menu

ရွက်ဖျန်းအားဆေးများ ပက်ဖျန်းလျှင် သတိပြုစေချင်


 🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿 

▪️သီးနှံပင်များရှင်သန်ကြီးထွားရန်အာဟာရဓာတ်(၁၆)မျိုးလိုအပ်ပါသည်။ ၎င်းဓာတ်များမှာ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ မဂ္ဂနီးစ်၊ ကယ်လ်စီယံ၊ ဆာလ်ဖာ၊ သံ၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ သွပ်၊ ဘိုရွန်၊ မောလ်ဒီနန်၊ ကလိုရင်းဓာတ်တို့ဖြစ် ပါသည်။ ထိုဓာတ်များထဲမှ နိုက်ထရိုဂျင်၊ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်တို့ကိုအများအားဖြင့် ဓာတ်မြေဩဇာ မှရရှိပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်ဓာတ်များကိုလေမှရရှိပါသည်။ ကျန်ဓာတ်များကိုတော့မြေဆီလွှာအတွင်းမှရရှိကြပါသည်။ တစ်ချို့မြေဆီလွှာအတွင်း၎င်းဓာတ်များချို့တဲ့ နေလျှင်သီးသန့်ထည့်ပေးရတာလည်းရှိပါသည်။ 

▪️သီးနှံပင်များအတွက်လိုအပ်သည့်ဓာတ်များကို မြေဆီလွှာအတွင်းထည့်ပေးလိုက်ပါက မြေဆီလွှာ အတွင်း မှာရှိသည့်ရေ(သို့မဟုတ်)အစိုဓာတ်နှင့်ပျော်ဝင်ပြီး ၎င်းဓာတ်များကိုအမြစ်များကစုပ်ယူကာ အပင်ကြီးထွား ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းရေးအတွက်အသုံးချပါသည်။တစ်ခါတစ်ရံတွင် တစ်ချို့ဓာတ်များသည်မြေဆီလွှာထဲကိုထည့်ပြီး အမြစ်ကစုပ်ယူစေသည့်နည်းစနစ်ထက်အပင် အရွက် ပေါ်ကိုအရည်အဖြစ်နှင့်ဖျန်းပေးတာက အပင်ကပိုပြီးမြန်မြန်ဆန်ဆန်စုပ်ယူစားနိုင်ကြပြီးပို၍ထိရောက် တာကိုတွေ့ရပါသည်။ သို့သော်အပင်ပေါ်မှဖျန်းခြင်းသည်စနစ်မကျလျှင်ငွေကုန်လူပန်းဖြစ်သွားတတ် သည်ကိုဂရုပြုကြစေလိုပါသည်။

▪️ဆေးဖျန်းပုံးကိုအသုံးပြု၍ ဓာတ်မြေဩဇာအရည် ၊ အပင်အားတိုးဆေးအရည်များဖျန်းလျှင်လေတိုက်ရာ ဘက်ကိုမျက်နှာမူပြီးမဖျန်းရပါ။ ဆေးဖျန်းနေစဉ်ဦးခေါင်းကအစတစ်ကိုယ်လုံး လုံခြုံအောင်ဝတ်ဆင်ထား ရပါမည်။မျက်မှန်၊ နှာခေါင်းစည်းတပ်ပြီး၊ လက်အိပ်စွပ်ထားရပါမည်။ ထို့ပြင်သီးနှံအပင်ပေါ်ကိုဆေးဖျန်း လျှင်ဆေးဖျန်းခေါင်းကိုနှိမ့်ပြီးအပင်အရွက်တွေထိအောင်ဆေးဖျန်းဖို့လိုပါသည်။

▪️အရေးအကြီးဆုံးအချက်မှာ ဓာတ်မြေဩဇာအရည် ၊ အပင်အားတိုးဆေးအရည်များဖျန်းတော့မည်ဆိုလျှင် ဆေးဖျန်းခေါင်းကိုအောက်နှိမ့်၊ ဆေးဖျန်းခေါင်းကိုအပင်အရွက်ထဲထိထိုးသွင်းပြီးဆေးဖျန်းခေါင်းကို ပက်လက်လှန်ပြီးအရွက်ရဲ့အောက်မျက်နှာပြင်အထိဆေးထိအောင်ဖျန်းဖို့ဖြစ်ပါသည်။ အရွက်များ၏ အောက်မျက်နှာပြင်တွင်စတိုမာတာအပေါက်ကလေးများရှိပါသည်။ ၎င်းအပေါက်လေးများသည်နံနက် နေအေးချိန်တွင်ပွင့်ပြီးအသက်လည်းရှုပါသည်။ ဆေးဖျန်းသည့်ဆေးအမှုန်လေးများကို၎င်းအပေါက်လေး များမှစုပ်ယူသွားပါသည်။ထို့ကြောင့်အပေါ်မျက်နှာပြင်ကိုသာဆေးထိပါကစုပ်ယူဖို့ခက်ပြီး မထိရောက် တော့ပါ။ ဆေးဖျန်းလျှင်မနက်စောစော နှင့် ညနေခင်းနေအေးချိန်မှာဖျန်းဖို့လည်းဂရုပြုရပါမည်။ နေ့ခင်း နေပူချိန်တွင် စတိုမာတာ အပေါက်လေးများသည်ပိတ်နေတတ်ပါသည်။

▪️နောက်တစ်ချက်မှာဓာတ်မြေဩဇာအရည် ၊ အပင်အားတိုးဆေးအရည်များဖျန်းလျှင် မိုးတစ်အားရွာနေ ချိန်တွင်မဖျန်းသင့်ပါ။ မိုးရေနှင့်ပါသွားပြီးအချည်းနှီးဖြစ်နိုင်ပါသည်။ ထို့ကြောင့်ရွက်ဖျန်းအားဆေးများ ပက်ဖျန်းအသုံးပြုလျှင်အပင်အရွက်များတွင်ဆေးကြာကြာကပ်၍ ဆေးအာနိသင်ပိုမိုထိရောက်စေရန် ပြန့်ဆေး၊ ကပ်ဆေးတစ်မျိုးမျိုးနှင့်ရောစပ်ပက်ဖျန်းသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။ 

အောင်ဆန်း(စိုက်ပျိုးရေး) 

♻️စစ်မှန် ပြည့်ဝ ဝိစာရ♻️