menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အိန္ဒိယက ပဲစင်းငုံတင်သွင်းမည့်ကာလ တိုးမြှင့်လိုက်သဖြင့် ပြည်တွင်း စျေးနှုန်းအနည်းငယ် ပြန်တက်လာ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
🔘အိန္ဒိယနိုင်ငံ အစိုးရက ကိုတာစနစ်ဖြင့် ပဲစင်းငုံတန်ချိန်လေးသိန်း တင်သွင်းရန်သတ်မှတ်ထားသည့် ကာလကို နှစ်ကုန်အထိထပ်မံတိုးမြှင့်လိုက်သဖြင့် ပြည်တွင်း ပဲစင်းငုံစျေးနှုန်းအနည်းငယ် ပြန်တက် လာကြောင်း မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းကသိရသည်။
🔘“ပဲစင်းငုံတစ်မျိုးတည်းကိုပဲ အိန္ဒိယနိုင်ငံက ဒီဇင်ဘာ ၃၁ ရက်အထိ တင်သွင်းဖို့ရက်ကိုထပ်မံတိုးမြှင့် လိုက်ပါတယ်။ အဲဒီအတွက် စျေးကွက်ထဲမှာတဖြည်းဖြည်းကျနေရာကနေ အခုဆိုရင်အနည်းငယ် ပြန်တက်လာနေပါပြီ”ဟု အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။ အိန္ဒိယနိုင်ငံက နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထားကာ အိန္ဒိယဆိပ်ကမ်းအရောက် တင်ပို့ရန် ကနဦးက သတ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် နှစ်ကုန်အထိ ရက်ထပ်မံတိုးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
🔘အဆိုပါ အပြောင်းအလဲကြောင့် ယခင်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၈,၀၀၀ သာရှိနေသည့် ပဲစင်းငုံစျေးမှာ အောက်တိုဘာ ၃၀ ရက်တွင် တစ်အိတ်လျှင် ကျပ် ၉၂,၀၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။ “အခုအခြေအနေရဆိုရင်တော့ စျေးက ဆက်တက်မယ့်အခြေအနေမှာရှိတယ်” ဟု ဦးမျိုးဆွေက ဆက်လက်ပြောသည်။အိန္ဒိယနိုင်ငံက တန်ချိန်လေးသိန်းခန့် ဝယ်ယူမည်ဖြစ်သော်လည်း ပြည်တွင်း၌ အဆိုပါပမာဏအထိ ပဲစင်းငုံအရေအတွက်မရှိကြောင်း၊ ထို့အတွက် တန်ချိန်အပြည့် တင်ပို့ နိုင်ခြင်းမရှိနိုင်သဖြင့် စျေးနှုန်းမှာ ဆက်လက်မြင့်တက်နိုင်သည့် အခြေအနေတွင်ရှိနေကြောင်းကုန်သည် များက သုံးသပ်ကြသည်။
🔘“ရန်ကုန်ဝယ်လက်တွေကတော့ မဝယ်သေးဘူး၊ ဒါပေမဲ့ သိုလှောင်သူတွေကစတင်ဝယ်ယူစဉ်ကရောက်ရှိ ခဲ့တဲ့ စျေးနှုန်းကို ဆွဲတင်ဖို့လုပ်နေကြတယ်။ ရောက်မဲ့အနေအထားလည်း ရှိတယ်။ ပဲစင်းငုံကို အခုက အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းက ဝယ်ယူတာလည်းမဟုတ်ဘူး။ အာဖရိကနိုင်ငံတွေကလည်းဝယ်ယူမှုရှိနေ တယ်။ အဲဒီအတွက်ကြောင့် စျေးနှုန်းက ဆက်တက်မဲ့အနေအထားမှာရှိတယ်”ဟုကုန်သည်ဦးစိုးနိုင်က ပြောသည်။၂၀၁၉ ခုနှစ်အတွင်းက ပဲစင်းငုံကိုအိန္ဒိယနိုင်ငံက ဝယ်ယူမှုလျှော့ချခြင်း၊ လုံးဝမဝယ်ယူတော့သည့်အခြေအနေများဖြင့် ကြုံတွေ့ခဲ့ရပြီး သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၅၀,၀၀၀ အထိ ကျဆင်းကာတောင်သူများ အရှုံးပေါ်ခဲ့ပြီး ယခုနှစ်တွင် အိန္ဒိယနိုင်ငံတွင်း လိုအပ်ချက်များကြောင့် သိသိသာသာ စျေးနှုန်းမြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
🔘မန္တလေးတိုင်းအတွင်း၌ ပဲစင်းငုံ စိုက်ဧက ငါးသိန်းခန့်၊ ပဲတီစိမ်း စိုက်ဧက နှစ်သိန်းကျော်၊ မတ်ပဲစိုက်ဧက ၅၀၀ ကျော်၊ အခြားပဲမျိုးစုံ၆,၀၀၀ ကျော်၊ ဆီထွက်သီးနှံစိုက်ဧက ၁၆ သိန်းကျော်ရှိကာမန္တလေးတိုင်း ဒေသကြီးတစ်ခုလုံးအတိုင်း အတာအနေဖြင့် စုစုပေါင်းစိုက်ဧက ငါးသန်းကျော်ရှိကြောင်းမန္တလေးတိုင်း စိုက်ပျိုးရေး ဦးစီးဌာနစာရင်းများအရ သိရသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများ ဂျာနယ်
အတွဲ(၂၈) အမှတ်(၄၁၉)၊ နိုဝင်ဘာ ( ၂ - ၈ ) ၂၀၂၀ ပြည့်နှစ်။