယ်ယူပို့ဆောင်မှု စနစ်များ လျင်မြန်အားကောင်းစေပါသည်။
- ရေရှည်တွင်မြေဆီလွှာပျက်စီးခြင်းကို မဖြစ်ပေါ်အောင်ထိန်းသိမ်းထားရှိ နိုင်ပါသည်။ အသားတင်အလေးချိန် - ( ၅၀ ) ကီလိုဂရမ်
၆။ အောင်နှံဝေ အထွက်တိုးဓာတ်မြေဩဇာ
➡️နိုက်ထရိုဂျင် - ၂၁ %၊ ဆာလ်ဖာ- ၂၄ % ပါဝင်ပါသည်။
- စပါးအပါအဝင် သီးနှံအမျိုးမျိုးအတွက်အသုံးပြုနိုင်ပါသည်။
- ရေတွင်ပျော်ဝင်လွယ်ပြီးသီးနှံပင်ကလျင်မြန်စွာ စုပ်ယူစားသုံးနိုင်ပါသည်။
- သီးနှံပင်များလျှင်မြန်စွာစိမ်းလန်းသန်စွမ်းလျှက်အစာချက်လုပ်မှုအားကောင်းသဖြင့် အထွက်နှုန်းကောင်းစေပါသည်။
- ပုလဲမြေဩဇာထက် အငွေ့ပြန်မှုနှင့် ရေတွင်မျောပါပျောက်ဆုံးမှုနည်းသည်။
- နှမ်း၊ မြေပဲအပါအဝင် ဆီထွက်သီးနှံများအတွက် ဆီထွက်ရာခိုင်နှုန်း ပိုကောင်းစေပါသည်။
အသားတင်အလေးချိန် - ( ၅၀ ) ကီလိုဂရမ်
၇။ ဇီလီယန် (ZILLION) အထွက်တိုးဓာတ်မြေဩဇာ
➡️နိုက်ထရိုဂျင် - ၁၆ %၊ ဖော့စ်ဖရပ် - ၁၆ % ၊ ပိုတက်ဆီယမ် - ၁၆ % ပါဝင်ပါသည်။
- မြေအမျိုးအစားမရွေး ၊ ရာသီဥတုမရွေး အသုံးပြုနိုင်သော အရည်အသွေးမြင့် ဓာတ်မြေဩဇာဖြစ်ပါသည်။
- စပါးအပါအဝင် နှံစားသီးနှံများ၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ၊ ဥယျာဉ်ခြံသီးပင် များအားလုံးအတွက်သင့်လျော်ပါသည်။
- ဇီလီယန် မြေဩဇာတွင် ပါဝင်သောအာဟာရဓာတ်များသည် အသင့်အတင့်သောမြေဆီလွှာအစိုဓာတ်မှာပင် ပျော်ဝင်လွယ်သောကြောင့်သီးနှံပင်မှလွယ်ကူလျှင်မြန်စွာစုပ်ယူစားသုံးနိုင်ပါသည်။
- ရေရှည်တွင်မြေဆီလွှာပျက်စီးခြင်းကို မဖြစ်ပေါ်အောင်ထိန်းသိမ်းထားရှိ နိုင်ပါသည်။ အသားတင်အလေးချိန် - ( ၅၀ ) ကီလိုဂရမ်
၈။ အာသီသ(ARTHITHA) အထွက်တိုးဓာတ်မြေဩဇာ
➡️နိုက်ထရိုဂျင် - ၁၅ %၊ ဖော့စ်ဖရပ် - ၂၀ % ၊ ပိုတက်ဆီယမ် - ၁၅ % ပါဝင်ပါသည်။
- မြေအမျိုးအစားမရွေး ၊ ရာသီဥတုမရွေး အသုံးပြုနိုင်သော အရည်အသွေးမြင့် ဓာတ်မြေဩဇာဖြစ်ပါသည်။
- ပဲမျိုးစုံနှင့်နှံစားသီးနှံများအတွက်အထူးထုတ်လုပ်ထားသောအချိုးမှန်ကွန်ပေါင်းမြေဩဇာဖြစ်သည်။
- အပင်ငယ်စဉ်အမြစ်များကြီးထွားဖွံ့ဖြိုးလျက် အပင်ငယ်ကြံ့ခိုင်သန်စွမ်းစေသည်။
- အဖူးအပွင့်များပြားစေပြီးပန်းပွင့်အားကောင်းစေ၍ သီးတောင့်နှင့် အစေ့အဆန်ပြည့်ဝစေပါသည်။
- ပဲမျိုးစုံတွင် သီးတောင့်တစ်တောင့်ပါအစေ့အရေအတွက်များပြားပြီး ပဲစေ့အရွယ်အစားကြီးမားစေပါသည်။
- ပဲမျိုးစုံအတွက် အာသီသကို မြေခံအဖြစ်တစ်ကြိမ် နှင့် အဖူးအပွင့်ဝင်ချိန်တွင်တစ်ကြိမ် ထည့်သွင်း အသုံးပြုနိုင် ပါသည်။
အသားတင်အလေးချိန် - ( ၂၅ ) ကီလိုဂရမ်
၉။ မိုးပုလဲ (MORE PALE) အထွက်တိုးဓာတ်မြေဩဇာ
➡️နိုက်ထရိုဂျင် - ၄၆ % ပါဝင်ပါသည်။
- အရည်အသွေး အထူးအာမခံဖြင့်ထုတ်လုပ်ထားသောယူရီးယားမြေဩဇာအမျိုးအစားဖြစ်သည်။
- စိုက်ခင်းအတွင်းကြဲပက်ရာတွင် ပြန့်နှံ့မှုကောင်းသည်။
- နိုက်ထရိုဂျင် - ၄၆ % ပါဝင်သဖြင့်သီးနှံပင်များ၏ ပင်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးချိန်တွင်သုံးစွဲရန်အထူးသင့်လျော်သည်။
- မိုးပုလဲဓာတ်မြေဩဇာသည်အပင်အားလုံး၏အစာချက်လုပ်မှု လုပ်ငန်းကို အထောက်အကူဖြစ်စေပါသည်။
- ဥယျဉ်ခြံ စားသုံးပင်များအတွက် အရွက်ဖျန်းမြေဩဇာအဖြစ်အသုံးပြုနိုင်သည်။ အသားတင်အလေးချိန် - ( ၅၀ ) ကီလိုဂရမ်
၁၀။ မော်နီတာ ဂျစ်ပ်ဆမ်
➡️ကယ်လ်ဆီယမ် - ၂၃ %၊ ဆာလ်ဖာ ၁၇ % ပါဝင်ပါသည်။
- မြေဆီလွှာ၏ဖွဲ့စည်းပုံကို ပြုပြင်ပေးနိုင်သော မြေပြုပြင်သဘာဝကျောက်မှုန့်ဖြစ်သည်။
- မြေတွင်းရှိအာဟာရဓာတ်များကို အမြစ်မှစုပ်ယူနိုင်စွမ်းအားကောင်းစေသည်။ ဆိုဒီယမ်ဆားပေါက်မြေများ ကိုပြုပြင်ပေးနိုင်သည်။
- စပါးနီတိုဖြစ်သောစပါးခင်းများတွင် ပိုတက်ရှ်မြေဩဇာနှင့် တွဲဖက်၍အသုံးပြုနိုင်သည်။
- မြေပဲသီးနှံတွင်စွယ်များအောင်မြင်ပြီး မြေပဲအစေ့အဆံပြည့်စေသည်။ ဆီထွက်သီးနှံများဆီထွက်ရာခိုင်နှုန်း ကောင်းစေသည်။
- ရေတွင်ပျော်ဝင်လွယ်သဖြင့် လိုအပ်ပါကရွက်ဖျန်းမြေဩဇာအဖြစ် အသုံးပြုနိုင်ပါသည်။ အသားတင်အလေးချိန် - ( ၂၅ ) ကီလိုဂရမ်
➡️ မြန်မာနိုင်ငံအရပ်ရပ်ရှိ တောင်သူဦးကြီးများ အောင်မြင်စိမ်းလန်းသောသီးနှံစိုက်ခင်းများကိုပိုင်ဆိုင်နိုင်ကြပါစေ။
✅စစ်မှန် ပြည့်ဝ ဝိစာရ ✅