menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းလျှင် ဂရုပြုရမည့်အချက်များ”
🌿🍅🌿🍇🌿🥦🌿🍈🌿🌶🌿
⏭ရွက်ဖျန်းမြေသြဇာများကို သီးနှံမျိုးစုံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းကြောင့် မိမိတို့ သုံးစွဲသော ရွက်ဖျန်းမြေဩဇာများ အလေ့အလွင့်နည်းစေရန်နှင့် အပင်မှ အပြည့်အဝရရှိစေရန် အထူးဂရုပြုကြရန် လိုအပ်လာပြီဖြစ်ပါသည်။
⏭ထိုသို့ဂရုပြုရမည့်အချက်များမှာ.....
▪️ အပူချိန်၊ စိုထိုင်းဆ နှင့် ဖျန်းရမည့်အချိန်
▪️ မိုးရွာသွန်းမှု နှင့် အစိုဓါတ်
▪️ လောင်းရိပ်ကျခြင်း တို့ ဖြစ်ပါသည်။
(၁) အပူချိန်၊ စိုထိုင်းဆ နှင့် ဆေးဖျန်းရမည့်အချိန်
ရွက်ဖျန်းမြေဩဇာများပက်ဖျန်းရာတွင် မနက်ပိုင်းနှင့် နေအေးချိန်များတွင်အသုံးပြုပါက အရွက်၏ လေရှုပေါက်များမှတစ်ဆင့် အာဟာရများကောင်းစွာဝင်ရောက်နိုင်သောကြောင့် ရွက်ဖျန်းအားဆေး များ ပက်ဖျန်းရာတွင် နံနက် ၉း၀၀ နာရီ မတိုင်မီနှင့် ညနေ ၄း၀၀နာရီနောက်ပိုင်းတွင် ပက်ဖျန်းသင့်ပါသည်။ နေပြင်းချိန်တွင် အရွက်၏လေရှူပေါက်များ အလုပ်ကောင်းစွာမလုပ်သဖြင့်မဖျန်းသင့်ပါ။ အပူချိန် (၂၁) ဒီဂရီစင်တီဂရိတ်သည် အပင်မှရွက်ဖျန်းမြေဩဇာများ အကောင်းဆုံး စုပ်ယူနိုင်သော အပူချိန်ဖြစ်သဖြင့် ရာသီဥတု ပူပြင်းသောအခြေအနေများတွင် ဖျန်းခြင်းရှောင်သင့်ပါသည်။ ထို့အပြင် ရာသီဥတုခြောက်သွေ့ နေသောအချိန်များတွင် ဖျန်းခြင်းကိုလည်း ရှောင်ရပါမည်။
(၂) မိုးရွာသွန်းမှု နှင့် အစိုဓါတ်
ရွက်ဖျန်းအားဆေးဖျန်းပြီး (၂၄) နာရီအတွင်း မိုးမရွာမှသာ ထိရောက်မှုအကောင်းဆုံးဖြစ်နိုင်သည်။ ဖျန်းပြီး မကြာမီမိုးရွာက အာဟာရဓါတ်များ မိုးရေနှင့်အတူရောပါပြီး ဆုံးရှုံးစေနိုင်သောကြောင့်ဖြစ်သည်။ ရွက်ဖျန်းအားဆေးအသုံးပြုရာတွင် မြေဆီလွှာအစိုဓါတ်ကောင်းစွာရှိရန်လည်းလိုအပ်ပါသည်။ အစိုဓါတ် ကောင်းသောမြေတွင် ရွက်ဖျန်းအားဆေးအသုံးပြုခြင်းသည် ခြောက်သွေ့သောမြေတွင် အသုံးပြုခြင်း ထက် ပိုမိုထိရောက်မှုရှိပါသည်။
(၃) လောင်းရိပ်ကျခြင်း
သီးနှံစိုက်ခင်းများ၏လောင်းရိပ်ကျသောနေရာများတွင် ရွက်ဖျန်းအားဆေးအပေါ်တုံ့ပြန်မှုနည်းလေ့ ရှိပါသည်။ ဥပမာ ဖော့စဖိတ်ဓါတ်ကို လောင်းရိပ်မကျသောနေရာများတွင် အရွက်မှပိုမိုစုပ်ယူနိုင်ပါသည်။
⏭ထို့ကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ရွက်ဖျန်းမြေဩဇာများကို ပက်ဖျန်းအသုံးပြုရာတွင် အထက်ပါအချက်များကိုသိရှိပြီးဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်အကျိုးရှိနိုင်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။
Sources : စိုက်ပျိုးရေးရာအထွေထွေဗဟုသုတများ