menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“အောက်တိုဘာလမှစပြီး ပြည်ပသို့ဆန်တင်ပို့မှုအားကောင်းမည်” ဟုဆို
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
↗️ လာမည့် အောက်တိုဘာလမှစတင်ပြီး ပြည်ပဈေးကွက်ထံ မြန်မာ့ဆန်တင်ပို့မှု ပြန်လည်အား ကောင်းလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) မှ တာဝန်ရှိသူက ပြောသည်။
↗️ “တကယ်တင်ပို့မယ့်အချိန်ကတော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ဒီ (၆)လက ဆန်စပါးတင်ပို့မယ့် အားအကောင်းဆုံး အချိန်ကာလပဲဖြစ်ပါတယ်” ဟု (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
↗️ လက်ရှိ မိုးတွင်းကာလမှာ ဆန်ပြည်ပတင်ပို့မှုလျော့နည်းနေပြီး တစ်ဖက်မှာလည်း သင်္ဘောတင် ဖြစ်သလို သိုလှောင်မှုအပိုင်းမှာလည်း အစိုဓာတ်ဖြစ်ပေါ်မှုတွေရှိနေသည်။ ၂၀၂၃ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများမှာတော့ ဆန်၊ ဆန်ကွဲ တန်ချိန် ၃ သိန်းကျော်၊ ၄ သိန်း နီးပါး တင်ပို့ထားကြောင်းသိရ သည်။
↗️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်၊ ဆန်ကွဲ တန်ချိန် ၂.၅သန်း ရောင်းချနိုင်ဖို့ ရည်မှန်းထားပြီး အဲ့ဒီကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိဖို့ မျှော်လင့်ထားသည်။
↗️ အိန္ဒိယ၏ ကမ္ဘာ့ဈေးကွက်ထဲ ဆန်ရောင်းချမှုကန့်သတ်လိုက်ခြင်းကြောင့် ထိပ်တန်းဆန်တင်ပို့ သူတွေဖြစ်တဲ့ ထိုင်း နဲ့ ဗီယက်နမ် အပါအဝင် မြန်မာ့ဆန်ဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ စီးပွားကူးသန်းက ပြည်ပတင်ပို့မည့် ဆန် နှင့် ဆန်ထွက်ပစ္စည်းတွေကို ကြိုတင်စီစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှသာ ပို့ကုန်လိုင်စင်ခွင့်ပြုတဲ့စနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)