menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ရွက်ဖျန်းအားဆေးအသုံးပြုပါက သတိပြုရန်အချက်များ
🍃🌸🍃🌸🍃🌸🍃🌸🍃🌸🍃
⏭သီးနှံသစ်ပင်များ ရှင်သန်ကြီးထွားဖို့အတွက် အာဟာရဓာတ် ၁၆ မျိုးလိုအပ်ပါတယ်။ အဲဒီဓာတ်တွေ ကတော့ နိုက်ထရိုဂျင်၊ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ မဂ္ဂနီးစ်၊ ကယ်လ်စီယံ၊ ဆာလ်ဖာ၊ သံ၊ မဂ္ဂနီစီယမ်၊ကော့ပါး၊ သွပ်၊ ဘိုရွန်၊ မောလ်ဒီနန်၊ ကလိုရင်းဓာတ်တို့ ဖြစ်ပါတယ်။
⏭ဒီဓာတ်တွေထဲမှာ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်ဓာတ်များကိုတော့ အများအားဖြင့် ဓာတ်မြေသြဇာများကရတာဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင် ဓာတ်များကိုတော့ လေကရရှိပါတယ်။ ကျန်နေတဲ့ ဓာတ်များကတော့ မြေဆီလွှာအတွင်းက ရရှိကြပါတယ်။ တချို့မြေဆီလွှာအတွင်းမှာချို့တဲ့နေရင်တော့ ဓာတ်ကို သီးသန့်ထည့်ပေးရတာလည်း ရှိပါတယ်။
⏭သီးနှံသစ်ပင်များအတွက် လိုအပ်တဲ့ ဓာတ်များကို မြေဆီလွှာအတွင်း ထည့်ပေးပါက မြေဆီလွှာ အတွင်းမှာရှိတဲ့ ရေ (သို့) အစိုဓာတ်နဲ့ ပျော်ဝင်ပြီး အမြစ်များက စုပ်ယူကာ အပင်ကြီးထွားဖြစ်ထွန်းပြီး အထွက်ကောင်းကောင်းပေးနိုင်ဖို့အတွက် အသုံးချတာဖြစ်ပါတယ်။ တချို့ဓာတ်တွေဟာ တစ်ခါတစ်ရံ မြေဆီလွှာထဲကိုထည့်ပြီးအမြစ်က စုပ်ယူကြီးထွားစေတဲ့စနစ်ထက် အပေါ်ကနေ အရည်အဖြစ်နဲ့ အရွက်ကို ဖျန်းပေးတာဟာ ပိုပြီး အပင်က မြန်မြန်ဆန်ဆန်စုပ်ယူစားနိုင်ကြပြီး ထိရောက်တာကို တွေ့ရပါတယ်။
⏭ဒါပေမယ့်လည်း အပင်ပေါ်ကနေဖျန်းတာဟာ စနစ်မကျဘူးဆိုရင် သဲထဲရေသွန်ဖြစ်ပြီး ငွေကုန်လူပန်း ဖြစ်သွားတာကို ဂရုပြုကြစေချင်ပါတယ်။ ထို့ကြောင့် ရွက်ဖျန်းအားဆေးများပက်ဖျန်းလျှင် သတိပြုသင့်သည့်အချက်များမှာ .....
🔘 လေတိုက်နေတဲ့ဘက်ကို မျက်နှာမူပြီး ဆေးဖျန်းလျှင် ဖျန်းတဲ့ဆေးမှုန်တွေဟာ လေနဲ့အတူ ဆေးဖျန်းသူဆီပြန်လာပါတယ်။ထို့ကြောင့် လေတိုက်ရာဘက်ကို မျက်နှာမူပြီး ဆေးမဖျန်းရပါဘူး။
🔘 ဆေးဖျန်းတဲ့အခါမှာ ဆေးဖျန်းခေါင်းနဲ့ အပင်အရွက်ထိပ်ဖျား ခွာပြီး ဖျန်းနေလျှင်ဆေးမှုန်တွေဟာ အပင်အရွက်ကိုမထိဘဲ လေထဲဖွာခနဲ ဖွာခနဲ ပျံ့လွင့်နေတတ်ပါတယ်။ အပင်ကိုမထိတဲ့အတွက် ဆေးဖျန်းပေမယ့် အချည်းနှီးဖြစ်နေတတ်ပါတယ်။ ထို့ကြောင့် ဆေးဖျန်းခေါင်းကိုနှိမ့်ပြီး အပင် အရွက်တွေထိအောင်ဖျန်းပေးရပါမယ်။ သို့မှသာထိရောက်မှုရှိမှာဖြစ်ပါတယ်။
🔘 ဆေးဖျန်းနေစဉ်မှာ ဦးခေါင်းကစ တစ်ကိုယ်လုံး လုံလုံခြုံခြုံဖြစ်အောင် ဝတ်ဆင်ထားရပါမည်။ မျက်မှန်တပ်ပြီး နှာခေါင်းစည်းတပ်ထားပါ။ လက်အိတ်စွပ်ထားရပါမယ်။
🔘 အရေးကြီးဆုံးအချက်မှာ ဓာတ်မြေသြဇာအရည်ပဲဖြစ်ဖြစ်၊ အပင်အားတိုးဆေးအရည်ပဲဖြစ်ဖြစ် အပင်ကို ဖျန်းတော့မယ်ဆိုရင် ဆေးဖျန်းခေါင်းကိုအောက်နှိမ့်၊ ဆေးဖျန်းခေါင်းကို အပင်အရွက်ထဲထိ ထိုးသွင်း၊ ဆေးဖျန်းခေါင်းကိုပက်လက်လှန်ပြီး အရွက်ရဲ့အောက်မျက်နှာပြင်ထိ ဆေးထိအောင်ဖျန်းဖို့ အဓိက သတိပြုဖို့လိုအပ်ပါတယ်။ အကြောင်းမှာ သီးနှံပင်အရွက်တွေရဲ့ အောက်မျက်နှာပြင်မှာ စတိုမာတာ ဆိုတဲ့ လေရှူအပေါက်လေးတွေ ရှိပါတယ်။ အဲဒီအပေါက်ကလေးတွေဟာ နံနက်ပိုင်းနေအေးချိန် နှင့် ညနေခင်းနေပူရှိန်ကျချိန်တို့မှာ ပွင့်ပြီး အသက်ရှူပါတယ်။ နေ့ခင်းနေပူချိန်ဆိုရင်တော့ လေရှူပေါက် လေးတွေက ပြန်ပိတ်သွားပါတယ်။ ဆေးဖျန်းရင်ဖျန်းတဲ့ ဆေးအမှုန်ကလေးတွေကို အဲဒီအပေါက်လေး တွေကနေ စုပ်ယူသွားပါတယ်။ အရွက်အပေါ်မျက်နှာပြင်ကို ဖျန်းရင်တော့ စုပ်ယူဖို့ခက်ပြီး မထိရောက် ပါဘူး။ ထို့ကြောင့်ရွက်ဖျန်းအားဆေးဖျန်းမယ်ဆိုရင် မနက်စောစောနဲ့ ညနေခင်း နေအေးချိန်များမှာ ဖျန်းပေးရပါမယ်။
🔘 နောက်တစ်ချက်ကတော့ ဓာတ်မြေသြဇာအရည်ပဲဖျန်းဖျန်း၊ အပင်အားတိုးဆေးရည်ပဲဖျန်းဖျန်း မိုးတအားရွာနေတဲ့ အချိန်မှာ မဖျန်းသင့်ပါဘူး။ မိုးရေနဲ့ပါသွားပြီးအချည်းနှီးဖြစ်စေမှာပါ။ ထို့ပြင် ရွက်ဖျန်းအားဆေးအာနိသင်ကြာရှည်ခံနိုင်စေရန် “ဟီးရိုး၊ နတ်ဆေး” တို့ကဲ့သို့ ပြန့်ဆေး၊ကပ်ဆေး တစ်မျိုးမျိုးနှင့် ရောစပ်ပက်ဖျန်းသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Sources : Saya U Aung San.